10 August, 2012

ရောက်ခဲ့သမျှ ရိုက်ခဲ့သမျှ ၆

နေ့လည် ၂ နာရီ ရထားနဲ့ Koln မြို့က လာလိုက်တာ Luxembourg ကို ညနေ ၅ နာရီ လောက် ရောက်ခဲ့ပါတယ်။ ညအိပ်မယ့် ဟိုတယ်မှာ ကျောပိုးအိတ်ကိုချ ကင်မရာ တစ်လုံးယူပြီး မြို့ထဲကို လမ်းလျှောက်ထွက်ခဲ့ပါတယ်။ ဒီမှာက ည ၉ နာရီ ၁၀ နာရီ လောက်မှ မှောင်တာ ဆိုတော့ မြို့ထဲ ပတ်ဖို့ အချိန် ရှိပါသေးတယ်။ ၉ နာရီ လောက်အထိ လျှောက်သွား ဓါတ်ပုံရိုက်ပြီး ညစာ စားပြီးမှ ဟိုတယ် ပြန်လာကြပါတယ်။ ဟိုတယ်ကလည်း ဘူတာရုံနဲ့ နီးနီးနားနားပါပဲ။ ဟိုတယ်ခန်းထဲမှာ wifi ရတာမို့ ဖုန်းလေးဖွင့် facebook လေး တစ်ချက်စစ်၊ တွေ့တာ အနည်းအပါး like လေး ဘာလေး လုပ်ပြီး မနက်ကျရင် ၆ နာရီ ၂၀ ရထားနဲ့ သွားမှာမို့ခပ်စောစောပဲ အိပ်လိုက်ကြပါတယ်။ 

 Luxembourg မြို့မှာ ရိုက်ခဲ့တဲ့ ပုံလေးတွေပါ။ ခုတလော စာမရေးဖြစ်သေးလို့ ပုံလေးတွေပဲ ဆက်တင် နေတာပါ.. :D




























သိင်္ဂါကျော်

9 comments:

အလွမ်းမြို့ said...

စာမရေးအားသေးပေမဲ့ ပုံလေးတွေ လာငန်းသွားတယ်.

htawoo said...

ပုံလေးတွေ တော်တော်လှတယ် ကဗျာ ဆရာမရေ...
ဓာတ်ပုံပညာတွေ ယူသွားလိုက်ပါကြောင်း
့htaw oo
http://htawoo.blogspot.com

htawoo said...

ပုံလေးတွေ တော်တော်လှတယ် ကဗျာ ဆရာမရေ...
ဓာတ်ပုံပညာတွေ ယူသွားလိုက်ပါကြောင်း
့htaw oo
http://htawoo.blogspot.com

Angelhlaing(May everybody be happy and healthy! said...

ခရီးတွေ သွားနေတာ တစ်ကယ် အားကျတယ်မမရေ...:)))

စံပယ်ချို said...

အမြဲခရီးသွားလာရတာကိုလဲတကယ်အားကျမိတယ်
ပုံတွေအတွက်ဘာရေးရမလဲမသိတော့ပါဘူး
အားလုံးလှပြီး ကြည့်ပြီးရင်းလဲ
ကြည့်ချင်လျှက်ပါပဲကျော်ရ

Cameron said...

ရောက်ဖူးချင်လိုက်တာ...

ချစ်စံအိမ် said...

လက်ရာအရမ်းကောင်းတာပဲ..
အကုန်ကြိုက်တယ်..:)

mstint said...

ရိုက်ချက်လေးတွေနဲ့ ကျေနပ်လိုက်ပါတယ် ကျော်ရေ။ အဲ့ဒီလိုနေရာလေးတွေ အလည်ရောက်ဘို့ အခွင့်အရေးလေးတော့ မျှော်မိသားး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချော (အစိမ်းရောင်လင်ပြင်) said...

မြို့ကလေးက သစ်ပင်တွေ ရေမြောင်းတွေနဲ့ စိမ်းစိုပြီး လှပသာယာလိုက်တာ...
အဲဒီလိုမြို့ကလေးမှာ ဓာတ်ပုံတွေ ရိုက်ခွင့်ရတာ သိပ်ကံကောင်းတာဘဲ..
ဓာတ်ပုံတွေလည်း အတော်လှတယ် သိင်္ဂါရေ..