04 November, 2010

Two Days in Amritsar


ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက်က Chandigarh နဲ့ ၂၁၇ ကီလိုမီတာ ဝေးတဲ့ Amritsar ကို ကျောင်းက စီစဉ်ပေးတဲ့ ကားနှစ်စီးနဲ့ သွားခဲ့ပါတယ်။ Amritsar အကြောင်း သိချင်ရင်တော့ wiki မှာပဲ ဖတ်ပါတော့နော်..။ စာရေးရမှာ ပျင်းနေလို့ပါ။ အောက်က ပုံကတော့ Macdonald မှာ ရပ်တုန်း ရှေ့မှာ တွေ့တဲ့ အဆောက်အအုံကို ရိုက်ခဲ့တာပါ။

Amritsar ကို ရောက်တော့ ပထမဆုံး Memorial Park တစ်ခုကို ဝင်ပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက ကျဆုံးသွားတဲ့ သူရဲကောင်းတွေကို အမှတ်တရ အနေနဲ့ တည်ထားတဲ့ နေရာလို့ ပြောပါတယ်။


အဲဒီနောက်တော့ Amritsar ရဲ့ ထင်ရှားတဲ့ Golden Temple ကို သွားခဲ့ပါတယ်။ တနင်္ဂနွေနေ့လည်း ဖြစ်နေတော့ လူတွေကတော့ တော်တော်ကို စည်ကားနေပါတယ်။


အတွင်းထဲကို ဝင်ဖို့ တန်းစီနေတဲ့ လူတွေ အရမ်းများနေလို့ ကိုယ်တို့လည်း မဝင်တော့ပဲ အပြင်ဘက်မှာပဲ ဓါတ်ပုံ ပတ်ရိုက်ပြီး ပြန်ထွက်ခဲ့ပါတယ်။


ဒါက လမ်းမှာ ကားပေါ်ကနေ လှမ်းရိုက်ထားတဲ့ ပုံပါ။

အဲဒီနောက်တော့ ပါကစ္စတန် နယ်စပ်မှာ နေ့စဉ် လုပ်နေကျ အလံ အတင် အချ အခမ်းအနားကို သွားခဲ့ပါတယ်။ အဲဒီကို လာတဲ့ လူတွေ အရမ်းများလို့ ရှားရှားပါးပါး ပွဲတော်များလား မှတ်တယ်။ နေ့တိုင်း လုပ်နေကျ ဆိုပဲ။ မနက်တိုင်း အလံတင်ပြီး ညနေ နေဝင်ကာနီးတိုင်း အလံချတဲ့ အခမ်းအနားကို ကြီးကြီးကျယ်ကျယ် လုပ်ကြပါတယ် တဲ့။ ပရိတ်သတ်ထဲက အမျိုးသမီးတွေ နှစ်ယောက်တွဲ နှစ်ယောက်တွဲ အလံတိုင်ကို ကိုင်ပြီး အပြေးပြိုင်ကြပါတယ်။ အဲဒီနောက် မြူးကြွတဲ့ Punjub Music နဲ့ ကချင်တဲ့ လူတွေ အားလုံး အပြင်ထွက်ပြီး ကကြ ပါတယ်။ နောက်တော့ ထူးခြားတဲ့ ရဲဝတ်စုံ ဝတ်ထားတဲ့ အမျိုးသမီး နဲ့ အမျိုးသားတွေက သရုပ်ပြကြပါတယ်။ နောက်ဆုံးမှာ အိန္ဒိယ အလံနဲ့ ပါကစ္စတန် အလံကို အလံတိုင်ကနေ ချပြီး အခမ်းအနား ပြီးဆုံးသွားပါတယ်။






အဲဒီညက Volga Hotel မှာ တည်းပါတယ်။


နောက်တစ်နေ့ မနက်ကျတော့ Amritsar ကနေ ၁ နာရီခွဲလောက် သွားရတဲ့ Science City ကို သွားကြပါတယ်။






အဲဒီမှာ Dinosour Park လည်း ရှိပါတယ်။ တကယ့်ကို အသက်ဝင်တဲ့ အရုပ်တွေပါပဲ။












ဘလော့ကို ပစ်ထားတာလည်း ကြာသွားပါပြီ။ ပြန်ကာနီးပြီ ဆိုတော့ ညညဆို သူငယ်ချင်းတွေကလည်း လာလာ စကားပြောကြတာနဲ့ တကယ်ကို စာလည်း မရေးဖြစ်ပါဘူး။ Final Project အတွက်လည်း နည်းနည်း ပါးပါး လုပ်နေရသေးတာမို့ပါ။ နောက် တစ်ပတ်၊ နှစ်ပတ် လောက်တော့ စာရေးဖြစ်ဦးမှာ မဟုတ်ပါဘူး။ လာလည်တဲ့ သူတွေကို ကျေးဇူးပါနော်...။

သိင်္ဂါကျော်

20 comments:

The`The` said...

I came and viewed your blog. Thanks for sharing.

သော်ဇင်စိုး said...

ဓာတ်ပုံတွေ ကြည့်သွားတယ်ဗျ.. ဓာတ်ပုံတွေ အရမ်းလှတယ်..

ဝက်ဝံလေး said...

