ကြယ်ကလေး တစ်လုံး
တိတ်တိတ်ဆိတ်ဆိတ် လင်းနေတယ်
ဟိုအဝေး ကောင်းကင်ယံမှာ။
လ သာခြင်း မသာခြင်း ရော၊
ကြယ်စုတွေ စကားတီးတိုးဆိုတာ မဆိုတာရော၊
သူနဲ့ မဆိုင်သလိုပ။
ဣနြေ္ဒကြီးတစ်ခွဲသားနဲ့
အထီးမကျန်ချင်ယောင်လို့။
တိမ်တစ်စကို တိတ်တခိုး စွဲလမ်းဖူးတာ
သူမဟုတ်သလို။
ဖြတ်လျှောက်ဖူးတဲ့ နတ်သားတစ်ပါးကို
မျှော်နေခဲ့ဖူးတာ သူမဟုတ်သလို။
ကြယ်ကလေး တစ်လုံး
သူကိုယ်တိုင် လောင်ကျွမ်းမှုကို မေ့လျော့လို့
အဝေးက ကြယ်ကလေးတွေရဲ့
လောင်ကျွမ်း ကြွေကျမှုကို သနားချင်ယောင်ဆောင်လို့။
ကြယ်ကလေး တစ်လုံး
သူ့ကိုယ်သူတော့
လောကကြီးကို အလင်းပေးနေတယ်လို့ အထင်တကြီးနဲ့
တကယ်တမ်းတော့လည်း
သူ့တည်ရှိမှုကို ဘယ်သူကမှ အထူးတလည်ဂရုပြုမနေ။
ကြယ်ကလေး တစ်လုံး
ဟိုအဝေး ကောင်းကင်ယံမှာ
မကြွေမချင်းတော့ လင်းနေဦးမယ်။
သိင်္ဂါကျော်