အဲဒီမှာ
နှစ်ယောက်အတူ ဖွင့်မှ ပွင့်မယ့်
တံခါးတစ်ချပ်ရှိလေရဲ့
လက်ကမ်းပြီး အတူ
ဖွင့်မယ့်သူ ရှိခဲ့ရင် ဝင်သွား
ချက်ချင်း ပြန်ထွက်သွားဖို့တော့
မစဉ်းစားလေနဲ့
တစ်စုံတစ်ခုတော့
ရောက်ခဲ့ကြောင်း အထိမ်းအမှတ်နဲ့
မင်း ထားခဲ့ရလိမ့်မယ်။
အပြင်က လူအားလုံး သိအောင်လည်း
အမှတ်အသားတစ်ခု မင်းကို
မှတ်ပေးလိုက်လိမ့်မယ်။
အဲဒီတံခါးရဲ့ အတွင်းမှာ
ပျော်နေတဲ့ သူတွေက
ဝင်ခွင့်မရသေးတဲ့ သူတွေကို
သနားစရာ ရယ်လို့ ထင်။
အဲဒီတံခါးရဲ့ အတွင်းမှာ
မပျော်နိုင် သူတွေက
အပြင်လူတွေရဲ့ လွတ်လပ်မှုကို အားကျလို့။
လက်တစ်စုံ တွဲထားပြီးသားသူတွေက
အဲဒီ တံခါးအတွင်း ဝင်ခွင့်ရဖို့
အခွင့်အရေးကို စောင့်မျှော်လို့...။
အဲဒီ တံခါး အတွင်းက
ကျေနပ်နှစ်သိမ့်စရာတွေကို
သိမ်းပိုက်ဖို့ မျှော်လင့်ချက်နဲ့
ဖွင့်နိုင်ဖို့ရာ လက်တစ်စုံကို
ရှာနေဆဲသူတွေလည်း ရှိ။
အဲဒီ တံခါး အတွင်းက
ပုတ်အဲ့အဲ့ ဇာတ်လမ်းတွေကို
ကြိမ်ဖန်တစ်ရာ ကြားနေကျမို့
အပြင်မှာပဲ ပျော်တော့မယ်ရယ်လို့
တွဲလက်တစ်စုံ မရှာလိုသူတွေလည်း ရှိ။
အဲဒီ တံခါးရဲ့ အတွင်းမှာ
မင်းအတွက် အမှန်တကယ်
ဘာရှိမယ်ဆိုတာ
မင်း ဝင်ကြည့်မှသာ သိနိုင်မယ်။
အဲဒီ တံခါးရဲ့ အတွင်းဘက်ကို
လျှောက်လှမ်းနိုင်ဖို့ အတွက်လည်း
မင်း အတွက် ကမ်းတဲ့လက်ကို
ယုံကြည်မှသာ ဖြစ်လိမ့်မယ်။
သိင်္ဂါကျော်
18 comments:
အဲဒီ တံခါးကို ဖွင့်ကို မဖွင့်ချင်ဘူး
နှောင်ဖွဲ့ချင်းရဲ့ လမ်းမပေါ့၊ တခါတခါ အော်ကြ ဟစ်ကြ ...း)
အတွေးကိုယ်စီ ခံယူချက်အမျိုးမျိုးနဲ့
ဘဝကိုဖြတ်သန်းနေကြတဲ့လူသားတွေအတွက်
အကြောင်းအကျိုးအကောင်းအဆိုး
အမျိုးမျိုးပေါ့ ကျော်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အဲဒီတံခါး အတွင်းက ပုတ်အဲ့အဲ့ ဇာတ်လမ်းတွေကို ကြိမ်ဖန်တစ်ရာ ကြားနေကျမို့ အပြင်မှာပဲ ပျော်တော့မယ်ရယ်လို့ တွဲလက်တစ်စုံမရှာလိုသူထဲမှာ တို့ပါနေတယ်...။
နောက်ဆုံးအပိုဒ်လေးမှာ သိင်္ဂါပြောသွားတာလဲကောင်းတယ်....။
ကဗျာလေးက ကောင်းလိုက်တာဗျာ
တံခါးကတော့ ဖွင့်ပြီးသွားပြီ
ပြန်ထွက်မှာလဲ မဟုတ်တော့ဘူး
ဟိ
မထွက်ဘူး ......ဘယ်တော့မှမထွက်တော့ဘူး...
