ဟို အပတ်တုန်းက
ဘေဘီလုံမှာ၊
ကုန်ဆုံးသွားတဲ့ညက
ရောမဆီမှာ၊
ဒီမနက်ကျတော့
တဒင်္ဂတပ်မက်ဇောနဲ့
ပေါလ် ရဲ့ အမိုးခုံးခုံးလုံးလုံးကြီးနဲ့
ပေါလ် ရဲ့ နာရီဒိုင်ခွက်ကြီးအောက်မှာ
ခဏလေးလောက်ပါ
အသာမြင်းဇက်ဆွဲသတ်လိုက်ပြီးနောက်…
မရပ်မနား သင်သွားပြန်လေတယ်။
မနားတမ်းမြို့တစ်မြို့ဆီကိုပေါ့နော်၊
သြော် မမြင်မစမ်းနဲ့
ဝမ်းဗိုက်တစ်ခုတည်းတွင်သာ
ရှိနေရှာသေးတဲ့မြို့…။
အဲဒီမြို့…
သချိုင်းဂူမို့မို့တွင်းမရောက်ခင်
သင်မနားတမ်း
နောက်ထပ်တစ်မြို့၊ တစ်စခန်းဆီ
ကြွလို့မြန်းပြန်ပေါ့။
အချိန်ဆိုတဲ့
အဘိုးအိုဂျစ်ပစီကြီးရယ်
သင့်ခရီးဖော်နောက်ပါများနဲ့
တစ်ထောက်ကလေး နားမနေနိုင်ဘူးလား
များများမဟုတ်ဘူးလေ တစ်ရက်၊
တစ်ရက်တည်းပါ။
ဟော့ဂျဆင် ရဲ့ Time: You Old Gypsy Man ကို တက္ကသိုလ်ဘုန်းနိုင် မြန်မာပြန်ထားတာပါ။ အလုပ်တွေ မပြီးသေးပဲ အချိန်တွေကုန်တာ မြန်တယ်ထင်လို့ ဒီကဗျာလေးကို သတိရမိတာနဲ့ တင်လိုက်တာပါ။