ရန်ကုန် လေဆိပ်ကနေ ၁း၃၀ လောက်မှာ စထွက်ခဲ့ပါတယ်။ ကိုယ်နဲ့ အတူ ကာကွယ်ရေးက တစ်ယောက်လည်း ပါပါတယ်။ အိန္ဒိယကို သွားမယ့် ကာကွယ်ရေးက အဖွဲ့တစ်ဖွဲ့နဲ့လည်း လေဆိပ်မှာ တွေ့ပါတယ်။ ဒါပေမယ့် သူတို့နဲ့ ကိုယ်တို့နဲ့ သွားရမယ့် ခရီးဆုံးမြို့ခြင်း မတူပါဘူး။ Kolkata ကို မြန်မာစံတော်ချိန် ၃း၁၅ လောက်မှာ ရောက်ပါတယ်။ အိန္ဒိယ စံတော်ချိန် ဆိုရင်တော့ ၂း၁၅ လောက်ပါ။ နှစ်ယောက်စလုံးက အိန္ဒိယကို ပထမဆုံး သွားမှာပါ။ Kolkata လေဆိပ်က Domestic Departure ကို ပြန်သွားပြီး အကြာကြီး စောင့်နေရပါသေးတယ်။ တစ်ခြားအဖွဲ့ကို လာကြိုတဲ့ သံရုံးဝန်ထမ်း တစ်ယောက်က check in တွေ ဘာတွေ လိုက်လုပ်ပေးလို့ တော်ပါသေးတယ်။ ၅း၃၀ လောက်မှာမှ New Delhi ကို ပြန်ထွက်ရပါတယ်။ လေယာဉ်တွေကလည်း မြန်မာနိုင်ငံက အဝေးပြေးကားတွေလိုပဲ ပြောထားတဲ့ အချိန်အတိုင်း မဟုတ်ပဲ အမြဲတမ်း နောက်ကျပြီးမှ ထွက်တော့ Delhi ကို ည ၈း ၀၀ လောက်မှ ရောက်ပါတယ်။ ဒီည ကိုယ်တို့ ဒီမှာ အိပ်ရမှာပါ။ အရင်သွားဖူးသူတွေကတော့ Kolkata လေဆိပ်ထဲက guest house မှာ တည်းကြတယ် ပြောလို့ Delhi လေဆိပ်မှာလည်း အဲလို ရှိမယ် ထင်ပေမယ့် မရှိပါဘူး။ တစ်ခြားအဖွဲ့လည်း မရှိ၊ ကိုယ်တို့ကလည်း သံရုံးကို ကြိုမပြောထားမိတော့ လာကြိုမယ့်သူလည်း မရှိပါဘူး။ နှစ်ယောက်သား ဘယ်သွားရမှန်း မသိဖြစ်နေပါတယ်။ နောက်ဆုံး သူက လေဆိပ်ဝန်ထမ်း တစ်ယောက်ကို မေးတော့ ဖုန်း ပေးဆက်တာနဲ့ စစ်သံမှူးကို ဖုန်းဆက်ပြီး အကူအညီတောင်းရတာပေါ့။ ပြောတဲ့ လိပ်စာအတိုင်း သံရုံးက ဒုအတွင်းဝန်ဆီ သွားခိုင်းလို့ တက္ကစီငှားပြီး သွားရပါတယ်။
သံရုံးရောက်သွားတော့ ဟိုက တာဝန်ရှိသူကလည်း ကိုယ်တို့ကို ဘယ်မှာ ထားရမလဲလို့ စိတ်တွေ ရှုပ်သွားတာပေါ့။ ဟိုတယ်မှာ သွားထားဖို့လည်း တစ်ညတည်းနဲ့ ရူပီး ၂၅၀၀ လောက် ကုန်မှာလို့ ပြောတော့... နောက်ဆုံး နေစရာမရှိရင်လည်း နေပါ့မယ်လို့ ပြောရတာပေါ့။ ယောက်ျားလေး နှစ်ယောက်ဆိုလည်း တော်သား။ ခုတော့ ကိုယ်က