လွန်ခဲ့တဲ့ ဆယ်နှစ်လောက်… ကျွန်တော် ကောလိပ်တက်နေတုန်းကပါ။ သဘာဝသမိုင်းပြတိုက်မှာ လက်တွေ့ဆင်းနေရတဲ့အချိန်ပေါ့။ တစ်နေ့မှာ လက်ဆောင်အရောင်းဆိုင်ရဲ့ ငွေသိမ်းကောင်တာမှာ လုပ်နေတုန်း အသက်ကြီးကြီး စုံတွဲတစ်စုံဟာ wheelchair ပေါ်က ကလေးမလေး တစ်ယောက်နဲ့ အတူ ဝင်လာတာကို တွေ့ခဲ့ပါတယ်။
ကုလားထိုင်ပေါ်က ကလေးမလေးကို အနီးကပ်တွေ့ရတော့မှ သူမမှာ လက်တွေ ခြေတွေ လုံးဝမရှိပဲ ခေါင်းနဲ့ ကိုယ်လုံးပဲ ရှိတာကို တွေ့ရပါတယ်။ သူမကို အဖြူပေါ်မှာ အနီစက်ကလေးတွေ ပါတဲ့ ဂါဝန်လေး ဝတ်ပေးထားပါတယ်။
အဲဒီစုံတွဲက သူမကို တွန်းပြီး ငွေရှင်းဖို့လာတော့ ကျွန်တော်လည်း ငုံကြည့်နေခဲ့ပါတယ်။ ကျွန်တော့်ခေါင်းကို သူမ ဘက်လှည့်ပြီး သူမကို မျက်စိမှိတ်ပြလိုက်မိပါတယ်။ သူမရဲ့ အဘိုးအဘွားတွေကို ငွေရှင်းပြီးလို့ သူမဘက်ကို ပြန်ကြည့်လိုက်တဲ့အခါမှာ သူမက ကျွန်တော်တွေ့ဖူးသမျှထဲမှာ အလှပဆုံး အကြီးမားဆုံး အပြုံးတစ်ခု ပြုံးပြနေတာကို တွေ့လိုက်ရပါတယ်။ သူမရဲ့ ချို့ယွင်းမှုတွေ ပျောက်ဆုံးသွားပြီး အလှပဆုံး မိန်းကလေးကို မြင်လိုက်ရတာပါပဲ။ သူမရဲ့ အပြုံးက ကျွန်တော့်ကို အရည်ပျော်စေပြီး ဘဝတစ်လျှောက်လုံး တစ်ခါမှ မခံစားဖူးတဲ့ ခံစားမှုမျိုးကို ခံစားလိုက်ရသလိုပါပဲ။ သူမက ကျွန်တော့်ကို ပင်ပန်းဆင်းရဲပြီး မပျော်ရွှင်စရာ ကောလိပ်ကျောင်းသားဘဝကနေ ဆွဲထုတ်ပြီး အပြုံးတွေ.. အချစ်တွေ.. နွေးထွေးမှုတွေနဲ့ ကမ္ဘာတစ်ခုထဲကို ခေါ်သွားခဲ့တာပါ။
အဲဒါက ဆယ်နှစ်ကြာခဲ့ပါပြီ။ ကျွန်တော်ဟာ အခုဆိုရင် အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်နေပါပြီ။ ကျွန်တော် ကျရှုံးတဲ့ အချိန်တိုင်း… ဒုက္ခပင်လယ်ဝေခဲ့တဲ့ အချိန်တိုင်းမှာ ကလေးမလေးအကြောင်းကို တွေးခဲ့ပါတယ်။ ဘဝနဲ့ပတ်သက်ပြီး မမေ့နိုင်စရာ သင်ခန်းစာကို သူမ ကျွန်တော့်ကို သင်ပေးခဲ့တာပါ။
A World of Smile ကို ပြန်ဆိုပါသည်။
သိင်္ဂါကျော်