ကျေနပ်ကြလား တယ်ရင်းတို့.....အဲဒီတံခါးထဲကို မြန်မြန်ဝင်......ချစ်သူနဲ့ပြောတာနော်....မချစ်တဲ့သူနဲ့တော့မဟုတ်ဘူး......
တံခါးထဲတော့ မ၀င်တော့ဘူးဗျာ.. တပါးသူတွေ ၀င်ချင်အောင် ဆွဲဆောင်ဖို့ တံခါးမှုးပဲ လုပ်တော့မယ်...ဟီဟီး ..:D
jasmine တို့ကတော့ဖွင့်ပြီးသွားပါပြီနော်
ချစ်တဲ့ jasmine
စိတ်ကူးလေးက လှတယ် သိင်္ဂါ ..
ချစ်တဲ့
ဝသုန်
အတွင်းထဲကို ဝင်သွားတဲ့အခါ ပျော်ရွှင်သာယာတဲ့ အခန်းလေးဖြစ်ဖို့ ဆုတောင်းပေးပါတယ်။း)
ချစ်စရာ ကဗျာလေး ဖတ်သွားပါတယ်
ခင်မင်တဲ့
ရွှေစင်ဦး
ဟိုရဲတိုက်ကြီးလိုပေါ့လေ။
အပြင်ကလူကလည်း အထဲ ဝင်ချင် . . .
အထဲကလူကလည်း အပြင်ကို ထွက်ချင် . . .
အဲဒီလို ထင်တယ်။
ဒါနဲ့ စကား မစပ် နီးပြီလားဗျ :P
မဖွင့်ခင် သေချာစဉ်းစားသင့်သပ...အနှီတံခါးက ဖွင့်ပြီးတာနဲ့ ပြန်ပိတ်လို့မရတော့ပဲကိုး...တကယ့် ပြန်လမ်းမဲ့ကျွန်း အစစ်...
အဲဒီတံခါးထဲကို ဝင်ဖို့ ခြေလှမ်းပြင်နေတာ ကြာနေပြီ... ခုထက်ထိတော့ မဝင်ဖြစ်သေးဘူး... တနေ့ တော့ ဝင်ဖြစ်မယ် ထင်ပါရဲ့ ...
တစ်နေ့နေ့တော့ ၀င်ဖြစ်တန်ကောင်းပါရဲ့....
ဒီတံခါးကိုဝင်လာမည့်သူေ၇ာ....
ဖွင့်ပေးမည့်သူပါ
နားလည်မှုစာနာမှုတွေနဲ့
ပြည့်စုံနေဖို့သာအေ၇းကြီးပါတယ်လေ။
ိဒီကလည်း လာပြီးဖွင့်ပေးမယ့်သူဘဲမျှော်နေမိတယ်ရှင်..
မြန်မြန်လာဖွင့်ပေးကြပါလို့လေ
ခင်တဲ့
မိစံ
အဲဒီတံခါးရဲ့အတွင်းဘက်ကို
လျှောက်လှမ်းနိုင်ဖို့အတွက်လည်း
မင်းအတွက်ကမ်းတဲ့လက်ကို
ယုံကြည်မှသာ ဖြစ်လိမ့်မယ် ။ ။
မှန်ပါ့.. ယုံကြည်မှုကလည်း အဓိကကျတယ်လေ..
ကိုယ့်အတွက်ကတော့ တစ်နေ့နေ့တော့ ဖြစ်လာပါလိမ့်မယ် (ထင်တာပဲ) ဟိဟိ :P
Post a Comment