01 November, 2009

တောင်လှေကားမြို့တော်မှာ...


ကထိန် သွားရင်းနဲ့ ပြင်ဦးလွင်မှာ လည်ခဲ့တဲ့ ခရီးအတွက် အမှတ်တရလေး တင်လိုက်ပါတယ်။

ပိတ်ချင်းမြောင်လိုဏ်ဂူထဲက ဘုရားတွေပါ။





 
 
 
 
 

လိုဏ်ဂူအပြင်ဘက်က....။



ပွဲကောက် ရေတံခွန်။







ညဘက် မဟာအံထူးကံသာ ဘုရားကြီးကို ဖူးရင်းနဲ့ မီးပုံးပျံပွဲ ကြည့်ခဲ့ပါတယ်။ ကင်မရာကို ညဘက် ရိုက်ဖို့ မပြောင်းတတ်လို့ မီးပုံပျံပုံတွေ ရိုက်တာ မလှခဲ့ပါဘူး။





ပွဲဈေးတန်းလျှောက်လည်ရင်း သူငယ်ချင်းတွေက ရဟတ်စီးခဲ့ကြသေးတယ်။




ဘုံကျောင်း...။




ကန်တော်ကြီးထဲမှာ ဒီအချိန် ပန်းတွေ သိပ်မပွင့်သေးဘူး။ ပန်းပွဲတော်မှာ ထပ်သွားဖို့ မျှော်လင့်ထားတာပဲ။









နန်းမြင့်မျှော်စင် ပေါ်က ရိုက်ထားတဲ့ပုံတွေပါ။





16 comments:

Anonymous said...

အာပါးပါး လှလိုက်တဲ့ ပုံတွေ သွားချင်လာအောင် လုပ်နေပါလား . . .

စိမ်း... said...

မရောက်ဖူးဘူး... သွားချင်ပါတယ်ဆိုနေမှ ငိုချင်အောင်လာလုပ်နေတယ်... :P

ရွှေရတုမှတ်တမ်း said...

ကန်တော်ကြီးမြင်ကွင်းက မျှော်စင်ပေါ်ကရိုက်ထားတော့
တမျိုးဆန်းနေတယ်....

ကိုလူထွေး said...

ကိုယ့်ကိုကိုယ် တံတားထိုးပေးနေတဲ့ ရသေ့ကြီးကို မြင်ရတော့ စိတ်ထဲမှာ ဘယ်လိုကြီးမှန်းမသိ ဖြစ်သွားမိတယ်...

တခါမှ မရောက်ဖူးဘူး... သွားခွင့်ရချင်သေးတယ်...

ကိုအောင် said...

ဓါတ်ပုံတွေ ကြည့်ခွင့်ရတာ ကျေးဇူးပါ၊ ဓါတ်တော်ချိုင့်
ဖက်က ပုံတွေရှိရင် ကြုံတဲ့အခါ တင်ပေးပါအုံး၊ လွမ်းလို့
ပါ၊ အားပေးလျက်။

khin oo may said...

2 Nov 09, 00:00
kom: ပုံလေးတွေ အတွက်ကျေးဇူး

PAUK said...

မေမြို့မှာ မီးပုံပျံလွှတ်တယ်ဆိုတာ မကြုံဖူးသေးဘူး။။
ကြားဖူးနေပါတယ်...
ပုံတွေ လှတယ်..
ဇန္န၀ါရီလ.. ဖေဖော်ဝါရီလ..လောက်ဆို
ချယ်ရီတွေ လှိုင်လှိုင်..
ခရစ်စမတ်ပန်းတွေ ရဲရဲ တွေ့ရမှာပါ။။
ဧပရယ်လောက်ဆို ပန်းတွေ စုံပါတယ်။။

လသာည said...

ပုံလေးတွေကို အားရပါးရ တင်ပေးထားတာ ကျေးဇူး။ တို့လည်းအိမ်ပြန်ချင်လာပြီ။ စာလုပ်ဖို့ရှိတယ်ဆို.. ခဏနားလေ ဒါပေမဲ့ အားရင် ပြန်ရေးနော်။

စည်သူ said...

ဟုတ်တယ်ဟေ့ .. သွားချင်နေတာလေ..
တစ်ခါမှကို မသွားဖူးဘူး.. ကိုလူထွေးနဲပ အဖေါ်လိုက် သွားရင်ကောင်းမလား..း)

ရောက်အောင်တော့ သွားအုံးမှာ..

ခင်မင်စွာဖြင့်
စည်သူ။

မချစ်ရ said...

ဘုရားလည်းဖူးရင်း
ရေတံခွန်နဲ့ပန်းခြံအလှအပလေးတွေ
လာကြည့်သွားပါတယ်နော်

သူကြီးမင်း (တုံးဖလား) said...

မေမြို့ကို သွားချင်စိတ်ပေါက်လာပြီ။
အတော်လေးကို လှပနေပါလား။
သတိရမိသေးတော့၏။

ဂျူနို said...

ဓါတ်ပုံလေးတွေ လှလိုက်တယ်။ မေမြို့ကို လွမ်းသွားပြီ။ မအယ် ခဏခဏ ရောက်ဖူးတယ်။
ဘုံကျောင်း မှာလည်း သူငယ်ချင်းနဲ့တူ အူတူတူနဲ့ ကန်တော့ခဲ့တာ သတိရတယ်။ မေမြို့က တကယ် လှတယ်။ ရာသီဥတုလည်း ကောင်း အသီးအနှံ ပန်းမျိုးစုံ ရှိတယ်နော်။
မအယ်

Nge Naing said...

လှလိုက်တာ မြန်မာပြည်လောက် လှတဲ့နေရာ ဘယ်မှာမှ မရှိနိုင်ဘူး ထင်တယ်။

Anonymous said...

လှလိုက်တဲ့ ရှုခင်းပုံတွေ...ဒီနှစ်သွားမယ် ဆိုတဲ့ ပိုးကို ဆွပေးသလိုဖြစ်ပြီး...ဓာတ်ပုံရှင့်မှာ တာဝန်ရှိတယ်။ လမ်းစရိတ်တော့မတောင်းတော့ပါဘူး၊ စားစရိတ်ပဲပေး...:P

ခင်မင်စွာဖြင့်

ညခင်းရဲ့လမင်း

purplemay said...

အစ်မ...ပန်းပွဲတော်ကျ ဓါတ်ပုံတွေရိုက်ခဲ့ဦးနော်...:)

Khyl said...

လွမ်းသွားပြီ.... မေမြို့ကို