17 October, 2009

တမ်းတသူ



အချစ်ဆိုတာနဲ့
အတိတ်တွေမှာတောင် မဆုံဖူးခဲ့…
နေညိုရင်လည်း လွမ်းစရာ မရှိ
မိုးရွာရင်လည်း လွမ်းစရာ မရှိတဲ့သူ ဆိုတာ…
မယုံနိုင်ဘူးလား ကောင်မလေးရေ…။

ဘဝက ပဲ့ကိုင်တဲ့အတိုင်း
ရွက်လွှင့်ခဲ့တဲ့
အနှစ်သုံးဆယ်မှာ
တစ်ယောက်တည်း
အထီးကျန်မှုက
လုံလောက်သလို ရှိခဲ့ပြီ။

ငါ့ကို အားကိုးလို့
လက်တွဲခေါ်ရမယ့်သူ
ရှိချင်တယ်။
ငါအိမ်ပြန်ရင်
ဆီးကြို နှုတ်ဆက်မယ့်သူ
ရှိချင်တယ်။
ဒါပေမယ့်
အချစ်ဆိုတာ ဘာလဲ
ငါခုထိ နားမလည်သေးဘူး။

တစ်နေရာရာမှာတော့
တံလျှပ်မဟုတ်တဲ့ သက်တန့်ကို
တွေ့သလိုမျိုး
ငါ့ကို ဖမ်းစားမယ့်
ဖူးစာရှင်အစစ်ကို
ရှာတွေ့ဖို့ မျှော်လင့်တယ်။

ဘဝအမောတွေနဲ့ ကြုံတဲ့အခါတိုင်း
ကောင်မလေးရေ… လို့
ဘယ်ဆီမှန်း မသိတဲ့ ချစ်သူကို
တိုင်တည် တမ်းတချင်ရဲ့…။

စိတ်ကူးထဲက နတ်သမီးပေါ့
Innocent မျက်နှာနဲ့
ငါ့အနာဂါတ်ကို ယုံကြည်မယ့်သူမျိုး…။
ဘဝမှာ…ငါ လဲကျတဲ့ အခါ
တွဲထူမယ့် သူမျိုး…။
လိုချင်ပါရဲ့။

ဒါပေမယ့်
ဘဝနှစ်ခု ပေါင်းဖို့ရာ
နှစ်ကိုယ်ချစ် မဖြစ်ပဲ
မဖြစ်မနေ တာဝန်တစ်ခု အနေနဲ့တော့
မဖြစ်သင့်တာပါ။

ကောင်မလေးရေ…
ဒီကမ္ဘာရဲ့ တစ်နေရာရာမှာ
မင်းရှိလိမ့်မယ်…
ငါယုံကြည်ပါရစေ၊
မင်းကို စောင့်ဖို့ စွမ်းအားတွေ
ငါ့ကို ပေးသနားပါ…။
မင်းနဲ့ တွေ့တဲ့အချိန်မှာ
ငါ့ဘဝ ပြည့်စုံနေစေဖို့
ခွန်အားတွေ ပေးသနားပါ။

ကောင်မလေးရေ…
တို့နှစ်ယောက် ဆုံတဲ့
တစ်နေ့မှာ…
မင်းကို ချစ်ဖို့ နှလုံးသား
ငါ့မှာ ရှိပါစေ…
ငါ့ကို ချစ်ဖို့ နှလုံးသားလည်း
မင်းမှာ ရှိပါစေ…။

သိင်္ဂါကျော်

(လူပျိုကြီး တွေကိုယ်စား ခံစားပေးတာပါ :P)

13 comments:

ကိုလူထွေး said...

အယ်...
ဘဝပြောင်းသွားပြီလားလို့...
အခုခေတ်က မြန်တယ်မဟုတ်လား...

ကဗျာကတော့ လွှတ်ကောင်းပဲ...
ညီမတွေ တူမတွေရှိရင်တောင် မိတ်ဆက်ပေးချင်သွားတယ်...

းဝ)

ကိုလူထွေး said...

စာဖတ်ချင်ရင် အဟောင်းတွေရှိတယ်လေ...း)
အကုန်ဖတ်ပြီးပြီမပြောနဲ့...

းဝ)

linn said...

ကဗျာလဲရေး ..ကြော်ငြာလဲဝင်ပေါ့ ..ဟုတ်လား...( အင်း..ဈေးကွက်စီးပွားရေးစနစ်နဲ့ပေါ့..လေ..)..

ဝက်ဝံလေး said...

အလဲ့ ကောင်မလေးရေ တဲ့ ဟိဟိ နာ့များစောင်းရေးသလား လို့ ဟက် ရင်ဖိုသွားတယ်နော် လူဇိုးးးးး

ဗီလိန် said...

လူပျိုကြီးမဟုတ်လို့ ဖတ်မသွားတော့ဘူး။ အဟိ

ရွှေရတုမှတ်တမ်း said...

ကိုယ့်ကို စောင်းရေးသလားလို့...
မလုံမလဲတောင်..ဖြစ်သွားတယ်...

ဆောင်းယွန်းလ said...

သူများအတွက် ခံစားရေးပေးတဲ့ ကဗျာတောင် ဒီလောက်ကောင်းနေရင်..ကိုယ်တိုင်ခံစားရေးတဲ့ ကဗျာလေးတွေလည်း ဖတ်ချင်ပါသေးတယ်ဗျ

စိမ်း... said...

လူပျိုကြီးများအတွက်လား....
အပျိုကြီးတွေအတွက်ရော.... ဟီး...

Anonymous said...

စိတ်ကူးထဲက နတ်သမီးပေါ့
Innocent မျက်နှာနဲ့
ငါ့အနာဂါတ်ကို ယုံကြည်မယ့်သူမျိုး…။
ဘဝမှာ…ငါ လဲကျတဲ့ အခါ
တွဲထူမယ့် သူမျိုး…။
လိုချင်ပါရဲ့။

စာသားတွေ အရမ်းကြိုက်တယ် အမရေ ကောင်းလွန်း၏

မိုးအိမ့်ဖြူ said...

ကောင်းလေ၏ ကောင်းလေ၏ လာဖတ်ရတာ အကြိုးရှိသွားပြီ

လသာည said...

ကိုယ့်အတွက်လည်း ရေးဦးလေကွာ..

emayarKhin said...

ခံစားတတ်ပါပေတယ်..ဆန့်ကျင်ဘက်ရှုထောင့်က
တကယ်တော်တယ်...

purplemay said...

မိုက်တယ်ဗျာ ....စိတ်ကူးလေးလွှတ်ကောင်း...
စာတွေဖြည်းဖြည်းချင်းဖတ်မယ်နော်..။
လာလည်တာကျေးဇူး....