မိန်းကလေး ဖြစ်နေတော့ နေဖို့က ခက်နေတာပေါ့။ နောက်တော့ သံရုံးက ဒုအတွင်းဝန် အပျိုကြီး အန်တီ တစ်ယောက်ရဲ့ အခန်းကို ကိုယ်တို့ နှစ်ယောက်ကို ခေါ်သွားပါတယ်။ သူ့အိမ်မှာလည်း လောလောဆယ် နေနေကြ ညီမတစ်ယောက်၊ တူ တစ်ယောက်လည်း မရှိဘူး ဆိုတော့ ကိုယ်တို့ နေဖို့ အခန်းတစ်ခန်းစီ အဆင်ပြေသွားပါတယ်။ ကိုယ်တို့လည်း အားနာနာနဲ့ပဲ ဒုက္ခပေးခဲ့ရပါတယ်။ အစက အဲလို အစီအစဉ်လည်း မရှိတာမို့ ဘာလက်ဆောင်မှလည်း ပြင်ဆင်ထားတာ မရှိပါဘူး။ မနက်ကျတော့လည်း လေဆိပ်မသွားခင် အန်တီက စောစောစီးစီးထပြီး ဟင်းတွေ ဖွယ်ဖွယ်ရာရာ ချက်ကျွေးပါသေးတယ်။ ကိုယ်တို့လည်း အားတွေနာပြီး သူကလည်း ပါလာတဲ့ ပုစွန်ခြောက်၊ ကိုယ်လည်း ပါလာတဲ့ မုန့်ထုပ်ပဲ ပေးခဲ့ရပါတယ်။
၁၀း၃၀ လောက်မှာ သံရုံးက ကားလာကြိုပြီး လေဆိပ်ကို သွားကြပါတယ်။ Kolkata မှာတွေ့ခဲ့တဲ့ အဖွဲ့က အဲဒီမှာ ညအိပ်ပြီး မနက်လေယာဉ်နဲ့မှ ရောက်လာလို့ သူတို့ကို လာကြိုတဲ့ စစ်သံရုံးက နှစ်ယောက်ဆီမှာ ကိုယ်တို့ကို အပ်ထားပြီးမှ အဲဒီအန်တီက ရုံးပြန်သွားပါတယ်။ check in လုပ်ပြီး အကြာကြီး စောင့်နေပြီးမှ ၁း၃၀ လောက်မှာ လေယာဉ်ပေါ်တက်ရပါတယ်။ ရာသီဥတုမကောင်းလို့လား ဘာလား မသိဘူး၊ လေယာဉ်ပေါ်မှာ ၁ နာရီလောက် နေပြီးမှ လေယာဉ်က စထွက်ပါတယ်။ Chandigarh ကို ၃း၃၀ လောက်မှာ ရောက်ပါတယ်။ လေဆိပ်မှာ CDAC က ကားက လာကြိုနေပြီး Park View ဟိုတယ်ကို ပို့ပေးပါတယ်။ ဒီအသုတ်အတွက် နိုင်ငံတကာက သင်တန်းသား ၅၀ ကျော် တည်းနေတယ်လို့ ဟိုတယ် တာဝန်ခံက ပြောပါတယ်။
ည ၈ နာရီ dinner စားချိန်ကြတော့ အတူတက်ရမယ့် သင်တန်းသားထဲက Arfrican မိန်းကလေး သုံးယောက်က ကိုယ်တို့ စားပွဲကို လာထိုင်တာနဲ့ အရင်ဆုံးမိတ်ဆက်ကြပါတယ်။ တစ်ယောက်က ကိုယ်တက်ရမယ့် Course နဲ့တူတယ်။ ကိုယ့်အတူ လာတဲ့တစ်ယောက်ကတော့ ကိုယ်နဲ့ Course မတူပါဘူး။ ကိုယ်တို့က နှစ်ရက် နောက်ကျသွားတယ်လို့ ပြောတော့ သူတို့က စာ စမသင်သေးဘူး၊ intro ပဲ ရှိသေးတယ် ဆိုတော့ စိတ်အေးသွားရပါတယ်။
