24 January, 2010

ရွှေစာရံသို့ တစ်ခေါက်



စာမရေးလို့ ဝိုင်းပြောနေကြပေမယ့် စိတ်မပါဘူးဖြစ်နေလို့ Farm ဆော့ပြီး ရုပ်ရှင်ပဲ ကြည့်နေဖြစ်လို့ တောင်းပန်ပါတယ်..။ စာအသစ် မရေးဖြစ်သေးခင် ပုံလေးတွေပဲ တင်ပါရစေဦးနော်...။

စောမွန်လှ မင်းသမီးလေး တည်ထားခဲ့တဲ့၊ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ဒုဌဝတီ မြစ်ကမ်းနံဘေးမှာ တည်ရှိတဲ့ ရွှေစာရံဘုရား ကို မန္တလေး-ပြင်ဦးလွင် ကားလမ်းမကြီး မှ အထဲသို့ မြင်းလှည်းစီးပြီး သွားခဲ့ပါတယ်။



အဝင်ဝ မုခ်ဦးမှာ ရှိတဲ့ ကြည်ညိုဖွယ်ရာ ရုပ်ပွားတော်မြတ်ပါ။



ရုပ်ပွားမြတ် နံဘေးမှာတော့ လူအများက ပွဲများ ဆက်နေကြတဲ့ ရုပ်ထုတွေ ရှိပါတယ်။



အစ်မတော် စောမွန်လှ နတ်နန်းပါ။ အတွင်းမှာတော့ လူတွေ စည်ကားနေပါတယ်။ ကိုယ်တို့ကတော့ ပွဲလည်း မဆက်၊ ဝင်လည်း မကန်တော့ပဲ ဓါတ်ပုံလေးပဲ ဝင်ရိုက်ပြီး ပြန်ထွက်ခဲ့ပါတယ်။








ရက်ကန်းစင်တောင်ဆရာတော်၊ အဘဘိုးဘိုးအောင် နဲ့ အဘ ဘိုးမင်းခေါင် တို့ရဲ့ ရုပ်ထုတော်တွေပါ။



ဘုရားစောင်းတန်းက လက်ဆောင်ပစ္စည်း ဆိုင်ကလေးတွေပါ။

 
ရေခမ်း နေတဲ့ ဒုဌဝတီမြစ်ရိုးတစ်လျှောက်ကိုလည်း ဆင်းကြည့်ခဲ့ကြပါသေးတယ်။ ဒီအတိုင်း လူတွေ ဆိုင်ကယ်တွေ ဖြတ်ကူးလို့ ရလောက်တဲ့ မြစ်ရေ တိမ်တိမ်လေးထဲမှာပဲ ရေချိုး အဝတ်လျှော်ကြသူများကတော့ ရှိနေဆဲပါ။





မြစ်ဘေးက ပြန်တက်လာကြပြီးတော့ အနီးက ရှေးဟောင်းဘုရားများကို ဖူးမြော်လေ့လာခဲ့ပါတယ်။



အတွင်းထဲဝင်ပြီး ဖူးမြှော်လို့ရတဲ့ စေတီတော် အတွင်းမှာ တည်ထားတဲ့ လျောင်းတော်မူ ရုပ်ပွားတော်မြတ်ပါ။



ဖိုးကုလားဘုရား လို့ ဆိုင်းဘုတ်တပ်ထားတဲ့ စေတီတော်ကတော့ အတွင်းမှာ ရှေးဟောင်း နံရံဆေးရေး လက်ရာများ ရှိလို့လားမသိ၊ သော့ပိတ်ထားပြီး ဝင်ရောက်လို့ မရတာကြောင့် အတွင်းထဲက ရုပ်ပွားတော်ကို သံတိုင်ကြားကပဲ ဖူးမြှော်ပြီး ဓါတ်ပုံ ရိုက်ခဲ့ရပါတယ်။

 




နည်းနည်းလောက် ဆက်သွားတော့ ဖိုးပေါ်ဘုရား ဆိုတဲ့ ရှေးဟောင်းစေတီ တစ်ဆူကိုလည်း တွေ့ရပါတယ်။ 



ဒုဌဝတီမြစ်ကမ်းက ရေခမ်းနေလို့ မျှော်မှန်းထားသလောက် မသာယာပေမယ့်လည်း ရှေးလက်ရာ သမိုင်းဝင် စေတီတော်တွေ ကို ဖူးမြှော်ရလို့ ကျေနပ်နှစ်သိမ့်စွာနဲ့ ပြန်လာခဲ့ကြပါတယ်။

သိင်္ဂါကျော်
24.1.2010

13 comments:

မြတ်မွန် said...

အားရပါးရ ကြည့်သွားပါတယ်။
ရိုက်ထားတာလေးတွေ လှတယ်..မမကျော်ရေ..
ခင်မင်လေးစားစွာဖြင့်။

ဝက်ဝံလေး said...

မမလူဇိုးးး ဟွင့်
စာရေးပါ စာရေးပါ မျှော်နေတယ် လည်ပင်းလဲ သစ်ကုလား အုပ် လည်ပင်းဖြစ်တော့မယ် မမ ဇာတ်လမ်းလေးတွေ စိတ်ဝင်စားလို့

ဓာတ်ပုံတွေလဲ ကြည့်သွားပါကြောင်းးးးးးးးးးးး

ရွှေရတုမှတ်တမ်း said...

