21 October, 2010

ပန်းရောင် မြို့တော်သို့ တစ်ခေါက်


အရင်အပတ် စနေနေ့ညက Chandigah ကနေ Jaipur ကို ညရထားနဲ့သွားခဲ့ပါတယ်။ ချန်ဒီဂါက ည ၉ နာရီမှာ ထွက်တဲ့ ရထားက ဂျိုင်ပါ ကို မနက် ၇ နာရီ ခွဲလောက်မှာ ရောက်ပါတယ်။ ဘူတာရုံက နားနေခန်းမှာပဲ မျက်နှာသစ်၊ ရေချိုးချင်တဲ့ လူက ရေချိုး၊ မနက်စာ စားပြီး တော့ ဘတ်စ်ကားနဲ့ မြို့ထဲကို သွားပါတယ်။ ပထမ သွားမယ့် နေရာက အောက်က ပုံမှာ ရိုက်ထားတဲ့ Museum ပါ။ ဒါပေမယ့် အဲဒီနေ့က တနင်္ဂနွေနေ့ ဆိုတော့ ပြတိုက် ပိတ်ထားတာနဲ့ မဝင်ခဲ့ရပဲ အပြင်ကပဲ ဓါတ်ပုံရိုက်ပြီး နောက်တစ်နေရာကို သွားပါတယ်။


Jaipur မြို့ကို ၁၇၂၇ မှာ မဟာရာဂျာ Jai Singh က တည်ထောင်ခဲ့ပြီး အခုအခါမှာတော့ Pink City ရယ်လို့ ထင်ရှားပါတယ်။ တစ်မြို့လုံးမှာ ရှေးဟောင်းလက်ရာ အုတ်ရောင် အဆောက်အအုံတွေနဲ့ ပြည့်နှက်နေပါတယ်။


နောက်ထပ် သွားတဲ့ နေရာကတော့ Jantar Manar ပါ။ ၁၇၂၈ မှာ Savaii Singh က စတင် တည်ထောင်ခဲ့ပြီး နက္ခတ္တဗေဒ ကို လေ့လာဖို့ ဖြစ်ပါတယ်။ အချိန်နာရီကစလို့ ကြယ်၊ ဂြိုဟ် အသွားအလာ၊ ရာသီစက်ဝန်း အပြောင်းအလဲ၊ နေကြတ်၊ လကြတ် စတာတွေကို တွက်ချက်ဖို့ ကိရိယာပေါင်း ၁၃ ခု တည်ဆောက်ခဲ့တယ် လို့ ဆိုပါတယ်။  Guide က ရှင်းပြပေမယ့် နေကလည်း အရမ်းပူနေ၊ ဓါတ်ပုံရိုက်ချင်ဇောကလည်း များနေတော့ ဘယ်ဟာက ဘာဆိုတာ သေချာတော့ နားမလည်ခဲ့ပါဘူး။




ဒီအဝိုင်းကြီးကတော့ နာရီပါ။ အရိပ်ကျနေတဲ့ နေရာလေးက လက်ရှိရောက်နေတဲ့ အချိန်ဖြစ်ပြီး သူတို့ရဲ့ Local time အရ အတိအကျ မှန်ပါတယ်။ ပုံမှန် indian စံတော်ချိန်နဲ့တော့ မိနစ် အနည်းငယ် ကွာပါတယ်။


အောက်ကလို ပုံစံမျိုးနှစ်ခု ရှိပါတယ်။ နေအသွားအလာ တွက်ချက်တာနဲ့ မိဿ၊ ပြိဿ၊ ဓနု စတဲ့ ရာသီခွင် အပြောင်းအလဲကို တွက်ချက်တာပါ။






နောက်ထပ် ဓါတ်ပုံရိုက်ဖို့ ဆိုပြီး ရပ်ပေးတဲ့ နေရာကတော့ Jal Mahal ပါ။ ရေလည်က နန်းတော်လို အဆောက်အအုံကို လှမ်းမြင်နေရပါတယ်။ Man Saggar Lake ရဲ့ အလည်က နွေရာသီ နန်းတော်ပါ။



အဲဒီနောက် စားသောက်ဆိုင် တစ်ခုမှ နေ့လည်စာ အတွက် ရပ်ပေးပါတယ်။ ပြီးတော့ တောင်တက်လမ်းကို ဆက်သွားကြပါတယ်။ အောက်က ပုံတွေကတော့ နောက်က ကားအကြီးကို စောင့်ရင်းနဲ့ ဓါတ်ပုံရိုက်ချင်ရိုက်ဖို့ ဆိုပြီး ရပ်ပေးတဲ့ နေရာကနေ ရိုက်ထားတာပါ။ ကိုယ်တို့က ကားအသေးနဲ့မို့ အရင်ရောက်နှင့်နေတာပါ။