မနက်ကျတော့ Breakfast ကို ၈ နာရီလောက်မှာ စားပြီး ၉း၀၀ လောက်မှာ school ferry ထွက်ပါတယ်။ ဟိုတယ်မှာ internet မရပေမယ့် ကျောင်းမှာ ရလို့တော်ပါသေးတယ်။ ကိုယ်တို့တက်ရတဲ့ ကျောင်းက mohali က CDAC (Center for Development of Advanced Computing) ပါ။ ၁၉၈၉ က စပြီး တည်ထောင်ခဲ့လို့ ၂၀၀၉ မှာ နှစ်ပေါင်း ၂၀ ပြည့်ခဲ့ပါပြီ။ နေ့ခင်းစာကိုတော့ ကျောင်းမှာပဲ ဝယ်စားဖြစ်ပါတယ်။ ပထမနှစ်ရက်ကတော့ ဘာဂါ၊ နောက်နေ့တော့ ထမင်းနဲ့ဟင်း ဝယ်စားလိုက်တယ်။ ဟင်းကတော့ သတ်သတ်လွတ် ပဲဟင်းပဲ ရှိတာပါ။ အရသာကတော့ မဆိုးပါဘူး။ အိမ်ကပါလာတဲ့ ငါးခြောက်ကြော်လေး၊ ဆိတ်သားကြော်လေး ထည့်လာဖြစ်လို့ စားလို့ရသွားတာပါ။ နေ့လည်စာ စားချိန်က နေ့လည် ၁ နာရီကနေ ၁ နာရီခွဲ အထိပါ။ အဲဒီအချိန်အတွင်းဆို canteen မှာလည်း လူတွေ ကြိတ်ကြိတ်တိုးနေလို့ တစ်ခါတလေ သွားမစားတော့ပဲ ပေါင်မုန့်ပဲ စားနေလိုက်တာမျိုးလည်း ရှိပါတယ်။
Breakfast ကတော့ ပေါင်မုန့်နဲ့ ကြက်ဥ အမြဲတမ်းပါပြီး ပလာတာနဲ့ အာလူးချက်လို ဟာမျိုးလည်း ပါပါတယ်။ လက်ဖက်ရည်၊ ကော်ဖီလည်း ကြိုက်တာသောက်လို့ရပါတယ်။ Dinner မှာတော့ ထမင်းနဲ့ ကြက်သားက အမြဲတမ်းပါပြီး ကိုယ်သိပ်မကြိုက်လှတဲ့ နို့ခဲဟင်းလို အရံဟင်းတစ်ခု ပါပါတယ်။ ဟင်းခတ်အမွှေးအကြိုင်တွေ အများကြီးပါတဲ့ အိန္ဒိယစတိုင်လ်ကတော့ တစ်ခါတရံမှပါ။ ချာပါတီ ကြိုက်သူတွေအတွက်လည်း ချာပါတီ အမြဲပါပါတယ်။ အချိုပွဲအနေနဲ့တော့ ice cream အမြဲတမ်းပါတတ်ပါတယ်။ မနက်ဖြစ်ဖြစ်၊ ညနေဖြစ်ဖြစ် ဒိန်ချဉ်လည်း အမြဲလို ပါတတ်ပါတယ်။ ကိုယ့်အိမ်မှာ စားသလိုတော့ မကောင်းလှပေမယ့် ကိုယ့်လို ဟင်းချက်ပျင်းတဲ့သူ အတွက်တော့ အဆင်သင့် စားရတာကိုပဲ သဘောကျနေပါတယ်။ ကိုယ်တစ်ယောက်တည်း ချက်စားရမယ့် နေရာဆို ဘယ်တော့မှ ဖွယ်ဖွယ်ရာရာ မချက်ပဲ ဖြစ်သလိုပဲ ချက်စားနေကြမို့ပါ။
