16 September, 2010

အရောင်မထွက်တဲ့လူ


ငါအမြဲတမ်း ဝါးစားနေရတယ်
ပြောချင်တဲ့ စကားလုံးတွေ..
နှုတ်ခမ်းဖျားက ထွက်ကျမလာအောင်။

ငါအမြဲတမ်း ဝါးစားနေရတယ်
အမှန်တရားတွေ...
ခါးသက်သက်နဲ့
အိပ်မက်တွေတောင် အရောင်မထွက်နိုင်အောင်ပဲ။

ငါ့ကိုယ်ငါလည်း ဘာကောင်မှန်းမသိဘူး၊
အသက်ရှင်နေတာ ဘာအတွက်လဲ...
ဘာအတွက် ဘယ်နေရာမှာ နေရမလဲ...
ငါ့ကိုယ်ငါလည်း မသိဘူး။

တစ်နေ့ပြီးတစ်နေ့
ခေါင်းညိတ်တတ်တဲ့
Robot ဖြစ်အောင် install လုပ်လုပ်နေရတာ
စိတ်ကုန်စရာ ကောင်းတယ် မဟုတ်လား။

ငှက်တောင်မှ အသိုက်ရှိသေးတယ်...
ပျံချင်ရာပျံဖို့ အတောင်တစ်စုံ ရှိသေးတယ်...
ငါက ဘာလဲ
ငှက်မဟုတ်တာတော့ သေချာတယ်၊
အသိုက်အတုထဲမှာနေထိုင်ရင်း
ပျံချင်ရာလည်း မပျံနိုင်။

သတ္တုလို အေးစက်စက်နံရံတစ်လျှောက်
ငါလမ်းဆုံးထိလျှောက်နေလေရဲ့
ထွက်ပေါက်က အဆုံးမှာပေါ့...
မျှော်လင့်ထားတဲ့ အတောင်ပံတစ်စုံနဲ့အတူလေ။

သိင်္ဂါကျော်
5.9.2010
10:19 PM

11 comments:

မေပယ်လ် said...

ကဗျာလေးထဲမှာ
မမြင်ရတဲ့ လေထုတွေ တွေ့လိုက်ရသလိုပဲ
သေချာတယ်..
အဲဒါ လေကောင်းလေသန့်တော့
မဟုတ်..။

မိုးခါး said...

ရေးထားတာ ကြိုက်လို့ .. အဲလိုပဲ တခါတခါ ကိုယ့်ဟာကိုယ် ဘာကောင်မှန်း မသိတဲ့ အခါ

မိုးငွေ့...... said...

ငှက်တောင်မှ အသိုက်ရှိသေးတယ်...
ပျံချင်ရာပျံဖို့ အတောင်တစ်စုံ ရှိသေးတယ်...
ငါက ဘာလဲ
ငှက်မဟုတ်တာတော့ သေချာတယ်၊
အသိုက်အတုထဲမှာနေထိုင်ရင်း
ပျံချင်ရာလည်း မပျံနိုင်။

သတ္တုလို အေးစက်စက်နံရံတစ်လျှောက်
ငါလမ်းဆုံးထိလျှောက်နေလေရဲ့
ထွက်ပေါက်က အဆုံးမှာပေါ့...
မျှော်လင့်ထားတဲ့ အတောင်ပံတစ်စုံနဲ့အတူလေ။

အဲဒီအပိုဒ်လေးတွေကို သိပ်ခိုက်သွားပြီ...

ခင်တဲ့
မိုးငွေ့

မောင်မျိုး said...

အတောင်တစ်စုံနဲ့ အတူ အမြင့်ကို လွတ်လပ်ပေါ့ပါးစွာပျံသန်းနိုင်ပါစေဗျာ ။

သဒ္ဓါလှိုင်း said...

မျှော်လင့်ထားတဲ့အတောင်ပံတစုံနဲ့ မျှော်လင့်ထားတဲ့
နေရာလေးကို အမြန်ဆုံးပျံသန်းနိုင်ပါစေ..
ခင်မင်စွာ
သဒ္ဓါ

ကိုဇော် said...

ငှက်လို မပျံနိုင်ပေမဲ့ အခုလို ငှက်ထက် ပိုပြီး လေ့လာနိုင်စရာတွေ ရှိနေသေးတယ် မဟုတ်လား။ အားတင်းထားပေါ့ဗျာ။

ပျော်ရွှင်ပါစေ။

အဖြူရောင်နတ်သမီး said...

ငှက်တောင်မှ အသိုက်ရှိသေးတယ်...
ပျံချင်ရာပျံဖို့ အတောင်တစ်စုံ ရှိသေးတယ်...
ငါက ဘာလဲ
ငှက်မဟုတ်တာတော့ သေချာတယ်၊
အသိုက်အတုထဲမှာနေထိုင်ရင်း
ပျံချင်ရာလည်း မပျံနိုင်။..

မှန်လိုက်လေချင်း...
အဲဒီဘဝက အမြန်လွတ်ချင်ပြီကွယ်...

Anonymous said...

ကဗျာဝါးစားသွားတယ်ဗျာာာာ
ဖြစ်တတ်တယ် တခါတခါ ငါဘာလဲ ဘာလဲနဲ့း)

မောင်ဘကြိုင်

blackroze said...

တောင်ပံတစ်စုံနဲ့
မျှော်လင့်တဲ့နားခိုရာလေးစီရောက်အောင်
ပျံသန်းနိုင်ပါစေ..fri ရေ...

လင်းခေတ်ဒီနို said...

ငါအမြဲတမ်း ဝါးစားနေရတယ်
အမှန်တရားတွေ...
ခါးသက်သက်နဲ့
အိပ်မက်တွေတောင် အရောင်မထွက်နိုင်အော

အရမ်းကောင်းတယ် ကဗျာလေးက အသက်ဝင်လွန်းတယ် စကားလုံးတွေ ရှင်းပြီး အဓိပါယ် ရှာရလွယ်တယ် နမိတ်ပုံတွေက ပေါ့ပါးရှင်းလင်းလွန်းလှတယ် ကောင်းတယ်ဗျာ

မြတ်မွန် said...

ဘဝက စက်ရုပ်ငှက်တွေ ဖြစ်ကုန်ပြီလေ။