တောင်ပေါ်ရောက်တော့ ရှည်လျားတဲ့ တံတိုင်းကြီးကို တွေ့ရပါတယ်။ ဘယ်နေရာမှန်းလည်း သေချာတော့ မသိပါဘူး..။ နေကပူ ပင်လည်း ပင်ပန်းနေကြပါပြီ။ အခု ရှာကြည့်တော့ Nahargarh Fort လို့ ထင်ပါတယ်။






နောက်တစ်နေရာကတော့ Amber Fort လို့ထင်ပါတယ်။ သေချာတော့ မသိဘူး။ မန္တလေးတောင် တက်သလိုပဲ အပေါ်ကို ဂျစ်ကားနဲ့ သတ်သတ် ထပ်တက်ရပါတယ်။






အဲဒီကပြန်တော့ အိန္ဒိယ အမှတ်တရ ပစ္စည်း၊ ဒေသထွက် အဝတ်အထည်တွေ ရောင်းတဲ့ ဆိုင်တစ်ဆိုင်မှာ ရပ်ပေးပါတယ်။ ဈေးလည်းနည်းနည်းကြီးတော့ ဘယ်သူမှတော့ ဝယ်ဖို့ကို သိပ်စိတ်မဝင်စားကြပါဘူး။ အားလုံးက ပင်ပန်းနေကြပါပြီ။ တစ်ချို့က အဲဒီလို ခရီးထွက်တဲ့ အလေ့အထ သိပ်ရှိပုံ မရပါဘူး။ အမျိုးသားတွေက အစ အတော်ပင်ပန်းတဲ့ ပုံတွေနဲ့...။ ပြောရရင် ကိုယ်ကတော့ အဲလောက်ကြီး မဟုတ်ဘူး.. ဟီး.. ခရီးသွားရရင်ကို ပျော်နေတာ ဆိုတော့ အဲလောက် ပင်ပန်းတာကတော့ အပျော့ပါ။ မြန်မာနိုင်ငံမှာလည်း ဒီလိုပဲ သွားနေတာပဲလေ...။


အောက်က ပုံက ကားပေါ်ကနေ လှမ်းရိုက်ထားတာပါ။ Hawa Mahal ဆိုတဲ့ အဆောက်အအုံပါ။


အောက်ကပုံကတော့ နောက်ဆုံး သွားခဲ့တဲ့ နေရာပါ။ မှောင်စလည်း ပျိုးနေပါပြီ။ အတွင်းအထိတောင် မဝင်ပဲ အပြင်မှာပဲ ဓါတ်ပုံရိုက်ပြီး ပြန်ထွက်လာခဲ့ပါတယ်။



အဲဒီကပြန်တော့ MacDonald မှာ ညနေစာ ဝင်ဝယ်ပြီး ကားပေါ်မှာပဲ စားရပါတယ်။ ဘူတာရုံကို ရောက်တော့ ၇ နာရီ ကျော်ကျော်ရှိပါပြီ။ ရထားက ၈ နာရီ ၁၅ ထွက်ပြီး Chandigarh ကို မနက် ၆ နာရီခွဲလောက်မှာ ပြန်ရောက်ခဲ့ပါတယ်။

သိင်္ဂါကျော်

18 comments:

Anonymous said...

မရောက်ဖူးသေးတဲ့ နေရာသစ်လေးကို
အလည်ခေါ်သွားပေးလို့ ကျေးဇူးတင်ပါ၏
အ၀ကြီး ခံစားသွားပါ၏

Cameron said...

ပန်းရောင်မြို့တော်လေးကို လာလည်သွားတယ်...။


ခင်တဲ့
မိုးငွေ့

ရွှေရတုမှတ်တမ်း said...

Japur ကိုစိတ်ဝင်စားတာကြာပြီ..ပုံထဲမှာ
ေ၇ာက်ခဲ့တာတော်တော်စုံတာပဲ

မြစ်ကျိုးအင်း said...

လက်ရာတွေကိုက သူတို့ယဉ်ကျေးမှုကို ဖော်ပြနိင်တယ်။

ပုံတွေ တဝကြီး ကြည့်ရလို့ ကျေးဇူးပါနော်။

ကိုဇော် said...

ယဉ်ကျေးမှု နဲ့ ပတ်သတ်လာရင် အိန္ဒိယက အနောက်တိုင်းကို ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူး ဆိုပြီး ပြောမယ် ဆိုလည်း တကယ်ကို ပြောရဲစရာပါပဲ။ အဟောင်းတွေကို ထိန်းသိမ်းထား တာတွေလည်း ကောင်းပါတယ်။ ဓါတ်ပုံ ရိုက်လာပေးတဲ့ လူက ပိုတော်ပါတယ်။ ကျေးဇူးပဲ။

ချော(အစိမ်းရောင်လွင်ပြင်) said...