စနေနေ့မှာတော့ ဟိုနားဒီနား ဆိုပြီး အပြင်ထွက်ခဲ့ပါတယ်။ ကိုယ်တို့ ဟိုတယ်က sector 24 မှာ ရှိပါတယ်။ sector 17 မှာ City Center လို့မြေပုံထဲမှာ တွေ့တာနဲ့ ဘတ်စ် စောင့်စီးပြီး သွားတာပေါ့။ စိတ်ထဲမှာ shoping mall ကြီး တစ်ခုခုများ တွေ့မလားလို့ ထင်ထားပေမယ့် မဟုတ်ပါဘူး။ ကိုယ်တို့ နယ်မြို့တွေမှာလိုပဲ ဆိုင်ခန်းတွေ စုနေတဲ့ နေရာပါ။ အဓိက electronics ပစ္စည်းတွေ၊ Handset ရောင်းတဲ့ ဆိုင်တွေ များပါတယ်။ Handset အသစ်ဝယ်စရာလည်း ပိုက်ဆံမရှိတော့ ဘာမှတော့ မဝယ်ဖြစ်ခဲ့ပါဘူး။ memory stick တစ်ခု ပျက်သွားတော့ ကျန်တဲ့ 512လေး တစ်ခုနဲ့ပဲ လုပ်နေပြီး အသစ်မဝယ်ဖြစ်သေးတာနဲ့ ခုတော့ ကျောင်းက စက်နဲ့ အခန်းထဲက စက်နဲ့ အကူးအသန်း လုပ်ဖို့ မရှိရင် မဖြစ်ဘူး ဆိုပြီး 4G တစ်ခုတော့ ဝယ်ခဲ့ရပါတယ်။ ဈေးကတော့ ပေါလည်းမပေါ၊ ကြီးလည်း မကြီး မြန်မာနိုင်ငံလောက်ပါပဲ။
Sector 17 မှာ ကြည့်စရာကုန်သွားတော့ ဟိုတယ်လည်း မပြန်ချင်သေးတာနဲ့ Sector 22 ကို တုတ်တုတ်လို့ ခေါ်ကြတဲ့ သုံးဘီးငှားသွားတော့ Shastri Market ကိုရောက်သွားပါတယ်။
ဗိုလ်ချုပ်ဈေးတို့ မင်္ဂလာဈေးတို့လိုပဲ ပိတ်ရက်မို့ လူတွေ ကြိတ်ကြိတ်တိုး စည်ကားနေပါတယ်။
အင်္ကျီတွေ ဆာရီတွေ၊ ဖိနပ်တွေ အိတ်တွေ၊ အဓိကရောင်းတဲ့ ဈေးကြီးပါ။ အဲဒါတွေကတော့ လောလောဆယ် ဝယ်ဖို့ စိတ်ကူးမရှိသေးလို့ window shopping ပဲလုပ်ခဲ့ပါတယ်။ ပြန်ကာနီးမှပဲ သူငယ်ချင်းတွေမှာတဲ့ ဆာရီစတွေ ဘာတွေ ဒီကိုပဲ လာရှာရမယ် ထင်ပါတယ်။
တစ်ဘက်ခြမ်းကို လျှောက်သွားတော့မှ စားစရာရောင်းတဲ့ ဆိုင်လေး ဘာလေး တွေ့ပါတယ်။ အအေးတစ်ခွက်စီ သောက်ပြီး ကုန်စုံဆိုင်တစ်ဆိုင်မှာ ဆန်နည်းနည်း ဝယ်ခဲ့ပါတယ်။ ကျောင်းပိတ်ရက်မှာ ဟိုတယ်ကလည်း ဝယ်မစားနိုင်တော့ နေ့ခင်းစာကို ကိုယ့်ဟာကိုယ် ခိုးချက်စားဖို့ပါ။ အခြောက်အခြမ်းတွေကတော့ အိမ်က ပါလာတယ်လေ။ ဒီနေ့ကတော့ ဝယ်စရာရယ်လို့ မည်မည်ရရ မရှိပဲ ပျင်းလို့ ဟိုဟိုဒီဒီ လျှောက်ပတ်တာ သက်သက်ပါ။ ပြန်ရောက်တော့ HBO နဲ့ Star Movies မှာလည်း ကြည့်ချင်စရာ မရှိတာနဲ့ အိပ်ပစ်လိုက်ပါတယ်။
