16 November, 2009

သူငယ်ချင်းလို့ ဆက်မခေါ်ချင်



သူမနှင့်ကိုယ် တွေ့တာ တစ်နှစ်ကျော်ခဲ့ပြီ။ ဒီမှာက သူငယ်ချင်းလည်း သိပ်မရှိ၊ အပြင်လည်း သိပ်မထွက်ဖြစ်တော့ ကျောင်း မသွားရသည့် နေ့များမှာ online မှာသာ တစ်နေကုန် ရှိနေဖြစ်သည်။ Course Subject တွေကုန်အောင် ဖြေနေစဉ် ကတည်းက သူမနှင့် သိခဲ့ခြင်းဖြစ်သည်။ အစပိုင်းကတော့ Internet ပေါ်မှာ စာနှင့် ပတ်သက်တာပဲ ရှာဖြစ်သည်။ Chatting လည်း မရိုက်တတ်။ မြန်မာ သူငယ်ချင်း တစ်ချို့၏ အကြံဥာဏ်ပေးမှု နှင့် Personal Websites များမှာ ၀င်သည်။ သူငယ်ချင်းတွေ ရလာသည်။ Chatting လုပ်ရခြင်း ကို ပျော်မွေ့လာသည်။ အားသည့် အချိန်များမှာ လေ့လာရင်းနှင့် Computer ၊ Internet တို့နှင့် အကျွမ်းဝင်လာသည်။ Thesis သက်သက် လုပ်နေရချိန်ကျတော့ အချိန်ပိုရလာသည်။

Online Friend တွေ အများကြီး ရှိသော်လည်း တချို့က ၀ါသနာမတူ၊ အသက်အရွယ် အတွေးအခေါ် အတော် ကွာခြားသူတွေ ပါသည်။ အမှန်မပြောပဲ အလိမ်အညာ တွေနှင့် အပျော်သဘော Chat ကြသူတွေများသည်။ နိုင်ငံခြားသား တွေလည်း ပါသည်။ အဲဒီလို အများကြီး ထဲကမှ သူမတစ်ယောက်ကတော့ မှတ်မှတ်ထင်ထင် နှင့် အချိန်အတော်ကြာ သူငယ်ချင်း ဖြစ်နေခဲ့သည်။

(သူငယ်ချင်း အရင်း တွေကတော့ ဟိုးအရင် တင်တုန်းက ဖတ်ပြီးသား ဖြစ်မှာပါ။ မဖတ်ရသေးတဲ့ သူငယ်ချင်းများ အခုလထုတ် သံလွင်အိပ်မက် မှာ သွားဖတ်လိုက်ပါနော်...)



12 comments:

linn said...

အရေးအသားလေး ညက်နေတာပဲ ... Online ပေါ်မှာ ဘယ်သူ့မှ သိပ်ယုံစရာ မကောင်းပေမဲ့ ဘလော့ဂ်ပေါ်က သူငယ်ချင်းတွေကိုတော့ စိတ်တူကိုယ်တူ မဟုတ်တောင် ရင်ဘတ်တူသူများလို့ နားလည်ယုံကြည်ချင်စိတ်က ရှိနေတယ် ... ဘာပဲဖြစ်ဖြစ် ၀ထ္ထုလေးတော့ ဖတ်လို့ ကောင်းတယ် ... အရေးအသား ဘာမှပြောစရာ မလိုဘူးပဲ ...

အဖြူရောင်နတ်သမီး said...

အင်း...အပေါ်က “လင်း”ပြောသလိုပါပဲ..
ဇာတ်လမ်းအနေနဲ့တော်တော်လေးကိုဖတ်လို့
ကောင်းပါတယ်...။ဇာတ်အိမ်လေးကိုထပ်ချဲ့ပြီး
videoရိုက်လို့ရတဲ့ဇာတ်လမ်းမျိုးလေးပါပဲ..။
အပြင်မှာ အဲဒီလို တိုက်ဆိုင်ဖို့ဆိုတာကတော့
ရှိတော့ရှိမယ်..ဒါပေမယ့် ရှားပါတယ်...။
နောက်ဆုံးကောက်ချက်ချတာကတော့...
အရမ်း..အရမ်းကို...ဖတ်လို့ကောင်းတာပါပဲရှင်....။

(ခင်မင်ရင်းနှီးစွာဖြင့်)

Anonymous said...

ဟုတ်တယ် တအားကို ဖတ်ကောင်းတာပဲ..။ ကြိုက်တယ် နောက်လည်းရေးဦး။ (အဲ ဇော်ကန့်လန့် မဖြစ်အောင်လည်း ဂရုစိုက်:P)

ဝက်ဝံလေး said...

မ က ဒါမျိုးလဲ ရတယ်နော် ဟဲဟဲ မိုက်တယ်ရွေ နိပ်ဟ ဟိဟိ

ဟို မှုခင်း သည်းထိတ်ရင်ဖိုလိုဟာမျိုးလဲ လုပ်ဦးလေ နော်

ဘိုင် တာ့တာ

Anonymous said...