ဓာတ်ပုံတွေ ကြည့်သွားတယ် မ ရေ
ဇာတ်လမ်းလေးတွေ ဘာတွေလဲ ရေးဦးနော် မ သိလား
တာ့တာ

ဖိုးကြယ် said...

ပုံတွေက ဗဟုသုတရစေတယ် ကျေးဇူးတင်ပါတယ် :)

ခင်တဲ့(ဖိုးကြယ်)

~ဏီလင်းညို~ said...

ဓာတ်ပုံလေးတွေကြည့်လို့ ကျေးဇူးဗျိုး..........။
အဆောက်အအုံတွေ အတော်ကောင်းတာပဲကိုးဗျနော့်......။

ခင်မင်ခြင်းအားဖြင့်........
ဏီလင်းညို

ကိုဇော် said...

ဓါတ်ပုံ ရိုက်ချက်တွေ တော်တော်ကို ကောင်းတယ်။
အဆောက်အဦးတွေကတော့ ပြောစရာကို မလိုအောင် ထည်တယ်ဗျာ။ အားကျပါတယ် ၊ ကိုယ်တွေလည်း တိုးတတ်စေချင်တယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

Golden Temple ကတော့ လူများချက်...
အဆောက်အဦးတွေများကောင်းလိုက်တာနော်
အကောင်တွေတော့ အတော်သဘောကျတယ်
မြန်မာပြည်ပြန်လာရင် သယ်လာခဲ့ရင် သိပ်ကောင်းမှား)

ငွေလမင်း said...

မရောက်ဖူးတဲ့ နေရာဒေသတွေကို အခုလို ဓါတ်ပုံထဲမှာကြည့်လိုက်ရလို့ သဘောကျပါတယ်

Anonymous said...

HAPPY DIWALI !!!

လသာည said...

အလံအတင်အချလုပ်တာလေး တော်တော်စည်ကားတယ်နော်။ ..

ခရီးသွားရင်း မအားတဲ့ကြားက ဓါတ်ပုံတွေနဲ့ ဝေေ၀ဆာဆာ တင်ပေးတာ ကျေးဇူးတင်ပါတယ်။ ကိုယ်တိုင်မရောက်ရပေမယ့် ရောက်ရသလိုပါပဲ

sosegado said...

စုံနေအောင်ရောက်ခဲ့တာပဲ ဓါတ်ပုံတွေကြည့်သွားတယ်

Cameron said...

သိဂါင်္ရေ...ဗဟုသုတတွေ စုံစုံလင်လင်ဝေမျှပေးတဲ့အတွက ကျေးဇူး...ညီမ...။
ခုတလော လိုင်းမကောင်းလို့ ဘယ်မှမရောက်ဖြစ်ဘူး..။

ခင်တဲ့
မိုးငွေ့

Anonymous said...

အ ပါးပါး...များလိုက်တဲ့ လူအုပ်ကြီးတွေ...
သူတို့ နိုင်ငံကိုဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ
အချိန်ပေးပြီးပြသနေသလိုပဲ။
အဆောက်အဦးတွေ တော်တော် အနုပညာမြောက်
လွန်းတယ်။ :)ဗိသုကာ ပညာကတော့ ဒိုင်နိုဆော
တွေမြင်ယုံနဲ့ သိသာနေပြီ...Sharing အတွက်
ကျေးဇူးပါ မရေ။ အခွင့်ရှိရင်တော့ ရောက်ခဲ့အုန်းမယ်။ :)..ခင်မင်လျှက်...ခင်မာလာအောင်..:)
Link လေးယူသွားတယ် မရေ ။:)

မောင်သီဟ said...

ဒိုင်နိုဆောတွေကြည့်သွားတယ်အစ်မရေ
သွားလည်ချင်တယ်ဗျား
ပုံတွေရှုခင်းတွေက အပန်းပြေစရာ အပန်းဖြေစရာကောင်း
တယ် ရောက်ဖူးချင်သား

blackroze said...

ပုံတွေကြည့်သွားတယ်မရေ..

မြတ်မွန် said...

ကလေးတွေတော်တော်ပျော်ကြမယ်နော် ဒိုင်နိုဆောတွေ မိုက်တယ်။

နေသွေး(ဘရာဗို) said...

ပျော်စရာကြီးး)

ဇွန်မ said...

ဗဟုသုတရတယ် ဖြန့်ဝေပေးတဲ့အတွက် ကျေးဇူးနော်။

မိုးစက်အိမ် said...

ဓာတ်ပုံရိုက်ချက်လေးတွေကကြည်နေတာဘဲ ဓာတ်ပုံလည်း
အရိုက်ကောင်းတယ်ဆိုတာသိသွားပြီ :)

အိမ့်ချမ်းမြေ့ said...

သိင်္ဂါကျော်ရဲ့ ခရီးသွားပိုစ်တွေ တော်တော်များများကို မလေး မွှေနှောက်သွားပါတယ်။ ဝေမျှတာကျေးဇူးလည်းတင်ပါတယ်။ ကိုယ်ရောက်ချင်တဲ့ နေရာလေးကို ရောက်နေတဲ့တွက်လည်း အားကျမိပါတယ်။

ခင်မင်လျှက်..
မလေး