14 July, 2010

ငါဟာပန်းတစ်ပွင့်ပါ


ငါဟာ ပန်းတစ်ပွင့်လိုပဲ
ဘယ်အချိန် သေမလဲ မသေချာ၊
ဘယ်အချိန် ပြန်လည်ရှင်သန်လာမလဲ မသေချာ၊
ဘယ်အချိန်များ နာကျင်မှုနဲ့ ငိုကြွေးမှုတွေကြောင့်
ပြိုလဲပျက်စီးရလေမလဲ...။

သည်းမခံနိုင်လောက်တဲ့ နာကျင်မှုတွေ ကြုံရတဲ့အခါ
ငါ့ကိုယ်ငါ ထူထောင်နိုင်မလား မသေချာ၊
ငါ့ရဲ့ပွင့်ချပ်တွေ ကြွေသွားတဲ့အခါ ဘာလုပ်ရမလဲ၊
မိုးထဲမှာ ပြန်ရှာဖွေလို့ ရနိုင်ပါ့မလား။

တစ်နေ့တာလုံးမှာ ရေလုံလုံလောက်လောက် မရခဲ့ရင်
ငါဘာလုပ်ရမလဲ...၊
ကောင်းကင်ကို မော့ကြည့်တဲ့အချိန်မှာ 
ငါ ဘာလုပ်ရမလဲ၊
နေမင်းက အလင်းတန်းတွေ မလွှတ်ခဲ့ရင်လေ...။

ပန်းတစ်ပွင့်လို ငါရပ်တည်ပါတယ်
ဖြစ်နိုင်သလောက် ခပ်ကြာကြာပေါ့၊
ငါ့အရောင်အဆင်းကို ပြသရင်း ငါရပ်တည်..
ဒါ ငါ့ရဲ့ ရည်ရွယ်ရာပဲ။

ငါဟာ သီးကင်းတစ်ခုလည်း ဖြစ်နိုင်တယ်
ငါ့ပွင့်ချပ်တွေ ကြွေချင် ကြွေနိုင်ပေမယ့်
ငါ့ရဲ့ရှင်သန်ကြီးထွားမှုကိုတော့ မတားဆီးနိုင်။
ငါ့အချစ်၊ ရိုးသားမှု နဲ့ အလှအပတွေကို
ပြသနေဆဲပေါ့။

ငါဟာ ပန်းတစ်ပွင့်လိုပဲ
သန်မာတယ်၊ အဆုံးစွန် သတ္တိပြောင်မြောက်တယ်၊
ငါ့ကို နင်းခြေတာလည်း ခံရနိုင်တာပဲ..
ဒါပေမယ့် ငါ့အိပ်မက်တွေထဲက ယုံကြည်မှုကတော့
ဘယ်တော့မှ ဆုံးရှုံးမှာ မဟုတ်လေဘူး။

သိင်္ဂါကျော်
14.7.10
3:05 PM

The Flower in Me ကို ပြန်ဆိုပြီး ပုံကို google က ရှာယူထားပါတယ်။ 

21 comments:

Cameron said...

ကဗျာလေးကောင်းတယ်နော်...။
နူးညံ့တဲ့ပန်းပွင့်နဲ့ စိတ်ဓါတ်ခိုင်မာတဲ့လူတစ်ယောက်ကို ယှဉ်ပြီး ဖွဲ့ထားတာ...။

ခင်မင်စွာဖြင့်
မိုးငွေ့

SHWE ZIN U said...

ကဗျာလေး ခံစားသွားပါတယ်ဗျာ

ခင်မင်တဲ့
ရွှေစင်ဦး

ချိုကျ said...

ပန်းတစ်ပွင့်ရဲ့ စိတ်သဘောထားလေးကို ရေးဖွဲ့ထားတာကောင်းပါ၏ ။

ခင်တဲ့(ချိုကျ)

သူကြီးမင်း (တုံးဖလား) said...

ပန်းတစ်ပွင့်ရဲ့ အလှနှင့်ဘ၀လေးကို ပုံပေါ်စေပါတယ်။

ညလင်းအိမ် said...

ကဗျာလေး တကယ်ကောင်းတယ်ဗျ ...

