13 January, 2010

ရာသီတိုင်း အတွက် ဆရာ




ဆရာ၊ဆရာမ ဆိုတာ
နွေဦးရာသီလိုပဲ
ဖူးသစ်ရွက်နုတွေ ဝေအောင် ပြုစုပျိုးထောင်ပေးသူ၊
သူတို့ မှာ သံသယတွေ များနေတဲ့ အချိန်ပဲဖြစ်နေစေ
သူတို့ကို ကြိုးစားဖို့ တွန်းအားပေးရင်း ဦးဆောင်သူ။

ဆရာ၊ဆရာမ ဆိုတာ
နွေရာသီလိုပဲ
နေခြည်ဖြာတဲ့ စိတ်ရင်းမျိုးနဲ့
သင်ကြားမှုကို
မကျေမနပ် ငြီးငွေ့စရာမဖြစ်စေပဲ
ပျော်စရာဖြစ်အောင် လုပ်ဆောင်တတ်သူ။

ဆရာ၊ဆရာမ ဆိုတာ
မိုးရာသီလိုပဲ
လတ်ဆတ် ရှင်းလင်းတဲ့ နည်းတွေနဲ့
တောက်ပတဲ့ သင်ခန်းစာတွေသင်ကြားရင်း
ပျော်ရွှင်စရာ ပတ်ဝန်းကျင်ဖြစ်အောင်
ဖန်တီးပေးတတ်သူ။

ဆရာ၊ဆရာမ ဆိုတာ
ဆောင်းရာသီလိုပဲ
အပြင်မှာ နှင်းတွေသည်းထန်စွာကျနေပါစေ
ကျောင်းသူ၊ကျောင်းသားတွေကိုတော့
သက်တောင့်သက်သာ နွေးထွေးအောင်
ကူညီ ညွှန်ပြ ပေးတတ်သူ။

ဆရာ၊ဆရာမ တို့ဟာ
ဒါတွေ အားလုံးကို နှစ်လိုဖွယ်စိတ်နဲ့လုပ်ဆောင်ခဲ့ရဲ့၊
ရာသီအားလုံးအတွက်ပဲပေါ့၊
ဆရာ၊ဆရာမတို့အပေါ်
ကျွန်တော့်တို့ဆပ်မကုန်နိုင်တဲ့ ကျေးဇူးတွေ တင်ရှိခဲ့ပေါ့။

Joanna Fuchs ၏ A Teacher for All Seasons ကို သင့်လျော်သလို ပြန်ဆိုပါသည်။
ပုံကို http://www.eurolinkcourses.co.uk/advcert.shtml မှ ယူထားပါတယ်။

သိင်္ဂါကျော်

10 comments:

မြတ်မွန် said...

ဟုတ်ပါတယ် ဆရာတွေရဲ့ ကျေးဇူးကြောင့် အသိပညာ ဗဟုတတွေ ကြွယ်ခဲ့ရတာပါ။

Nge Naing said...

နိုင်ငံခြားသားတွေတောင် ဆရာဆရာမတွေရဲ့ ကျေးဇူးကို ဒီလို ရေးဖွဲ့ရင် မြန်မာတွေအတွက်ဆို ဆရာဆရာမတွေဟာ အန္တဂီုဏ်းဝင်လည်းဖြစ်တော့ ဆိုဖွယ်ရာ မရှိပါဘူး။ ကဗျာလေး သိပ်ကောင်းပါတယ်။

Anonymous said...

ဆရာသမားတွေရဲ့ ဂုဏ်ကျေးဇူးကတော့ ကြီးပါ့ဗျို့ . . . . ကဗျာကောင်းလေး ရွတ်သွားတယ်ဗျာ ကောင်းလိုက်တာ

ကြည်ဖြူပိုင် said...

မှန်လိုက်တဲ့ကဗျာလေးပါပဲ
စာအသစ်လာလာမျှော်တာ
မျှော်ရကျိုးနပ်ခဲ့ပြီ :D

ဒဏ္ဍာရီ said...

သူငယ်ချင်းရေ.... တို့တွေ ငယ်ငယ်တုန်းက ပီတိကိုစား အားရှိဆိုတဲ့ မြန်မာပြည်က ဆရာတွေကိုလည်း တို့တွေ တသက်လုံး ကျေးဇူးတင်နေမှာပါ။ အခုခေတ်မှာလည်း အဲဒီလို ဆရာ ဆရာမတွေ တို့တိုင်းပြည်လေးမှာ အများကြီး လိုအပ်နေသေးတယ်..။

ခင်မင်လေးစားလျှက်

ဝက်ဝံလေး said...

လာဖတ်သွားပါတယ် မ ရေ
ကျေးဇူးးးနော် မေးလ် ပြန်ထားသေးတယ် သိလား

ရွှေရတုမှတ်တမ်း said...

လှို့ဝှက်သဲဖိုယုံတင်မကဘူး..ကဗျာရေးလဲကောင်းသဗျား

Flower said...

ကဗျာလေးကို လာဖတ်ရင်း ဆရာဆရာမကျေးဇူးကို ပြန်ဆင်ခြင်မိသွားပါတယ်.. ကျေးဇူး

~ဏီလင်းညို~ said...

မသိင်္ဂါကျော်ရေ...
ဥတုသုံးမျိုးနဲ့ ဆရာ၊ ဆရာမတွေရဲ့ ကျေးဇူးကိုဖော်ကျူးရေးထားတဲ့ ကဗျာလေးကို ဖတ်သွားတယ်ဗျာ...။
(ဘာမုန့်မှ ၀ယ်မလာခဲ့ဘူးလားဗျ.....:D...)
ခင်မင်တဲ့
ဏီလင်းညို

Anonymous said...

ကဗျာလေး ခံစားသွားတယ်

shwezinu
http://www.shwezinu.blogspot.com/