22 October, 2009

အိပ်မက်ပူပူ



အဲဒီနွေမှာ
အနောက်ဘက်က ပန်းခင်းတွေ
ညနေခင်း နွမ်းလျသလိုမျိုး
နေ့ဘက် သွပ်တရှိန်ရှိန်
ပိတ်လှောင်ကျဉ်းကြပ်
အခန်းကျဉ်းထဲကည
အိပ်မက်ဖို့ အခွင့်အရေး သိပ်မရပါပဲလျက်
မောဟခါးခါးတွေဝါး
လောဘပူပူတွေ မျိုသောက်
မစ္ဆိရိယ မီးလျှံတွေ တညီးညီး နဲ့
အိပ်မက်တွေလည်း အပူလောင်ခဲ့။


နေရာလည်း မရှိ
ဝေဒနာလည် မရှိ
ဘလာဟင်းလင်း ရင်ခွင်နဲ့လူ
ညပျက်ညရဲ့ အမှောင်တစ်ဝက်အောက်
ပြေးထွက်လျှောက်ခဲ့လေတယ်။

(ခပ်ငယ်ငယ်က ရေးထားတဲ့ ကဗျာလေးပါ)

သိင်္ဂါကျော်

10 comments:

ဝက်ဝံလေး said...

နွေဆိုမှတော့ ပူမှာပေါ့ မ ရေ ဟဲဟဲ လာနောက်သွားတယ်နော် သိလား ဂျစ်လို့ စတာ ချိတ်ချိုးနဲ့
ကဗျာလေးလာခံစားသွားတယ်နော် မ ရေ ပူနေရင် အဲယားကွန်း ဖွင့်နော် ဟီးးးး

ဘိုင် တာ့တာ

လင်းဒီပ said...

အိပ်မက်ပူပူ ဆိုတဲ့အသုံးလေးက သစ်တယ်ဗျ...။

ခက်ခဲမောပန်းနေတွေ ဖြတ်သန်းရတဲ့အခါ အိပ်စက်ချိန်မှာတောင် အိပ်မက်ဟာ ပူပူလောင်လောင် ဖြစ်နေမှာ..။

busymozzee said...

မြို့လယ်ခေါင်က လူဖြစ်ရမယ်... ဟဲဟဲ

မချစ်ရ said...

အိမ်မက်ကဘာလို့ပူရတာလည်း
နောက်ကိုမပူအောင်ရေချိုးပြီးမှအိပ်နော်

စိမ်း... said...

စိတ်ညစ်နေတုန်းရေးတဲ့ကဗျာလား... :)

လသာည said...

အော် ညလေးက ငယ်ငယ်ကတဲက ကဗျာဆရာမဖြစ်ခဲ့သကိုး.. အိမ်မက်ပူထဲက လွတ်မြောက်ပါစေလို့....

purplemay said...

ဘလာဟင်းလင်းရင်ခွင်နဲ့....ဆိုတာ
အတော်ခံရခက်တဲ့ ဝေဒနာမျိုးလို့ထင်တာပဲ...။
ခပ်ငယ်ငယ်ကရေးထားတဲ့ကဗျာလေးကို ခပ်ဖြေးဖြေးလေးဖတ်သွားပါတယ်....:)

ဆောင်းယွန်းလ said...

နေရာလည်း မရှိ
ဝေဒနာလည် မရှိ
ဘလာဟင်းလင်း ရင်ခွင်နဲ့လူ
ညပျက်ညရဲ့ အမှောင်တစ်ဝက်အောက်
ပြေးထွက်လျှောက်ခဲ့လေတယ်။
ကဗျာလေးကိုကြိုက်တယ်ညီမရေ...ငယ်ငယ်တုန်းက ရေးခဲ့တဲ့ကဗျာဆိုပေမယ့် သစ်လွင်မှုတွေကိုမြင်နေရတုန်းပါပဲ..လက်ရာကတော့ ပြောင်မြောက်ပါတယ်

အမရာ said...

အိပ်မက်တွေတောင်အပူလောင်သတဲ့လား..
ကောင်းလိုက်တဲ့အသုံး...

ကိုလူထွေး said...

ငယ်ငယ်ကကဗျာတွေ အများကြီး ရှိအုံးမယ်ထင်တယ်...

လောဘ၊ မောဟနဲ့ မစ္ဆိရိယ မီးလျှံတွေ တောက်လောင်နေသမျှ အိပ်မက်တွေလည်း ပူလောင်နေမယ်ဆိုတာ သိပ်ဆန်းလှတဲ့ အရာမဟုတ်ပါဘူး...

ဒါကိုမြင်တတ်အောင် ရေးပြသွားတာကတော့ ...
ဆန်းတယ်...