27 October, 2009

မသေတဲ့ကဗျာ

ဒီတစ်ပတ်ပိတ်ရက်မှာ ခရီးသွားနေလို့ စာမရေးဖြစ်တာပါ။ ဘလော့နဲ့ အဆက်မပြတ်ချင်လို့ နည်းနည်း ကလေးဆန်ပေမယ့် အတွေးလေးကို သဘောကျမိတဲ့ ငယ်ငယ်က ကဗျာလေး တစ်ပုဒ်တင်လိုက်ပါဦးမယ်။



ပစ်သံခတ်သံကြားမှာ
ပြိုလဲသွားတဲ့
သက္ကရာဇ်တွေ
တအိအိ ပြိုကျနေကြ
မနက်နဲ့ညတွေ
တစ်နာရီ၊ တစ်နာရီမှာ
ပြောင်းပြောင်းသွားကြတဲ့ ဘဝတွေ…။

မနက်၊ ည …
နာရီ၊ မိနစ် …
သက္ကရာဇ် …
အားလုံးအိုသွား
သေဆုံးသွား
ပြီးတော့…
မွေးဖွား
လည်ပတ်
ရာစုတွေ ဆက်ခဲ့…။

ချိုးဖြူငှက်နဲ့
အနုမြူရဲ့ကြား
ဘဝခါးခါးတွေ
မစားချင်ပဲ စားနေရ
ဘဝများများဟာ
မပြောင်းချင်ပဲ ပြောင်းနေရ။

မတည်မငြိမ်တဲ့
ဒီလောကထဲ
အမြဲတမ်းမဟောင်း
ထာဝရရှင်သန်တာ …
မသေတဲ့ ကဗျာ။

(သိင်္ဂါကျော်)


ပုံကို http://farm3.static.flickr.com မှ ယူထားပါတယ်။

8 comments:

လသာည said...

ကဗျာလေး လာခံစားသွားတယ် ညီမလေးရေ.. အစ်မတော့ ကဗျာဆို လုံးဝမစပ်တတ်ဘူး။ ဒါပေမဲ့ ခံစားပေးတတ်တယ်။ ဒီကဗျာလေး တကယ်ကောင်းတယ်..

စိမ်း... said...

မမ ကဗျာတွေက လူငယ်ဆန်တယ်... အတွေးအခေါ်တွေ လတ်ဆတ်တယ်... ကြိုက်တယ်...

Nai ရဲ့  ရွှေရတုမှတ်တမ်း said...

ကဗျာ ကတော့ ပုံစံ အမျိုးမျိုးနဲ့ ရှင်သန်နေမှာပါပဲ....
လန်းတယ်.....

အမရာ said...

မရေ..ဟုတ်တယ်..ကဗျာတွေဘယ်တော့
မှမသေဘူး..........

kokomaung.uk said...

ကဗျာလေးက အရမ်းကောင်းပါတယ်။ ကဗျာဆိုတာ ဘယ်တော့မှ မသေတဲ့ အရာတစ်ခုဆိုလဲ မမှားပါဘူးလေ။

Nge Naing said...

မသေတဲ့ ကဗျာလေးကို လာဖတ်သွားပါတယ်။ ဆက်လက် ရှင်သန်ပါစေ။

ကိုလူထွေး said...

ကဗျာလေးက ကောင်းသားပဲ...
ကလေးလည်း မဆန်ပါဘူး...
အတွေးအခေါ်က တကယ်ရင့်ကျက်တယ်...

းဝ)

purplemay said...

ဒါလည်းကြိုက်တာပဲ....:)