ကောင်မလေးရေ..
မင်းနဲ့ငါ
ခုထက်ထိ
မျက်နှာချင်းဆိုင်
မတွေ့ဖူးပါသေးဘူး။
မင်းကို
နိုဝင်ဘာ မွေးနေ့ရှင်ကလေးမှန်း သိတယ်။
ဝိုးတိုးဝါးတား
ဓါတ်ပုံတွေထဲက အပြုံးမျက်နှာလေးကို
စိတ်ကူးထဲအထိ
စွဲလမ်းနေတယ်။
ယဉ်ယဉ်ကျေးကျေး
နှိမ့်ချ ပြောတတ်တာလေးကို
လေးစားခဲ့တယ်။
စိတ်မဆိုးတတ်တာလေးကို
သဘောကျမိတယ်။
လေလှိုင်းထဲက
မချို့တချို အသံလေးကို
နှစ်သက်မိတယ်။
မင်းရယ်သံတွေ
လွမ်းလွန်းလို့
ငါ့အိပ်မက်တွေတောင်
သံသရာ ရှည်ခဲ့ရပါတယ်။
နိုဝင်ဘာမလေးရေ..
မင်းနာမည်ရင်းကို
ငါမသိပါဘူး။
မင်း ဘယ်နေရာမှာနေပြီး
ဘာလုပ်တယ်
အတိအကျ
မသိရပါဘူး။
ငါ အသေအချာသိတာ
တစ်ခုသာ
ရှိပါတယ်။
ငါ့နှလုံးသားကို
မင်းအပိုင်သိမ်းခဲ့တာပါ။
နိုဝင်ဘာတွေမှာ
မိုးမရွာတတ်တာကို ငါသိပါတယ်..။
မင်းနှလုံးသားကတော့
ခြောက်သွေ့မနေဖို့ မျှော်လင့်နေတုန်းပါ။
နိုဝင်ဘာတွေမှာ
တစ်ချို့နေရာတွေက
နေပြင်းလို့ကောင်းတုန်း
တစ်ချို့နေရာတွေမှာတွေမှာတော့
နိုဝင်ဘာ ပီပီသသ
အအေးဓါတ်
စိမ့်ဝင်စပြုလာ။
ကောင်မလေးရေ..
မင်းကတော့
နေရာလိုက်ပြီး ဆက်ဆံရေး ပြောင်းတတ်သူလို့
ငါဘယ်တော့မှ
ထင်မှာ မဟုတ်ပါဘူး။
သူငယ်ချင်းတိုင်းကို
ချိုသာစွာ
ရိုးသားတတ်သတဲ့
ငါ့ရဲ့
ဆောင်းဦးမလေး ရေ…
မင်းရဲ့
အပျော်တမ်း စကားပြောဖော်သက်သက်တော့
ငါမဖြစ်ရလိုပါ။
ငါ့ရဲ့
အစစ်အမှန် ကမ္ဘာမှာသာ
ထာဝရ သာစေချင်တဲ့
လမင်းတစ်စင်းဟာ
မင်းတစ်ယောက်သာ…။
သိင်္ဂါကျော်