24 December, 2012

ခရစ္စမတ်ချစ်သူ (၃)


နှင်းသည်းသည်းထဲ
ခရစ္စမတ် မီးရောင်တွေ
လင်းလက်လှပတဲ့ ညတွေလည်း
ကောင်မလေးနဲ့ မတွေ့ခင်က
ကိုယ့်စိတ်ထဲ အေးစက်မှောင်မဲလို့။

ခရစ္စမတ်ညရဲ့ တစ်သက်မမေ့စရာ
နှင်းဝတ်စုံ ဖြူလွှလွှနဲ့ ချစ်စရာ ယုန်မလေးဟာ
ကိုယ်ရဲ့ ထာဝရကောင်မလေး ဖြစ်လာလိမ့်မယ်လို့
ကြိုမသိခဲ့ရိုးအမှန်ပါ။

ကောင်မလေးနဲ့ ချစ်ခြင်းထပ်တူကျပြီးတဲ့နောက်
ညတွေ ဘယ်လောက် ဆိုးနေနေ
ကိုယ့်စိတ်ထဲ လှပနွေးထွေးလို့။

နှင်းတွေမကျပေမယ့်
ခရစ္စမတ်ကတော့ အေးမြမြဲ
မီးရောင်စုံတွေ မခမ်းနားပေမယ့်
ခရစ္စမတ်ကတော့ လှပမြဲ။

ကောင်မလေးရေ
မင်းသာ ငါ့အနားမှာ ရှိနေပေးပါ
ခရစ္စမတ်တိုင်းလည်း လှနေမယ်။
နေ့တွေ ညတွေတိုင်းလည်း
လှနေမှာ အသေအချာ။

 (သိင်္ဂါကျော်)

ခရစ္စမတ်ချစ်သူ
ခရစ္စမတ်ချစ်သူ (၂)

9 comments:

ခရစ္စတလ် said...

သများတို့ကတော့ ကံမွဲတယ်လေ မဂျက်ပြောသလို၊ ခရစ္စမတ်နေ့လေးမှာ ရှစ်တူက ဟိုးအဝေးကြီးမှာ ... :)

Anonymous said...

ကဗျာလေးဖတ်ရင်း အလည်ရောက်ခဲ့ပါတယ် အစ်မရေ

မောင်ဘကြိုင်

Anonymous said...

အလည်ရောက်ရင်း ကဗျာဖတ်ခဲ့တာပါး)

စံပယ်ချို said...

ဖတ်ပြီး ဆိုင်တာမဆိုင်တာအပထားပေါ့နော်
လွင်ပြင်တယောက်ဂျက်ရဲ့ဘေးမှာ အမြဲရှိနေရင်
ခရစ်စမတ်တိုင်းလှပနေတယ်လို့ခံစားလိုက်ရတယ်
ပျော်ရွှင်ချမ်မြေ့တဲ့ နှစ်ကူးလေးဖြစ်ပါစေလို့

မိုးနတ်ကြယ်စင် said...

ကဗျာလေးကို ကြည်နူးစွာနဲ့ ခံစားသွားပါတယ်နော်..
ရေးဖွဲ့ပုံလေး ရိုးရှင်းပေမဲ့ ဖတ်ရတာ ရင်ထဲကြည်နူး
လိုက်တာ..ဆက်လက်ထုဆစ်နိုင်ပါစေနော်...
ချစ်တဲ့...မိုးနတ်

ချစ်စံအိမ် said...

မင်းသာ ငါ့အနားမှာ ရှိနေပေးပါ
ခရစ္စမတ်တိုင်းလည်း လှနေမယ်။
နေ့တွေ ညတွေတိုင်းလည်း
လှနေမှာ အသေအချာ။

သူကြီးမင်း (တုံးဖလား) said...

ဒီနှစ် ဒီက ခရစ်စမတ်ကတော့ ပျင်းစရာကြီး။ မိုးများတယ်။ ရေးကြီးတယ်။ မနှစ်ကဆို နှင်းတွေ ဖြူဖြူဥဥနဲ့ ပျော်ဖို့ ကောင်းတယ်။
ဒါပေမဲ့လဲ အဖော်ရှိနေတဲ့သူကတော့ ခရစ်စမတ်လဲ ဘာအရေးလဲနော်။ နေ့တိုင်း ပျော်ရွှင်ကြည်နူးနေကြမှာ သေချာတယ်။

အလွမ်းမြို့ said...

ကဗျာလေး အားပေးရင်း
အလည်ရောက်ခဲ့တယ်နော်။
ကျန်းမာပျော်ရွှင်ပါစေ။
၂၀၁၃ကို ပျော်ရွှင်စွာ အတူကြိုဆိုကြစို့



ခင်တဲ့
အလွမ်း

ပန်းချီ said...

ခရစ်စမတ်က ကိုယ်နဲ့သိပ်မဆိုင်ပေမယ့် အဲဒီပွဲတော်ရောက်ရင် အလိုလိုပျော်ပါတယ်။ သူ့ကြောင့်ပေါ့းD အစ်မကဗျာဆီကပေးတဲ့ ကြည်နူးမှုတွေ ကူးစက်သွားလို့ လက်ပံသားဓါးနဲ့ချိုင်သွားပါတယ်း)