13 June, 2010

ဘဝရဲ့ ရွေးချယ်မှု

ရွေးချယ်စရာတွေ အပြည့်နဲ့ ဘဝမှာ
မှန်တဲ့ တစ်ခုကိုသာ သေချာရွေးကောက်တတ်ဖို့လိုရဲ့
အသံတွေကို နားမထောင်ပါနဲ့
မင်းရင်ထဲက စကားပဲ ကြားအောင်လုပ်ရင် မင်းနိုင်မှာပဲ။

လူတွေအများကြီးက မင်းကို ပြောကြလိမ့်မယ်
မင်းပြောင်းလဲဖို့ လိုအပ်တယ်လို့..
သူတို့အမြင်ကို လက်မခံလိုက်လေနဲ့
ကြီးကျယ်မြင့်မြတ်တဲ့လူဆိုတာ စာအုပ်တွေထဲမှာပဲ ရှိတယ်လေ။

တစ်ခုတည်းသော အသံကိုပဲ
မင်း နားထောင်သင့်တာ
အဲဒါက မှန်ကန်တဲ့ ရွေးချယ်မှုအတွက် အထောက်အကူဖြစ်စေမှာ
အဲဒါက မင်းအတွက် အကောင်းဆုံးဖြစ်စေမှာ။

မင်းကိုယ်တိုင်ကိုပဲ ကြည့်လိုက်ပါ
မင်းကို အမြဲတမ်းချစ်တဲ့ တစ်စုံတစ်ယောက်ရှိနေတယ်
မင်းဘယ်တော့မှ တစ်ယောက်တည်းမဖြစ်ပါဘူး
မှန်ကိုသာ ကြည့်လိုက်ပေါ့
ဘယ်သူလဲ ဆိုတာ မင်းမြင်လိမ့်မယ်။

သိင်္ဂါကျော်


Rose ရဲ့ Life's Choices ကို ပြန်ဆိုပါတယ်။


ပုံကိုတော့ ဒီနေရာ က ယူထားပါတယ်။


20 comments:

လင်းဒီပ said...

ရှုပ်ထွေးတဲ့ ဘဝလမ်းကြောင်းအတွက် တွေးစရာပေးတဲ့ ကဗျာလေးပါပဲ ။

Maung Myo said...

ကျနော် ဒီကဗျာကို ဘာသာပြန်လို့ထင်တယ် ဘာကြောင့်ဆို စာသားတွေက ဒဿနဆန်ပြီး အနှစ်ရှိလွန်းလို့ ။

မင်းရင်ထဲက စကားပဲ ကြားအောင်လုပ်ရင် မင်းနိုင်မှာပဲ။

ကြီးကျယ်မြင့်မြတ်တဲ့လူဆိုတာ စာအုပ်တွေထဲမှာပဲ ရှိတယ်လေ။

အရမ်းကောင်းတဲ့ စာကြောင်းလေးတွေပါပဲ ကျေးဇူးးအထူးတင်ပါတယ်

ဒီကဗျာကိုဖတ်ပြီးရလိုက်တယ် မိမိကိုယ်သာ အားကိုရာ ဆိုတဲ့ စကားပုံပေါ့ ။

ဆောင်းနှင်းရွက် said...

စိတ်ဓာတ်ကျနေတဲ့ အချိန် မှာ
ဖတ်ဖို့ကောင်းတဲ့ ကဗျာ တစ်ပုဒ်ပဲ ...

တစ်ချို့ စာကြောင်းလေး တွေ
မှတ်သွားပါတယ် ...

မြစ်ကျိုးအင်း said...

ဒဿန ဆန်တဲ့ ကဗျာ မို့လို့နဲ့တူတယ်
စာကြောင်းတိုင်းက တိကျလေးနက်ပြီး အားမာန်ပါနေတယ်။

အပေါ်ဆုံး အပိုဒ်လေး သဘောကျတယ်
အသံတွေကိုသာ နားထောင်နေရင် ကျနော်တို့ ရည်ရွယ်ရာ လမ်းကြောင်းတွေ လွဲသွားနိင်တယ်။

ကိုအောင် said...

ရွေးချယ်ခွင့်ရထားတဲ့ ဘ၀ကို ပိုင်ဆိုင်ရင်တော့
ရွေးချယ်တာဟာ ကောင်းပါတယ်။ တချို့ တချို့
တွေကြတော့ ရွေးချယ်ခွင့် မရကြပါဘူး။ ကဗျာ
က ကောင်းပါတယ်၊ အားပေးလျက်။

ဆောင်းယွန်းလ said...

သိပ်သေချာတာပေါ့...ကဗျာလေးကောင်းတယ်။
ကိုယ့်ကိုယ်ကိုသာကိုးကွယ်ရာလေ...

blackroze said...

ကဗျာလေးကအတွေးတွေပါတယ်..ကောင်းတယ်
တကယ်တော့ကိုယ့်ကိုဘယ်သူအချစ်ဆုံးလဲဆိုတာ
မှန်ထဲကိုကြည့်မှဘဲမြင်ရတယ်ဆိုတာ
အရမ်းမှန်ပါတယ်

Dhamma Latsaung said...

