15 November, 2009

နတ်သမီးလေးများ


Faerie လို့ခေါ်တဲ့ နတ်သမီးလေးတွေကို သဘာဝလွန် ဝိညာဉ်တွေ အနေနဲ့ ယုံကြည်ကြပြီး ပုံပြင်ဆန်၊ မှော်ဆန်တဲ့ သက်ရှိမျိုးနွယ် အနေနဲ့ ရှိနေဆဲပါ။ Faerie တွေဟာ လူပုံစံနဲ့ ရှိကြပြီး နတ်သားပုံစံရော၊ နတ်သမီးပုံစံရော ရှိကြပြီး လူတွေလိုပဲ နတ်ကောင်း၊ နတ်ဆိုး ရယ်လို့ သူတို့ စိတ်ဓါတ်ပေါ်မူတည်ပြီး ကွဲပြားကြတယ်လို့ ဆိုပါတယ်။ အဲဒီလို နတ်သေးသေးလေးတွေကို သစ်တောအုပ်တွေ၊ စမ်းချောင်းတွေ အနီးနဲ့ ပန်းဥယျာဉ်တွေထဲမှာ တွေ့ရတတ်တယ်လို့ ဆိုပါတယ်။ သူတို့နဲ့ နီးလာပြီ ဆိုရင် … တစ်စုံတစ်ယောက်က ကိုယ့်ကို စောင့်ကြည့်နေသလို ခံစားရပြီး ပတ်ဝန်းကျင်မှာလည်း ဘယ်သူ့မှ မတွေ့ရတာမျိုး၊ ပိုးကောင်လေး တစ်ကောင် ကိုယ့်ကို လာထိသလို ခံစားရပြီး ကြည့်တော့လည်း ဘာမှမရှိတာမျိုး၊ ထူးခြားဆန်းကြယ်တဲ့ မွှေးရနံ ရတာမျိုး တွေ ကြုံရတတ်ပါတယ်။ 

သူတို့ရဲ့ နယ်မြေ အဝန်းအဝိုင်း ထဲမှာ မှိုပွင့်တွေ၊ ကျောက်ဆောင်တွေ ရှိတတ်ပါတယ်။ လူသား တစ်စုံတစ်ယောက် သူတို့ နယ်ထဲ ဝင်လာပြီ ဆိုရင် သူတို့နဲ့ အတူ က ရအောင် လုပ်ဆောင်တတ်ပါတယ်။ သူတို့ ဆီရောက်နေတဲ့ မိနစ်ပိုင်းလောက် ဟာ လူတွေရဲ့ အချိန်နဲ့ ဆိုရင် နှစ်နဲ့ ချီပြီး ကြာသွားတတ်ပါတယ်။ နတ်ကလေးတွေ ဟာ တခြား မှင်စာလို မျိုးနွယ်တွေထဲမှာတော့ အသိဥာဏ် အရှိဆုံး ဖြစ်ပြီး ပါဝါ စွမ်းအားလည်း ရှိကြပါတယ်။ သူတို့ရဲ့ အမြင့်ဆုံး အသုံးအကျဆုံး စွမ်းအားကတော့ ဆွဲဆောင် ညှို့ငင်အား ကြီးမားတာပဲ ဖြစ်ပါတယ်။

အောက်ကပုံလေးတွေကတော့ နတ်သမီးလေးတွေရဲ့ ရာသီအလိုက် နာမည် ပေးထားတဲ့ ပုံလေးတွေပါ။


 
 
 
 

Reference: http://www.dworldonline.com/FAERIE.HTM#BELIEVE

8 comments:

ကိုလူထွေး said...

သူတို့အကြောင်း ဖတ်ဖူးတယ်...
ကာတွန်းကားထဲမှာလည်း ကြည့်ဖူးတယ်...
အခုတော့ လူတွေက သစ္စာမရှိကြလို့ သူတို့က လူမြင်မခံကြတော့ဘူး.. လူတွေရှိတဲ့ နေရာဆီကို ထွက်မလာကြတော့ဘူးတဲ့...

းဝ)

လသာည said...

နတ်သမီးလေးတွေအကြောင်း စိတ်ဝင်စားစရာကောင်းတယ်။ တို့တော့ အခုမှ ဖတ်ဖူးတာ..။ ချစ်စရာလေးတွေနော်.. <3

ဝက်ဝံလေး said...

ကိုလူထွေးက အခုထိ ကာတွန်းကြည့်တုံးကိုးး အဟိုးးးအဟိုးးးးး

မ ရေ ချစ်စရာလေးတွေ နတ်သမီးလေးတွေက

စည်သူ said...

အင်း..
ခုမှပဲ ကြားဖူးတား
အဲဒါဆို ဟုတ်ပြီး..

တစ်ခါတစ်ခါ အဲလိုဖြစ်တယ်
သရဲခြောက်သလိုလို ဘာလိုလိုနဲ့..

စိတ်ထဲမှာလည်း နောက်က ဘယ်သူလိုက်လာပါလိမ့် ဆိုပြီး ပြန်ပြန်လှည့်ကြည့်မိတာ ဘူမှလည်း ကျိဘူး.

ပြောပြော်ဆိုဆို ဟီးဟီး.း)

ညီညီ said...

အင်းနော် အစ်မ. ဆန်းကြယ်တယ်နော်.။ အသဲတော့ ယားစရာပဲ. ဘာမှမမြင်ရပဲ ကိုယ့်ကို ကြည့်နေသလို ခံစားရရင် တစ်မျိုးကြီးဖြစ်နေမှာပေါ့နော်.။

ခင်တဲ့

ညီညီ

အဖြူရောင်နတ်သမီး said...

နတ်သမီးဆိုလို့ အမျိုးတော်ရအောင်လာကြည့်တာ...
ချစ်စရာလေးတွေနော်...
ဆိုက်ပရပ်စ်မှာလည်း လူနတ်သမီးတယောက်ရှိတယ်နော်..
လာလည်ပါအုံး...
နတ်သုဒ္ဒါရေခဲမုန့်ကျွေးပါ့မယ်..

ရွှေရတုမှတ်တမ်း said...

နတ်သမီး..နတ်သမီး..နဲ့ ..
လက်စသတ်တော့ မှိုအောက်နေတာကိုး...

Khyl said...

ချစ်စရာလေးတွေနော်... :)