22 November, 2009

မနေ့က


 
ငါတို့ ပြောခဲ့တဲ့
မုန်းစရာ စကားတွေ
ပြီးတော့
အခု တို့သွားရမယ်
ငါတို့ရဲ့ သီးခြားလမ်းတွေ...
ဘာလို့ဆို
မနေ့က အချစ်က
ဘယ်တော့မှ မတူညီနိုင်။

အချိန်တွေ အချိန်တွေ
ထပ်ကာ ထပ်ကာ
ဂရုမစိုက်ပဲ ပေးတဲ့ ကတိ
ငါ လိမ်ပြီး
သွားတော့မယ်လို့ ပြော
ဒါ မင်း ပိုကံကောင်းဖို့
ငါ ဆန္ဒရှိတာ
ဒါပေမယ့်
မင်းကိုရော ငါ့ကိုယ်ငါပါ လိမ်မိ
ဘယ်လိုပဲ ဖြစ်စေပေါ့
ဒီလို ရာသီမျိုးတော့ တို့မှာ မရှိစေချင်တာ
ကိုယ့်ဆန္ဒပါ။

(သိင်္ဂါကျော်)

MaRia ၏ Yesterday ကို ပြန်ဆိုပါသည်။
 

6 comments:

မိုးစက်အိမ် said...

ဒီလို ရာသီမျိုးတော့ တို့မှာ မရှိစေချင်တာ
ကိုယ့်ဆန္ဒပါ . . . ဘာသာပြန်လေးကောင်းပါတယ်
အမရေ . . . :)

Nge Naing said...

ကဗျာလေး လာဖတ်သွားပါတယ် ညီမရေ

ကျော်ညိုသွေး said...

အသေအချာမတွေးမိတာတောင်
အပေါ်ယံလေးနဲ့ထိတယ်။

Anonymous said...

မင်းကိုရော ငါ့ကိုယ်ငါပါ လိမ်မိ
ဘယ်လိုပဲ ဖြစ်စေပေါ့
ဒီလို ရာသီမျိုးတော့ တို့မှာ မရှိစေချင်တာ
ကိုယ့်ဆန္ဒပါ။

ပြန်ထားပေးတာကိုက ကောင်းလွန်းလို့ဖြစ်မယ် ကဗျာလေး အသက်ဝင်နေတယ်

Anonymous said...

ကဗျာလေးက အဓိပ္ပါယ်ရှိလိုက်တာဗျာ..

လသာည said...

ကဗျာလေး.. ဖတ်လို့ကောင်းလိုက်တာ။ ပုံလေးနဲ့ တွဲ ခံစားမိသွားတော့ ဘာရယ်မသိပဲ ဆွေးသွားတယ်။