ဗိုလ်ချုပ်ဈေးတို့ မင်္ဂလာဈေးတို့လိုပဲ ပိတ်ရက်မို့ လူတွေ ကြိတ်ကြိတ်တိုး စည်ကားနေပါတယ်။
အင်္ကျီတွေ ဆာရီတွေ၊ ဖိနပ်တွေ အိတ်တွေ၊ အဓိကရောင်းတဲ့ ဈေးကြီးပါ။ အဲဒါတွေကတော့ လောလောဆယ် ဝယ်ဖို့ စိတ်ကူးမရှိသေးလို့ window shopping ပဲလုပ်ခဲ့ပါတယ်။ ပြန်ကာနီးမှပဲ သူငယ်ချင်းတွေမှာတဲ့ ဆာရီစတွေ ဘာတွေ ဒီကိုပဲ လာရှာရမယ် ထင်ပါတယ်။
တစ်ဘက်ခြမ်းကို လျှောက်သွားတော့မှ စားစရာရောင်းတဲ့ ဆိုင်လေး ဘာလေး တွေ့ပါတယ်။ အအေးတစ်ခွက်စီ သောက်ပြီး ကုန်စုံဆိုင်တစ်ဆိုင်မှာ ဆန်နည်းနည်း ဝယ်ခဲ့ပါတယ်။ ကျောင်းပိတ်ရက်မှာ ဟိုတယ်ကလည်း ဝယ်မစားနိုင်တော့ နေ့ခင်းစာကို ကိုယ့်ဟာကိုယ် ခိုးချက်စားဖို့ပါ။ အခြောက်အခြမ်းတွေကတော့ အိမ်က ပါလာတယ်လေ။ ဒီနေ့ကတော့ ဝယ်စရာရယ်လို့ မည်မည်ရရ မရှိပဲ ပျင်းလို့ ဟိုဟိုဒီဒီ လျှောက်ပတ်တာ သက်သက်ပါ။ ပြန်ရောက်တော့ HBO နဲ့ Star Movies မှာလည်း ကြည့်ချင်စရာ မရှိတာနဲ့ အိပ်ပစ်လိုက်ပါတယ်။
တနင်္လာ နေ့မှာ သူငယ်ချင်းက laptop ကြည့်ချင်တယ် ဆိုတာနဲ့ ညနေ ကျောင်းအပြန်မှာ sector 15 နဲ့ sector 20 ကို သွားခဲ့ပါတယ်။ sector 20 မှာ သူ လိုချင်တဲ့ laptop တွေ့ပေမယ့် ငွေမလဲရသေးတာနဲ့ … နောက်လည်း နောက်ကျနေပြီ ဆိုတော့ hotel ကိုပဲ ပြန်လာလိုက်ကြပါတယ်။ အင်္ဂါနေ့ကျမှ sector 15 မှာ ငွေလဲပြီး sector 20 က laptop ဆိုင်ကို ပြန်သွားဝယ်ပါတယ်။ ကိုယ်လည်း ကိုယ့် laptop မှာ mouse မေ့ကျန်ခဲ့လို့ Logitech wireless mouse တစ်လုံး ဝယ်ခဲ့ပါတယ်။ ဈေးကတော့ မသက်သာပါဘူး။ မြန်မာနိုင်ငံနဲ့ အတူတူလောက်ပါပဲ။ လိုချင်တာကို လိုချင်တဲ့ အချိန်မှာ ဝယ်လိုက်ကြတာပါပဲ။
ကိုယ်အသုံးမကျလိုက်ပုံများ ပြီးခဲ့တဲ့ စနေနေ့က အပြင်ထွက်တုန်းကလည်း ဖုန်းကဒ် ရောင်းတဲ့ နေရာကို ရအောင် မရှာနိုင်ခဲ့ဘူး။ အဲဒါနဲ့ ဟိုတယ်မှာ လာရောင်းတာကိုပဲ ဝယ်တော့လည်း ပတ်စ်ပို့ မိတ္တူအပြင် ကျောင်းက ထောက်ခံတဲ့ letter မပါလို့ ဆိုပြီး ရစ်နေတာနဲ့… ဖုန်းကဒ်က ဝယ်ပြီးတာတောင် သုံးလို့မရသေးဘူး။ ညဘက် သူ့ကို သွားပြောတော့ မနက်ကျမှ ရမယ်တဲ့။ အဆင်မပြေချက်များတော့…။ တကယ်တော့ sector 15 ကိုသာ အရင်သွားမိရင် အဲဒီမှာ ကတ်ရောင်းတဲ့ ဆိုင်တွေ အများကြီးပဲ။ ပတ်စ်ပို့ မိတ္တူ ပြလိုက်ရုံနဲ့ ရတယ်လေ။ ကိုယ်က နဂိုတည်းက phone ကို crazy မဖြစ်တဲ့လူမို့ မရှိလည်း သိပ်တော့ အရေးမကြီးပါဘူး။ အိမ်ကတော့ ဖုန်းမဆက်လို့ဆိုပြီး စိတ်တိုနေကြတော့မယ်။
ခုထိတော့ ရှုခင်းကောင်းကောင်း ဘယ်နေရာကိုမှ သွားမလည်ရသေးဘူး။ နောက် သွားဖြစ်တော့မှပဲ ဓါတ်ပုံလေး ဘာလေး တင်ပါဦးမယ်။
သိင်္ဂါကျော်
သိင်္ဂါကျော်
17 comments:
ဆာရီ ကြက်သွေးရောင်လေး ကြိုက်တယ်
ဝယ်ခဲ့ ပါ...း)
ဖတ်လို့ကောင်းတယ်.. ညဘက် game မဆော့ရလို့ အားနေတယ်ဆို များများရေးနော်.. :D
ဈေးက သိမ်ကြီးဈေးလိုပဲနော် ..
မရောက်ဘူးတဲ့နေရာလေးတွေ ..ရောက်ဖူးသွားတာပေါ့ဗျာ ....
ခင်မင်လေးစားလျှက်
အုပ်ကြီး
ပြန်လာရင် နံသာပုတီးတစ်ကုံးနဲ့ ဆာရီတစ်စုံလက်ဆောင်ဝယ်ခဲ့ပါ
ဒါဘဲ
ဆာရီတွေက လှတယ်နော်။ ဘာပုံချုပ်ရမလဲတော့မသိဘူး :)
သိဂါင်္ရေ...အဆင်ပြေပါစေညီမလေး...
အဟဲ...ဆာရီတော့သိပ်ကြိုက်တယ်...ရင်ဖုံးဝမ်းဆက်ပြန်ချုပ်ဝတ်ရင် သိပ်လှတာ...။
ခင်တဲ့
မိုးငွေ့
နောက်နေ့ဆက်ရေးပါဦးမသိင်္ဂါရေ
ကိုယ်မရောက်ဖူးတဲ့နေရာလေးကို
ခုလိုတဖွဲ့တနွဲ့ရေးပြတော့
ကိုယ်ကိုယ်တိုင်ပဲရောက်သွားသယောင်
ခံစားချက်ထပ်တူရတယ်
အိန္ဒိယနိုင်ငံသား သူငယ်ချင်း
တယောက်ကတော့ သူတို့နိုင်ငံကို
အလည်လာဖို့ခေါ်ဖူးတယ်။
သူပြောပုံအရ North India က
လူတွေနဲ့ South India ကလူတွေနဲ့
စားသောက်ပုံ။ လူနေမှုစရိုက်။
အသားအရောင်ကအစ ကွဲတယ်လို့ပြောတယ်။
သူ့အပြောနဲ့ အိန္ဒိယကို နည်းနည်းစိတ်ဝင်စားနေတာ
ခုလို တခုတ်တရ ဖတ်ရတော့လဲ..သူ့စကားသံဝဲ၀ဲ နားထောင်ရတာနဲ့စာရင် အများကြိးကျေနပ်အားရမိတယ်။
ဆက်ရေးပါဦးနော် မမ
ရုပ်ရှင်ထဲက မင်းသားနဲ့ မင်းသမီး သီချင်းဆိုတဲ့
တောင်ကုန်းတွေ...
သစ်တောတွေ...
ရှုခင်းလှလှနေရာတွေမှာ ဓာတ်ပုံရိုက်ခဲ့ပါဗျို့...........