ဘကျောက်တို့ မော်တော် boat တွေစီးခဲ့ရတာမြစ်ဟာ..
မယုံနိုင်စရာပါလား

လင်းကြယ်ဖြူ said...

ဓါတ်ပုံတွေက တော်တော် လှတယ်နော..
မရောက်ဖူးတဲ့နေရာကို ရောက်သွားရသလိုပဲမို့
ကျေးဇူးပါ
ပျော်ပါစေ
*.*.*

Anonymous said...

မသိင်္ဂါရေ ဘုရားတွေ လေ့လာရတာနဲ့တင် တော်တော်တန်ဖိုးရှိတဲ့ ပို့စ်လေး တစ်ပုဒ်အဖြစ် ကျေးဇူးတင်မိတယ်ဗျာ ပျောက်နေတယ်ဗျ ဘယ်တွေရောက်နေလဲ မသိင်္ဂါရေ . . . .

မင်္ဂလာပါ .... said...

မမ ရေ.. သမိုင်းဝင်တဲ့ ရွှေစာရံဘုရားပွဲအကြောင်းကို ကြားဘူးပေမယ့် တစ်ခါမှမရောက်ဖြစ်ခဲ့ဘူးး)
ခုလို မျှဝေပြီး ဗဟုသုတလေးတွေဖော်ပြပေးတာ ကျေးဇူးတင်ပါတယ် ..မရောက်ဘူးပေမယ့် မြင်ဘူးတာပေါ့နော် ...
အသက်မကြီးသေးပါမောင်ရယ် ထန်းရွက်ပုတီးလေးဆွဲပြီး .. ရွှေစာရံကို အရောက်သွားပါ့မယ်....ဆိုတဲ့ သီချင်းလေးကိုတောင် သတိရသွားမိတယ်း) စကားမစပ် မမက မေမြို့သူလား
ခင်မင်စွာဖြင့်

Flower said...

သိင်္ဂါရေ..
ရွှေစာရံဘုရားကို ဖြတ်သွားဖြတ်လာဘဲရှိတယ်.. တစ်ခါမှကို ၀င်မဖူးခဲ့ရဘူး.. ခုလို ပုံလေးတွေ တင်ထားတော့ ကိုယ်တိုင်ရောက်လိုက်ရသလိုဘဲ.. တို့က ရှေးဟောင်းဘုရားတွေကိုစိတ်ဝင်စားတယ်.. မန်းလေးနေတုန်းက မြို့နဲ့လှမ်းတာကြောင့် မရောက်ဖြစ်ခဲ့ဘူး.. ခုလိုမြင်တွေ့ဖူးတွေ့ခွင့်ရတာ ကျေးဇူးပါနော်..

Snow said...

နင့်ကိုအားကျလာပြီ..
ငါတောင် အဲဒီနေရာတွေ မရောက်ဖူးဘူး..:D

နွေဆူးလင်္ကာ said...

ရွှေစာရံဆိုလို့ ဟိုတလောတုန်းက စက်လှေမှောက်ပြီး လူတွေ အများကြီး သေခဲ့ဖူးတာကို သတိရပြီး စိတ်မကောင်း ဖြစ်ရပါတယ်။

~ဏီလင်းညို~ said...

မသိင်္ဂါကျော်ရေ...
ပုံတွေကြည့်ပြီးသွားချင်လိုက်တာဗျာ...။
တစ်ခါမှမရောက်ဖူးသေးဘူးလေ...း(
ပုံတွေကြည့်ရလို့ ကျေးဇူး...စ်....
ခင်မင်တဲ့
ဏီလင်းညို

သူကြီးမင်း (တုံးဖလား) said...

အဲဒီနေရာတွေကို တကယ်ရောက်ဖူးချင်နေတာ။
အခုထိမရောက်ဖူးသေးဘူး။
မန္တလေးရောက်စဉ်တုန်းက ဆိုင်ကယ် ကယ်ရီသမားကို စွယ်တော် မြွေဘုရား ရွှေစာရံ လိုက်ပို့ပေးပါ။ ဘယ်လောက်ပေးရမလဲ ဆိုတော့ ရွှေစာရံထိတော့ မပို့ပေးနိုင်ဘူး၊ ကျန်တဲ့နှစ်နေရာဘဲ ရမယ်ဆိုလို့ မရောက်ခဲ့ရဘူး။ အခု ဓါတ်ပုံတွေမြင်လိုက်လို့ သွားချင်စိတ်တွေ ပြင်းထန်လာပြီ။
နောက် မြန်မာပြန်ရောက်ရင် အရောက်ကို သွားဦးမယ်။

ပျော်ရွှင်ပါစေ။

လင်းဒီပ said...

ဘုရားပုံတွေကို resolution ကောင်းကောင်းနဲ့ ဖူးရလို့ သာဓုပါဗျာ...။
ဒီ စောမွန်လှက ရာဇဝင်ထဲက နားတောင်းကျချောင်းတို့ ဘာတို့နဲ့ အတူတူပဲလား ။ ကျွန်တော်ရာဇဝင်တွေ ရောကုန်ပြီလား မသိဘူး ။

Unknown said...

Are you Mandalar Thu??I am interested as I am from Mdy too...Thanks for photos..couldn't believe to see " river"..Is it same river,we can have boat along river?It is getting dry..sad to see it.. keep in touch...Thanks again..