29 October, 2008

ဗုဒ္ဓ၏ဒဿန(၁)


* ပျော်ရွှင်ချမ်းမြေ့မှုသည် ဤလောကတွင် သံယောဇဉ် မရှိခြင်းပင်ဖြစ်ပါသည်။


* ငါဟူသော မာနကို ပယ်သတ်နိုင်ခြင်းသည် အမြင့်မြတ်ဆုံးသော ပျော်ရွှင်ချမ်းမြေ့မှု ဖြစ်ပါသည်။


* မိမိသာလျှင် ကံကောင်းအောင် လုပ်နိုင်သည်။

မိမိသာလျှင် ကံဆိုးအောင် ပြုလုပ်နိုင်ပါသည်။


* မိမိကိုယ်ကို ညစ်နွမ်းစေသည်မှာလည်း မိမိပင်ဖြစ်ပါသည်။

မိမိကိုယ်ကို သန့်ရှင်းဖြူစင်စေသည်မှာလည်း မိမိပင်ဖြစ်ပါသည်။

ညစ်နွမ်းမှု၊ သန့်ရှင်းဖြူစင်မှုတို့သည် မိမိ အပေါ်မှာသာ တည်ပါသည်။


* ဤ ကိုယ်ခန္ဓာကို ငါမပိုင်ပါ။ ငါလည်းမဟုတ်ပါ။ ငါ၏ ဝိညာဉ်လည်း မဟုတ်ပါ။


* မိမိကိုယ်ကို အောင်နိုင်ခြင်းသည် အကောင်းဆုံး အောင်နိုင်ခြင်းပင် ဖြစ်သည်။


Narada Thera ၏ Buddhism in a Nutshell မှ အကိုးအကားများ၊ Dr သိန်းလွင် မြန်မာပြန်၊ မြတ်မင်္ဂလာ၊ Aug 1997.


1 comments:

မေကျော် said...

ဗုဒ္ဓဒဿနဆိုတော့ အကုန်လုံးအကောင်းတွေချည်းပါပဲ...
ဒါပေမယ့် လောလောဆယ်တော့ နံပါတ် ၁ ၊ ၃ ၊ ၄ တို့က ရင်ထဲရောက်တယ်.....