24 June, 2008

ခွင့်လွှတ်ပါ



ကောင်မလေးရေ
ဂိမ်းကစားရင်း အိပ်ရာဝင်နောက်ကျသွားတဲ့ညတွေမှာ
မင်းကို သတိမရမိရင်
ခွင့်လွှတ်ပါ။


ကောင်မလေးရေ
စလောင်းက ဘောလုံးပွဲကောင်းနေလို့
မင်းကို ဖုန်းမဆက်မိရင်
ခွင့်လွှတ်ပါ။

ကောင်မလေးရေ
အမေ ခိုင်းထားလို့
မင်းကျောင်းကို အခစား မရောက်မိရင်
ခွင့်လွှတ်ပါ။


ကောင်မလေးရေ
သူငယ်ချင်းတွေနဲ့ ဘီယာများသွားလို့
မင်းဖုန်းကို မစောင့်ပဲ အိပ်ပျော်သွားမိရင်
ခွင့်လွှတ်ပါ။

ကောင်မလေးရေ
အလုပ်တွေ အရမ်းများနေလို့
မင်းကို လာမကြိုမိရင်
ခွင့်လွှတ်ပါ။

ကောင်မလေးရေ
ငါ့ရဲ့ ပထမရည်းစား အကြောင်း
ကြိုမပြောခဲ့မိရင်
ခွင့်လွှတ်ပါ။

ကောင်မလေးရေ
ငါ့အကျင့်ဆိုးတွေကို မပြင်နိုင်ဘူးလို့များ
ပြောခဲ့မိရင်
ခွင့်လွှတ်ပါ။

(သိင်္ဂါကျော်)

1 comments:

မောင်သီဟ said...

း) ဒီကဗျာကတော့ တော်တော်လေးတိုက်ဆိုင်တယ်
ဘောလုံးပွဲကောင်းတဲ့နေ့များ သူ့ထားခဲ့လို့တဲ့
နှုတ်ခမ်းစူချင်တယ်း)တော်သေးတယ်
ဘောလုံးပွဲနဲ့ သူ့ ဘယ်သူပိုချစ်လဲမမေးလို့လေ
အဲလိုမေးလာရင် တော်တော်အကြပ်ရိုက်မှား)