Christmas မှာလည်း ဘာမှ အမှတ်တရ မတင်ဖြစ်ခဲ့တဲ့ အပြင် မနှစ်က ဒီဇင်ဘာ မှာ သွားခဲ့တဲ့ ခရီးလေးကိုလည်း သတိရမိလို့ ဒီပို့စ်လေး တင်လိုက်တာပါ။
ကိုရီယား မှာ ၈ ရက် လောက် နေခဲ့ပေမယ့် ဘယ်ကိုမှ ကောင်းကောင်း မရောက်ခဲ့တဲ့ အပြင် ဘာရှုခင်း အလှအပမှလည်း ကောင်းကောင်း မတွေ့ခဲ့ရလို့ မေ့ထားချင်ခဲ့တဲ့ ခရီးပါ။ ရောက်ရောက်ချင်း မှာ နောက်တစ်နေ့ ဖတ်မယ့် စာတမ်းကို ဘာမှမပြင်ရပဲ တနင်္ဂနွေကျောင်းကို သွားတက်ခဲ့ရပါတယ်။ Chruch က နံရံကပ်ပုံလေးပါ။




Seoul Tower ကိုလည်း မတတ်ခဲ့ရ၊ နန်းတော်ထဲလည်း မရောက်ဖြစ်ခဲ့ပေမယ့် ကိုယ့်အဖွဲ့ထဲက Senior တွေနဲ့ အပေါင်းအသင်း တစ်ချို့က ဈေးဝယ်ဝါသနာ ပါသူတွေမို့ နန်ဒေမွန် ဈေးထဲလည်း နှစ်ခေါက်၊ Shoping Mall တွေလည်း ခဏခဏ ရောက်ပါတယ်။ ကိုယ့်ဝါသနာကတော့ နေရာသစ်တစ်ခု ရောက်ရင် Natural Scene မှန်သမျှကို ရောက်ချင်တာပါပဲ။ ဈေးမဝယ်ရလည်း ကိစ္စမရှိ။ ခုတော့ City Tour ကားကို နောက်ဆုံးနေ့ ညနေမှ စီးဖြစ်တော့ ကားပေါ်ကပဲ ရှုခင်းကြည့်ခဲ့ရပါတော့တယ်။City Tour ကားပေါ်က အဆင်းမှာ ဒီနေရာကိုတော့ ရောက်ခဲ့ပါတယ်။ Soul of Asia ပါတဲ့။ Christmas နားနီးလို့ မီးတွေ အကြီးအကျယ်ထွန်းထားကြတယ်။


ညဦးပိုင်း နှင်းမဖြစ်ခင် မိုးရွာတာကိုပဲ သိလိုက်ပြီး ညဘက်နှင်းကျတာကို မသိလိုက်ကြပါ။ မနက်ကျတော့ ခုလိုလေးပဲ သဲလွန်စကျန်တော့တယ်။

ရောက်ရကြိုး မနပ်ဘူးလို့ စဉ်းစားးနေတုန်းမှာပဲ ပြန်ခဲ့ရပါတယ်။


ညဦးပိုင်း နှင်းမဖြစ်ခင် မိုးရွာတာကိုပဲ သိလိုက်ပြီး ညဘက်နှင်းကျတာကို မသိလိုက်ကြပါ။ မနက်ကျတော့ ခုလိုလေးပဲ သဲလွန်စကျန်တော့တယ်။

ရောက်ရကြိုး မနပ်ဘူးလို့ စဉ်းစားးနေတုန်းမှာပဲ ပြန်ခဲ့ရပါတယ်။
1 comments:
အဲဒီခရီးလေးကတော့ တကယ့်ကိုအမှတ်တရပါပဲ..ဘယ်လိုပြောရမှန်းတောင်မသိဘူးနော်...:P
Post a Comment