မှန်ကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုမုန်းနေတဲ့လူတွေလည်း
အများကြီးရှိနေပါတယ်..လူတိုင်းတော့မဟုတ်ဘူးပေါ့
အရှင်ဝိစိတ္တ (မနာပဒါယီ)blog မှာရေးထားတာလေး
ဖတ်လိုက်ရပါတယ်..ကိုးရီးယားမှာတနှစ်ကို လူပေါင်း
တစ်သောင်းလေးထောင်ခန့် ကိုယ့်ကိုယ်ကိုသတ်သေကြ
တယ်လို့ ဆိုပါတယ်...
လူဆိုတာကကိုယ်တိုင်လည်းအသိဥဏ်ပညာရှိရမှာပါ။
သူတပါးအပြောကြီးပဲလက္ခံလိုက်နာစရာမလိုသလို
အားလုံးကိုလည်းငြင်းပယ်ဖို့ မသင့်ဘူး...
ကိုယ့်အကျိုးကိုလိုလားတဲ့မိတ်ကောင်းဆွေကောင်းတွေ
လောကကြီးမှာရှိနေပါတယ်...ကလျာနမိတ္တဆိုတာ
ဘ၀မှာအလွန်အရေးကြီးပါတယ်...
ဘုရားရှင်တောင်မှပါရမီဖြည့်တဲ့သူမရှိပဲနဲ့ ဘုရားမဖြစ်ခဲ့ပါဘူး...။
(ထင်မြင်မိတာလေးပါ...မှားသွားရင်ခွှင့်လွှတ်ပါနော်)

လသာည said...

ဘ၀မှာ လမ်းရွေးမှန်ဖို့ တကယ်လိုတာပေါ့..။
အတွေးများစွာပေးတဲ့ ကဗျာကောင်းလေးပါပဲ။

သော်ဇင်စိုး said...

ဘယ်လိုပြောရမလဲ နည်းနည်းအတ္တကြီးတယ်လို့ပဲ ပြောရမလား.. လူတွေမှာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်ဖို့အတွက် ကိုယ့်ကိုယ်ကို ထုဆစ်ရတဲ့ အချိန်တွေလည်းရှိပါတယ်.. ကိုယ်လုပ်ချင်တာကိုယ်လုပ်လို့ရရင်တော့ အကောင်းဆုံးပေါ့ဗျာ.. ဒါပေမဲ့ တစ်ယောက်တည်းနေတဲ့လောက မဟုတ်တော့ ကျနော်ကတော့ ကျနော်တို့အားလုံးဟာ နေ့ရှိသ၍ ပြုပြင်ပြောင်းလဲခံနေရတဲ့ သတ္တ၀ါတွေလို့ မြင်ပါတယ်..
လေးစားလျက်......

သဒ္ဓါလှိုင်း said...

အသိတရားလေးရသွားပါတယ်..။

ခင်တဲ့
သဒ္ဓါ

အင်ကြင်းသန့် said...

ကဗျာလေးဖတ်ပြီး အတွေးတွေ ရသွားတယ်။ ကဗျာကောင်းလေးကို ပြန်ဆိုပေးလို့ ကျေးဇူးပါနော်။

Anonymous said...

ကြီးကျယ်မြင့်မြတ်တဲ့လူဆိုတာ စာအုပ်တွေထဲမှာပဲ ရှိတယ်လေ။
totally agree.

Great poem...,nyima.
Thanks for sharing.

Myatnoe

သိ င်္ဂါ ရ said...

သူငယ်ချင်းတစ်ယောက်က ပြောဖူးသား ...

Listen to your BODY တဲ့ ...

တော်တော် အသုံးတည့်တဲ့ စကားထင်ပ ဗျာ ... :)

မြတ်မွန် said...

ဖတ်သွားတယ် မမ..

flowerpoem said...

ဘာသာပြန်ကဗျာလေး လာဖတ်ပါတယ် ရှင်..
တွေးစရာတွေလည်းများသွားပါတယ် :)

Angel Shaper said...

အားအင်တွေ တချို့ပေးလိုက်တယ်....
ကျေးဇူးတင်တယ် ချစ်မရေ....

မိုးခါး said...

လူတွေအများကြီးက မင်းကို ပြောကြလိမ့်မယ်
မင်းပြောင်းလဲဖို့ လိုအပ်တယ်လို့..
သူတို့အမြင်ကို လက်မခံလိုက်လေနဲ့
ကြီးကျယ်မြင့်မြတ်တဲ့လူဆိုတာ စာအုပ်တွေထဲမှာပဲ ရှိတယ်လေ။

စဉ်းစားသွားပါတယ်
အဲလောက်တောင် ရှားပါးနေပါပြီလားဆိုတာကိုပေါ့

သိင်္ဂီ said...

ကြိုက်တယ်...

ကိုလူထွေး said...

မှန်ကိုတော့ကြည့်တာပါပဲ
ဒါပေမယ့် ပြဒါးသုတ်မထားတော့ ဝါ့ ဘီလိုလုပ်ရမီလဲ....

းဝ)