10 August, 2012

ရောက်ခဲ့သမျှ ရိုက်ခဲ့သမျှ ၆

နေ့လည် ၂ နာရီ ရထားနဲ့ Koln မြို့က လာလိုက်တာ Luxembourg ကို ညနေ ၅ နာရီ လောက် ရောက်ခဲ့ပါတယ်။ ညအိပ်မယ့် ဟိုတယ်မှာ ကျောပိုးအိတ်ကိုချ ကင်မရာ တစ်လုံးယူပြီး မြို့ထဲကို လမ်းလျှောက်ထွက်ခဲ့ပါတယ်။ ဒီမှာက ည ၉ နာရီ ၁၀ နာရီ လောက်မှ မှောင်တာ ဆိုတော့ မြို့ထဲ ပတ်ဖို့ အချိန် ရှိပါသေးတယ်။ ၉ နာရီ လောက်အထိ လျှောက်သွား ဓါတ်ပုံရိုက်ပြီး ညစာ စားပြီးမှ ဟိုတယ် ပြန်လာကြပါတယ်။ ဟိုတယ်ကလည်း ဘူတာရုံနဲ့ နီးနီးနားနားပါပဲ။ ဟိုတယ်ခန်းထဲမှာ wifi ရတာမို့ ဖုန်းလေးဖွင့် facebook လေး တစ်ချက်စစ်၊ တွေ့တာ အနည်းအပါး like လေး ဘာလေး လုပ်ပြီး မနက်ကျရင် ၆ နာရီ ၂၀ ရထားနဲ့ သွားမှာမို့ခပ်စောစောပဲ အိပ်လိုက်ကြပါတယ်။ 

 Luxembourg မြို့မှာ ရိုက်ခဲ့တဲ့ ပုံလေးတွေပါ။ ခုတလော စာမရေးဖြစ်သေးလို့ ပုံလေးတွေပဲ ဆက်တင် နေတာပါ.. :D




























သိင်္ဂါကျော်

08 August, 2012

ရောက်ခဲ့သမျှ ရိုက်ခဲ့သမျှ ၅ (Koln, Germany)

Koln (Cologne) မြို့ကို မနက် ၁၀ နာရီ ခွဲလောက်မှာ ရောက်ပြီးတော့ ထုံးစံအတိုင်း လမ်းလျှောက်ပြီး မြို့ကို ပတ်ကြပါတယ်။  ဒီမြို့မှာတော့ တိမ်ပြာပြာ စနေနေ့လေး ဖြစ်နေလို့ ဓါတ်ပုံရိုက်ရတာ သဘောကျခဲ့ပါတယ်။ ဘယ်လိုပဲ ဖြတ်ခနဲ ရိုက်ရိုက် တိမ်ပြာတဲ့ နေ့မှာတော့ ဓါတ်ပုံကောင်းကောင်း တစ်ချို့ ရတတ်တယ်လေ။
ဘယ်နေရာတွေ ရောက်ခဲ့တယ် ဆိုတာလေးတွေနဲ့ ဖွယ်ဖွယ်ရာရာ   ရေးသင့်ပေမယ့်လည်း   နေရာတွေ ပြန်ရှာဖို့ စိတ်မပါတော့တာမို့ ပုံလေးတွေသာ ဒီတိုင်းပဲ ကြည့်လိုက် ကြပါတော့နော်...။ 



































 သိင်္ဂါကျော်