ညနေတွေ အစောကြီးရောက်လာတတ်တဲ့
ဒီဇင်ဘာမှာ
အုံ့ဆိုင်းလာတဲ့ တိမ် တွေရဲ့ ကြား
အလင်ဖျော့ဖျော့က မတိုးနိုင်ရှာ၊
ဖွဲဖွဲကျလာတဲ့ မိုးစက် တွေက
ကြွေကျထားတဲ့ အဝါရောင် သစ်ရွက် တွေကို ထိခတ်သံ
ရစ်သမ် မကျ တကျ၊
မိုးငွေ့ သမ်းတဲ့ မြောက်လေတစ်သုတ်က
ဆောင်းမရှိတဲ့ မြို့ပြရဲ့ အအေးဓါတ်ကို
သယ်ဆောင်လာလေရဲ့ ။
ခဏ ခဏ ထားခံခဲ့ရသူရဲ့
နှလုံးသားက ဆောင်းလေထက်
အေးစက် နေမြဲပေမယ့်
စွတ်စိုတဲ့ ဆောင်းက
မလွမ်းတတ်သူကို လွမ်းအောင်ဖန်လို့
ဘယ်တော့မှ ပေါ်မလာမယ့်သူကို
မျှော်မိတော့မလို။
အိပ်မက်တွေက
ဆောင်းရဲ့ မိုးပြေး တွေလို
ခဏတဖြုတ် ဖြတ်ပြေးတတ်တယ်၊
အချစ်ဆိုတာကလည်း
ဆောင်းမိုးစက်တွေလို မရွာချင် ရွာချင်နဲ့။
ဒီဇင်ဘာက ဒီဇင်ဘာပါပဲ
ဧည့်သည်တော် မိုးရေ..
ဒီ မြို့ပြထဲမှာတော့
ဒီဇင်ဘာက ဒီဇင်ဘာ မပီမသနဲ့
မအေးချမ်းနိုင်ရှာ။
သိင်္ဂါကျော်
17.12.2024
0 comments:
Post a Comment