အိန္ဒိယကိုရောက်ခဲ့တယ်း)း)
မဆလာ အထုပ်ကြီး တထုပ် ဝယ်ခဲ့ပါဗျိုး :)
မရောက်ဖူးတဲ့နေရာမို့လို့ ဖတ်ရတာ ဒေသန္တရ ဗဟုသုတ ရပါတယ်။
ကန်မလေးနော်...
မာမူတို့ဆီး လားဒယ်နော်...
ကြိုး ဆိုပါဒယ်....
ချို့ကရီးယား...
မာမူကျောက်
ပြန်လာရင်ဆာရီစလှလှလေးဝယ်ခဲ့နော်..
အရာရာ အဆင်ပြေပါစေဗျာ။
ဂွတ်တယ် ဂွတ်တယ် ..
မြန်မာပြည်လိုပဲနော်..ဈေးရောင်းတာ..
ကုလားစကတ်လေးတွေ လိုချင်တယ် ..
ဓာတ်ပုံလှလှလေးတွေ ရိုက်ပေးနော်..။
ကျွန်တော် စိတ်ဝင်စားတဲ့ နိုင်ငံတွေထဲမှာ အိန္ဒိယလည်းပါတယ် ။ အစ်မအမြင် အတွေ့အကြုံလေးတွေကို နောက် ထပ် ပိုစ့်တွေမှာ ထပ်ဖတ်ချင်သေးတယ် ။
အိန္ဒိယသွားတဲ့ပို့စ်ဖတ်ရတာရှားတယ်... ကျေးဇူးပဲ ရေးပေးတာ
သိင်္ဂါကျော် ရေ Parkview ဟိုတယ်မှာ တည်းနေတယ် ဆိုတာ သိလိုက်ရတော့ လွန်ခဲ့ တဲ့  ၂၀၀၈ ခုနှစ်က ကျွန်တော် Parkview Hotel မှာ ဖြစ်တာလေး ကို သွားသတိရမိတယ်ဗျ။
ကျွန်တော် Chandigarh မှာ ရောက်တိုင်း Parkview မှာတည်းဖြစ်ပါတယ်။ Company စရိတ်နဲ့ တည်းတာပါ။ ကျွန်တော် တည်းနေတာ ၃ လ လောက်ရှိနေပါပြီ။ ကျွန်တော့် အလုပ်က Mohali ကျော်ပြီး တော့ Khamano ဆို တဲ့ မြို့ လေး ကို နေ့တိုင်းသွားနေရတာပေါ့ဗျာ။
တရက်ကျွန်တော်ကလဲ မူးမူး နဲ့ အိပ်ရာထဲ ကောင်းကောင်းကွေးနေတာ ဟိုတယ် အခန်း ကို ဖုန်းဝင်လာတယ်ဗျ။
ဗမာလို ပြောတယ်။ ကို ဘယ်သူဆိုတာရှိလား တဲ့ ။
ကျွန်တော်နေတဲ့  ၃ လ တာ ကာလဗမာလူမျိုးဆိုတာ မတွေ့ မိဘူးလေ။
ကျွန်တော် ကလဲ ဘယ်က ဖုန်းလဲ ပေါ့နော်။ မဟုတ်ပါဘူး လို့ ဗမာလို ပြန်ပြောမိတော့ ဟယ်
ဒီဟိုတယ် မှာ ဗမာ တစ်ယောက်ရှိတယ် တဲ့ တော့
ဆို ပြီး မိန်းကလေးသံပေါ့။
သူတို့ အစိုးရအဖွဲ့  က ၂၅ ယောက်သင်တန်းသား
တွေ ရှိပါတယ်တဲံ့ ။
သြော် ဒီတော့ မှ ဒီမှာ ဗမာတွေ လာတည်းနေကြတာ ကို လို့ သိလိုက်ရတယ်။
:)
SIM ကတ် တော့ ဟုတ်တယ်။ ဈေးသက်သာပေမယ့် စာရွက်စာတမ်း အကုန်လိုတယ်ဗျ။
နောက်ပိုင်းတော့ ကျွန်တော် Sector 47 D ကတိုက်ခန်း ကို ပြောင်းနေဖြစ်သွားတယ်။
Post a Comment