မောင်သီဟ said...

ကဗျာလာဖတ်တယ်ခင်ဗျာ
လွတ်လွတ်လပ်လပ် ခံစားသွားတယ်ဗျာ့

ကိုဇော် said...

ခံစားလို့ ရတယ်ဗျာ။
ဒီလို သက်မဲ့လေးတွေကို ဖွဲ့တာတွေ ကြိုက်တယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

လူတိုင်းဒီ ပန်းပွင့်လေးရဲ့စိတ်မျိုးလေးလောက်ထားနိုင်ရင်တော်လှပါပြီနော်..
အားကျစရာ စိတ်ဓာတ်ခိုင်မာမှုပါဘဲ..

ရွှေရတုမှတ်တမ်း said...

ပန်းနီနီလေး..ဘာပန်းပါလိမ့်..
အဖြူဆိုရင်တော့...ခွေးသေးပန်းပဲ..

ညလေး said...

ခံစားသွားပါတယ်..ပန်းနဲ့တူတဲ့ ဘ၀တွေကို...

blackroze said...

ကဗျာကိုလာခံစားသွားပါတယ်..
ပန်းလေးနဲ့ဘဝတစ်ခုအကြောင်းဖွဲ့ဆိုထားပုံက
အသက်ဝင်လှပါတယ်..

ယောနက်သန် said...

ကဗျာ ဖတ် ခံစားသွားပါတယ်။

သော်ဇင်စိုး said...

အိပ်မက်တွေတကယ်ဖြစ်ာလမဲ့ အချိန်နဲ့ ပန်းတစ်ပွင့်အလှဆုံးအချိန် တစ်ထပါတည်းကျပါစေဗျာ...

သဒ္ဓါလှိုင်း said...

ကဗျာလေးကိုခံစားဖတ်သွားပါတယ်သိင်္ဂါရေ..။
ယုံကြည်ခိုင်မာတဲ့စိတ်ဓါတ်လေးကိုပုံဖေါ်ထားတာလေး
ကောင်းတယ်..။
ခင်တဲ့
သဒဒ္ဓါ

မြတ်မွန် said...

ပန်းဆိုတာ စိတ်ဓာတ်တွေ ပြောင်မြောက်နေပေမယ့်လည်း နောက်ဆုံးတော့ ကြွေရတာပဲ မဟုတ်လား..

အဖြူရောင်နတ်သမီး said...

ပန်းမြိုင်လယ် ထဲက ပန်းတပွင့် အကြောင်းဖတ်သွားတယ်..မသိင်္ဂါရေ....

နေ၀သန် said...

အင်း. ကဗျာရေးတော်သူတွေများနော်.. အားကျလိုက်တာ... ဘယ်လိုရေးတာပါလိမ့်....


ခင်မင်တဲ့
နေ၀သန်

ဂျစ်တူး ( မုံရွာ ) said...

အင်း---
ပန်းတပွင့်ရဲ့ မာန သိပ်ကြိုက်သွားတယ်ဗျာ-
ကဗျာကိုရင်ဘတ်ကြီးနဲ့ ကိုဖတ်သွားပါတယ်-
တင်ထားတဲ့ ပန်းဓါတ်ပုံတွေအကုန်လုံးကိုလည်းကြိုက်သွား
ပါတယ်ခင်ဗျာ-

ကိုအောင် said...

“ပန်းနီနီ မပေးနဲ့ကွယ် မပန်ချင်ပါဘူး”ဆိုတဲ့ သီချင်း
ကို သွားသတိရမိတယ်၊ ကဗျာက ဖတ်လို့ ကောင်းပါ
တယ်၊ အားပေးလျက်ပါ။

ယွန်း said...

ဖတ်လို့ ကောင်းတဲ့ ကဗျာလေးပါပဲ
တင်ထားတဲ့ ပန်းပုံလေးတွေကလည်း တော်တော်လှတယ် .. ကဗျာနဲ့  ပန်းလိုက်ဖက်ပါ၏

ခင်မင်စွာဖြင့်
ယွန်း

ရေသန့်  said...

နုညံပြီး ခွန်အားပြည့် ဝတဲ့ ကဗျာကောင်းလေးပါ