13 October, 2009

ပြည်ရှုခင်း


ပြည်မြို့က အထင်ရှားဆုံး ရွှေဆံတော် စေတီတော်မြတ်ကြီး


တလောတုန်းက ဟမ်းဖုန်းနဲ့ ရိုက်ထားတဲ့ video ထဲမှာ မျက်လုံးတော် နှုတ်ခမ်းတော် လှုပ်တယ် ဆိုပြီး တန်ခိုးပြခဲ့တဲ့ ဆယ်ထပ်ကြီးဘုရား။ အဲဒီဘုရားကြီးကို အမိုးမိုးဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။





ဆယ်ထပ်ကြီး ဘုရားက ဘိုးသူတော် အရုပ်ကလေးတွေပါ။



မုနိ လေးဆူထဲမှာ တစ်ဆူ အပါအဝင်ဖြစ်တဲ့ ပြည်တစ်ဖက်ကမ်းက ရွှေဘုံသာ စေတီတော်မြတ်ကြီးပါ။ ရုပ်ပွားတော်မြတ် အစစ်ကတော့ အတွင်းမှာ ကိန်းအောင်း စံပယ်နေပါတယ်။



ငွေဘုံသာ စေတီတော်မြတ်ပါ။ လှေကားနည်းနည်းတက်ရပြီး တောင်ထိပ်မှာ တည်ထားတာပါ။ နဝဒေးတံတားနဲ့ ဧရာဝတီမြစ် ရှုခင်းကို တောင်ပေါ်ကနေ လှမ်းမြင်ရပါတယ်။


ငွေဘုံသာဘုရား ပေါ်က ရိုက်ထားတဲ့ ရှုခင်းပါ။



ရွှေတောင်မြို့ သမိုင်းဝင် ရွှေနတ်တောင် စေတီတော်မြတ်ကြီးပါ။ ဘုရားပေါ်က လှမ်းကြည့်ရင် စိမ်းစိမ်းစိုစို လယ်ကွင်းတွေကို လှမ်းမြင်ရပါတယ်။

 
 

ရှင်ကျော်မုနိ ရုပ်ရှင်တော်မြတ်ကြီးပါ။ တစ်ချို့က မုနိလေးဆူထဲက တစ်ဆူ အပါအဝင် ဖြစ်တယ်လို့ ပြောကြပါတယ်။


ဝန်ချတောင် စေတီတော်မြတ်ကြီးပါ။ မိဘ ဆရာသမားတွေကို ပြစ်မှားထားမိတာတွေကို ပြေပျောက်အောင် လာရောက်တောင်းပန်ကြပါတယ်။ အဝင်ဝက ရုပ်ပွားတော်ကတော့ တရုတ်လက်ရာ ဖြစ်နေပါတယ်။



သိင်္ဂါကျော်

6 comments:

ဂျူနို said...

ဝမ်းသာလိုက်တာ။ မအယ် အဲ့ဒီနေရာတွေ ရောက်ဖူးတယ်။ ဘုရားတွေလည်း ဖူးဘူးတယ်။
ဘုရားကြီးအောက်က မုန့် ဟင်းခါး အရမ်းကောင်းတယ်။
ထမင်းသုတ်လည်း နာမည်ကြီးတယ်နော်။

ဲပြည်ဖက်ကလား။

မအယ်

စိမ်း... said...

ငယ်ငယ်ကရောက်ဖူးတယ် ဒါပေမယ့် ငယ်သေးတော့ မမှတ်မိဘူး... ခုမှ ပြန်ဖူးသွားတယ် ဘုရားတွေ ကျေးဇူးပါ... :)

ဝက်ဝံလေး said...

မ ရေ သပ္ပါယ်လိုက်တာတွေနော် ဖူးသွားတယ်သိလား

Beauty Studio USA Branded Store said...

လာလည်သွားတဲ့အတွက် ကျေးဇူးပါဗျာ။
ပြည်ကိုရောက်ဖူးတယ်။ဘုရားတွေလဲ ဖူးရတာ အများကြီးပဲ။အခုလဲ လာရောက်ဖူးမျော်သွားပါတယ်။သတိရနေမိသေးတယ်။ပြည်နဝဒေးတံတားနားက ဆန်ဖရန်စစ်စကို လက်ဖက်ရည်ဆိုင်လေးကို....။အခုရှိသေးလားတော့မသိဘူး။အဲဒီကနေ ဧရာဝတီမြစ်မှာ နေလုံးကြီးရေသောက်ဆင်းတာကို ကြည့်ရတဲ့အရသာ ဘယ်တော့မှမမေ့ဘူး။နောက်ပြီး ပြည်မှာပဲ ရွှေတောင်ခေါက်ဆွဲစစားဘူးတာ။သူငယ်ချင်းတွေက ပြည်မှာရော၊ သရက်မှာရော ရှိတာ။သူတိုဆီသွားလည်ရင်းနဲ့ ရောက်တာ။ပြည်က သူငယ်ချင်းကိုဖြိုးလဲ စာရေးတယ်။သိလားတော့မသိဘူး။www.lkphyu.blogspot.com လင်းကြယ်ဖြူပါ။ပျော်ရွှင်ပါစေဗျာ။

ကိုလူထွေး said...

စာတွေ မိန့်ခွန်းတွေမှာ "ပြည်သူတို့သည်..." လို့မြင်ရင် ကြားရင် ကိုယ့်ကို စောင်းပြောတယ် မထင်မိဘူးလား...

းဝ)

ဗီလိန် said...

ဘုရားဖူးသွားပါတယ်။