သိဂါၤေရ
ပုံတွေက စိတ်ဝင်စားဖို့ကောင်းတယ်
တကယ် ကျေးဇူးပါနော်
ရောက်ဖူးသူတွေကိုအားကျတယ် ..ကံကောင်းလိုက်တာ
ရေလည်က နန်းတော်ကြီးလဲသဘောကျမိတယ်..
ရေကူးပြီး သွားပစ်ချင်တာ

blackcoffee said...

ကိုယ်တိုင်မရောက်ဖူးတော့ ဓာတ်ပုံလေးတွေ
ကြည့်ပြီးပဲ အားကျနေရတာပေါ့။ ရောက်ဖူးချင်လိုက်တာ။ ဓာတ်ပုံလေးတွေ ပြန်လည်ဝေမျှပေးတဲ့ အတွက် ကျေးဇူး
တင်ပါတယ်။

SHWE ZIN U said...

ပုံလေး တွေ အပင်ပန်းခံပြီး ရိုက်တင်ပေးတာ ကျေးဇူးအများကြီးတင်တယ် ဒါနဲ့ နာရီကြီးကို သဘောကျတယ်

ခင်တဲ့
ရွှေစင်ဦး

ဖိုးကြယ် said...

ပုံတွေအတွက် ကျေးဇူးပါပဲ အစ်ကိုရေ..... အဲဒီလိုသွားပြီး ဓာတ်ပုံတွေရိုက်ချင်တာ.....

ခင်တဲ့(ဖိုးကြယ်)

ဆောင်း said...

ကမ္ဘာ့ အံ့ဘွယ်၁ပါး ကို ရောက် လိုက်ရသလိုဘဲ ကျေးဇူးတင် လိုက်တာ

Anonymous said...

သွားတော့မှ ဒီအိမ်ကနေ ဘယ်သွားရမလဲလာပြန်ဖတ်မယ်။

မြတ်နိုး

~ဏီလင်းညို~ said...

မသိင်္ဂါတော်တော် ရိုက်ခဲ့တာပဲ.....။
ပုံလေးတွေကြည့်ရလို့ ကျေးဇူးပါဗျာ.....။
(စကားမစပ်....မေးစရာလေးတစ်ခုရှိလို့....။ ဟိုလေ......ရုပ်ရှင်တွေထဲမှာလိုမျိုး လူတွေ အုပ်စုလိုက်ကြီးသီချင်းဆိုပြီး......ကနေကြတာတွေကိုရော မတွေ့ခဲ့ဘူးလားဗျာ........း))

ခင်မင်ခြင်းအားဖြင့်........
ဏီလင်းညို

ကြည်ဖြူပိုင် said...

မသိင်္ဂါရေ
ဓာတ်ပုံတွေတ၀ကြီးကြည့်လိုက်ရတာအားရစရာ
စာတွေလာဖတ်ဖို့လဲအများကြီးဖြစ်နေပြီ
အကြွေးမှတ်ထားဦးမှ
ဇန်န၀ါရီလကျမှအကုန်ပေါင်းဖတ်မယ်း)

ကြည်ဖြူပိုင် said...

မသိင်္ဂါရေ
ဓာတ်ပုံတွေတ၀ကြီးကြည့်လိုက်ရတာအားရစရာ
စာတွေလာဖတ်ဖို့လဲအများကြီးဖြစ်နေပြီ
အကြွေးမှတ်ထားဦးမှ
ဇန်န၀ါရီလကျမှအကုန်ပေါင်းဖတ်မယ်း)

သော်ဇင်စိုး said...

တစ်ခါမှ မမြင်ဖူးတာတွေ မြင်သွားရတယ်ဗျာ..
ကျေးဇူးနော်..

Unknown said...

အဲဒီမြို့ကို စိတ်ဝင်စားနေတာ ကြာပြီ။ ဓါတ်ပုံအများကြီး တင်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကိုယ်တိုင်ရောက်ဖူးသွားသလိုပဲ..။ တော်တော်လှပြီး ခန်းနားတယ်နော်။

ပေါ့ဆိမ့် said...

ခရီးလွန်နေတာနဲ့ ခုမှပဲေ၇ာက်လာဖြစ်တော့တယ်...
တခါမှ မရောက်ဘူးတဲ့နေရာလေးကို အရောက်ခေါ်သွားပေးတဲ့ အတွက် အရမ်းကျေးဇူးတင်ပါတယ် ...

jr said...

မသိဂါၤေရ..
အိႏၵိယကို တအားသြားခ်င္တာ..
ဈေးကြီးလို့ မသွားနိုင်ဘူး အမရဲ့..
ဓါတ်ပုံတွေ တ၀ကြည့်သွားတယ်။