အိပ်မက်တွေကို မြန်မြန် ဆုပ်ကိုင်လိုက်
အိပ်မက်တွေ သေဆုံးရင်
ဘဝဟာ အတောင်ကျိုးငှက်တစ်ကောင်လို
မပျံနိုင် ဖြစ်လိမ့်မယ်။
အိပ်မက်တွေကို မြန်မြန် ဆုပ်ကိုင်လိုက်
အိပ်မက်တွေသာ သွားပြီ ဆိုရင်
ဘဝဟာ စိုက်လို့ပျိုးလို့မရတဲ့ကွင်းပြင်လို
နှင်းတွေနဲ့ အေးခဲသွားလိမ့်မယ်။
Dreams by Langston Hughes
9 comments:
လူဆိုတာ မျှော်လင့်ခြင်း အိပ်မက်တွေ...
စိတ်ကူး အိပ်မက်တွေနဲ့ အသက်ရှင်နေကြရတာနော်..
အိပ်မက်တွေကို ဆုပ်ကိုင်လွန်းအားကြီးလို့ ထင်တယ်..
မေပယ်လ်တော့ အိပ်မက်ထဲမှာပဲ
မွးန်ကြပ်နေတယ်...။
ခုထိလည်း မက်ကောင်းတုန်း..။
မျှော်လင့်အိပ်မက်လေးတွေသာ ရပ်တန့်သွားရင်တော့ တကယ်ပဲ ““ဘဝဟာ စိုက်လို့ပျိုးလို့မရတဲ့ကွင်းပြင်လို
နှင်းတွေနဲ့ အေးခဲသွား”” မှာပဲ ။
အိမ်မက်တွေကို လိုက်ဖမ်းနေတဲ့ လူတစ်ယောက် အတွက် အားအင်ဖြစ်စေလို့ ကျေးဇူးပါခင်ဗျာ
အိမ်မက်တွေကိုတော့မဆုပ်ကိုင်ထားပါနဲ့
မေပယ်လ်ပြောသလိုဘဲ..မွန်းကြပ်မှာစိုးလို့
အိပ်မက် ဆိုတာ ဘဝပဲ။
အိပ်မက်တွေကို အသေဆုပ်ကိုင်ထားဖို့တော့ မဟုတ်ဘူး ဒါပေမယ့် လက်တွေ့ဘ၀ရဲ့ အစပျိုးလေးဟာ အိပ်မက်တစ်ခုပါပဲ.........။
ခင်မင်စွာဖြင့်
မိုးငွေ့
အိပ်မက်မရှိတော့တဲ့ ဘ၀ဟာ ပျင်းရိငြီးငွေ့စရာကောင်းတယ်
အိပ်မက်တွေဖြစ်မလာကတည်းက အိပ်မက်မမက်ဖြစ်တော့ဘူး
ဒီတော့ ဘ၀ဟာ ဟာလာဟင်းလင်း ဖြစ်နေရော။
အိပ်မက်တွေကို ဆုပ်တော့ ဆုပ်ကိုင်နေတာပါပဲ..။
Post a Comment