အရေးအသားကြိုက်တယ်ဗျ...

ဆောင်းယွန်းလ said...

ညီမလေးရေ..သွားဖတ်လိုက်ပြီ
ဇာတ်ညွှန်းရေးပါလား...ကောင်းတယ်..
စိတ်ဝင်စားစရာဖြစ်အောင် ဇာတ်ကွက်ဆင်တတ်တယ်
နာမည်ကြီးဇာတ်ညွှန်းရေးဆရာမဖြစ်သွားနိုင်တယ်

Doughnut IO said...

အင်း ...

အတွေးတူနေတာပဲနော်။ (တူနေသည်ဟုသာ ဖတ်ပါ၊ မည်သို့မျှ စွပ်စွဲခြင်း မရှိ)

ဒါလေးဖတ်ကြည့်ပါလားနော်။ (တူနေလို့ ပေးဖတ်တာပါ)

http://tales.lawshay.com/2008/06/blog-post_21.html

ရွှေပြည်သူ (ShwePyiThu) said...

သံလွင်အိပ်မက်မှာ အပြေးသွားဖတ်လိုက်ပါတယ် အစ်မသိင်္ဂါကျော်ရေ... အရေးအသား သိပ်ကောင်းတာပါပဲ...

Nge Naing said...

သင်္ဂါကျော်ရေ
ဖတ်သွားပါတယ်။ စာအရေးအသား သိပ်ကောင်းတော့ သိပ်ကို ဖတ်လို့ ကောင်းပြီး ဆွဲဆောင်မှု ရှိပါတယ်။ ဒါပေယ့် အဖြစ်အပျက်တွေမှာတော့ လက်တွေ့ဘ၀နဲ့ စိတ်ကူးယဉ်တာ ကွာမှာ သေချာပါတယ်။ ဒီပို့စ်ကို ဖတ်ပြီး အွန်လိုင်းပေါ်မှာ တွေ့ပြီး ညားကြတဲ့ စုံးတွဲနှစ်တွဲအကြောင်းကို ရေးချင်စိတ် ဖြစ်လာပါတယ်။ နောက်ရေးဖြစ်လိမ့်မယ် ထင်တယ်။

ကိုလူထွေး said...

မဂ္ဂဇင်းကြီးတခုနဲ့ တူသလိုပဲလို့ ထင်နေတုန်းမှာ သံလွင်အိပ်မက် ဖြစ်နေတာကိုး...

းဝ)

ဝေလင်း said...

စကားပြေအရေးလည်းကောင်းတာပဲဗျ။ အပေါ်က ကဗျာလေးတွေဖတ်ပြီး ကောင်းတယ်ဆိုပြီး စိတ်ထဲမှာ ချီးကျူးလာတာ။ စကားပြေကျတော့လည်း မညံ့တာတွေ့ပြန်ရော။ အရေးအသားနဲ့ အတွေးကိုတော့ သဘောကျတယ်။ ဒါပေမယ့် အွန်လိုင်းပေါ်က အချစ်အတွက် လက်တွေ့ဆန်တဲ့ ဘ၀တစ်ခုကို ငြင်းပယ်ကြတာ၊အွန်လိုင်းပေါ်က အချစ်ကိုတော့ သဘောမကျတာ အမှန်ပဲ...ဒါပေမယ့် အွန်လိုင်းပေါ်မှာတွေ့လည်း ချစ်နိုင်တာပဲ၊ အပြင်မှာတွေ့လည်း ချစ်နိုင်တာပဲ။ ချစ်တာချင်းအတူတူဘာကွာလို့လည်းမေးလာရင်လည်း မဖြေတတ်ဘူး။ ပြီးတော့ ဇာတ်သိမ်းထားတာလေးကိုသဘောကျတယ်။ သူတို့ဘယ်လိုဆုံးဖြတ်တယ်ဆိုတာကို ရေးမထားလို့..။ ရေးလိုရင် ၀တ္ထုရဲ့ ရသက တစ်မျိုးဖြစ်သွားမယ်ထင်တယ်။ အွန်လိုင်းပေါ်မှာ သူငယ်ချင်းအဖြစ်ပဲခင်မယ်ဆိုတဲ့သူကို အပြင်မှာ အိမ်ထောင်ဘက်အနေနဲ့ တွေ့လိုက်ရတော့ .......?
အွန်လိုင်းပေါ်မှာချစ်ပေမယ့် အပြင်မှာ ကိုယ်ငြင်းလိုက်တဲ့ အိမ်ထောင်ဘက်က ကိုယ်ချစ်နေမိတဲ့သူဖြစ်နေတော့...?
တွေးစရာလေးတွေအများကြီးပဲ....ဘာပဲပြောပြော နှစ်နှစ်ချိုက်ချိုက် ဖတ်သွားပါတယ်....

Khyl said...

ဖတ်လို့ တကယ်ကောင်းတယ်... အရမ်းကိုကြိုက်သွားတယ်... :)