တစ်ခါကပေါ့
မလိမ်မိုးမလိမ်မာ အရွယ်မှာ
ကတိပေးတန်း ဆော့ခဲ့သလို
မင်းသဘောထားတဲ့ အချစ်က
ငါ့အတွက် တစ်ဘ၀စာရယ်လို့
ထင်မှတ်ခဲ့မိသေးရဲ့ ။
အချစ်ဆိုတာ
ပျောက်ဆုံး ပျက်စီးသွားတတ်တဲ့အရာရယ်လို့
ငါ့ကို ဘယ်သူမှ သင်မပေးခဲ့ကြပါလား...။
အခုတော့ သိပြီ
အချစ်ဆိုတာ
ပလီပလာ စကားတွေကြားမှာ
အတီအတာ အရေးအသားတွေကြားမှာ
မျောပါသွားနိုင်တဲ့ အရာဆိုတာ...။
ငါသတိမရချင်တဲ့
နားလည်မှု နဲ့ အမှတ်တရတွေ...
အိပ်မက်နဲ့ မျှော်လင့်ခြင်းတွေ...
ဘယ်အခါမှ Recover လုပ်မရအောင်
ငါ့ Heart Disk ထဲက Format ချလိုက်ပြီ။
မင်းရဲ့ မထိုက်တန်မှု အတွက်
ငါ့ဘက်က မပေးဆပ်နိုင်တာ
မကျေမနပ်များ ဖြစ်နေသေးရဲ့ လား...။
တစ်ဘ၀စာ
ထိုက်တန်သူ အတွက်သာ
တစ်ဘ၀စာ အလွမ်းကို ရနိုင်မယ်။
သစ္စာကို ကိုးကွယ်သူ ငါ့ဘ၀ထဲ
အိပ်မက်ထဲမှာတောင် မင်းမပါတော့တာ...၊
ငါ့သိက္ခာကို အရောင်အမှားဆိုးပြီး
မင်းဖြန့်ဝေချင်တယ် ဆိုလည်း
ဥပေက္ခာဝတ်ရုံထဲမှာ
လုံခြုံနေပြီးသား ငါ့အတွက်
ထူးခြားလိမ့်မယ်လို့ မထင်လေနဲ့ ကွယ့်...။
(သိင်္ဂါကျော်)
2 comments:
is this ur own poem?
yes, it's my own poem but not my own feeling.
Post a Comment