29 May, 2012

သူ့စိတ်က ကိုယ့်ဆီ မရှိတော့တဲ့ အခါ

ူ့စိတ်က ကိုယ့်ဆီ မရှိတော့တဲ့ အခါ
နှုတ်ဆက်စကားတွေက
ဝတ်ကျေတန်းကျေ ပုံစံနဲ့ လာတယ်၊
မတွေ့ဖြစ်ဖို့အတွက်
အကြောင်းပြချက်တွေက များလာတယ်။

သူ့စိတ်က ကိုယ့်ဆီ မရှိတော့တဲ့ အခါ
ချိုသာတဲ့ စကားတွေက 
နားခါးစရာတွေ ဖြစ်လာတယ်၊
ချစ်ခင်ဖူးတဲ့ အမူအယာတွေက
အပြစ်မြင်စရာတွေ ဖြစ်လာတယ်။

သူ့စိတ်က ကိုယ့်ဆီ မရှိတော့တဲ့ အခါ
ရင်ဘတ်ချင်း မတိုက်ဆိုင်မှုတွေက
များများ လာတယ်၊
ရင်ခုန်သံစည်းချက်သံစဉ်က
ခြားခြား လာတယ်။

သူ့စိတ်က ကိုယ့်ဆီ မရှိတော့တဲ့ အခါ
မျက်နှာချင်း ဆိုင်ရင်းကပဲ
တဖြည်းဖြည်း ဝေးကွာသလို ခံစားရ၊
ကြိုက်နေကြ သီချင်းတွေနဲ့
သာယာတဲ့ ပတ်ဝန်းကျင်တောင်
အေးစက်ကြမ်းရှ တစပြင်ဝင်ရိုးစွန်းလို ခံစားရ။

သူ့စိတ်က ကိုယ့်ဆီ မရှိတော့တာ သေချာလာတဲ့အခါ
အကြောင်းပြချက် မတောင်းခံပါ၊
အတင်းအကျပ်လည်း မချည်နှောင်ပါ၊
သွားလိုရာ သွားခွင့်ပေးပါ၏၊
ထပ်တူညီသော ချစ်ခြင်းများ ရှိသူသာ
ကိုယ့်ဆီလာပါ။

သိင်္ဂါကျော်

16 comments:

ကိုအောင်(ပျူနိုင်ငံ) said...

ဝေးဝေးသွားမှာထက်စာရင် ပြန်နီးကြတာ ပိုကောင်းပါတယ် ကဗျာဆရာရယ် ...း)))

မြသွေးနီ said...

သူ့စိတ်က ကိုယ့်ဆီမှ မရှိတော့တာ..
ဟုတ်ပ.. လွမ်းကို မနေသင့်တော့ဘူး...။

yellowtree said...

လွှတ်ချလိုက်ပါ..

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ကဗျာလေးလာဖတ်သွားတယ်နော်..

သူ့စိတ်က ကိုယ့်ဆီမှာမရှိတာကို သိရလို့ တမြည့်မြည့် နာကျင်နေရမယ့် အစား ကိုယ့်အသည်းကို အစိမ်းခွဲခွဲလိုက်တာကမှ အနာကျက် မြန်ဦးမယ်။။

sosegado said...

ထပ်တူညီမျှဖို့တော့ x လိုတယ်
x = any factor

နွေတေးရှင်(မင်းဧရာ) said...

မှန်တယ် ကဗျာဆရာ...
သွားလိုရာကို သွားခွင့်ပေးလိုက်ပါ။

အထိုက်သင့်ဆုံး ဆိုတာတွေ ကိုယ့်ထံရောက်လာပါလိမ့်မယ်။

Cameron said...

သူ့စိတ်က ကိုယ့်ဆီမရှိတော့တဲ့အခါ
အရာခပ်သိမ်းက စိမ်းကား ခါးသက်မှုတွေများပြား အချစ်တွေက ပိုပိုဝေးသွား...
သူများတွေမန့်တာကို အားကျမခံပြန်မန့်လိုက်တာ..။ ဒီကဗျာလေးအရမ်းကြိုက်တယ်... ဖဘမှာ ရှယ်ဦးမယ် ခွင့်ပြုနော်...။

ဖြိုးဇာနည် said...

နီးရက်နဲ့ အဝေးဆုံးရောက်နေကြသူတွေပေါ့ဗျာ

ကျွန်တော့်ကိုကောင်မလေးတယောက်ကအမြဲပြောဖူးတယ်

ချစ်သူတွေဆိုတာ အရင်းနှီးဆုံး သူစိမ်း၂ယောက်တဲ့

ချစ်စံအိမ် said...

ထိတယ် ကဗျာလေးက သူစိတ်ကိုယ့်ဆီမရှိတော့တဲ့အခါ
ဟန်ဆောင်မှုတွေများလာခဲ့တယ်။။

အင်ကြင်းသန့် said...

အရမ်းကြိုက်တယ် မသိင်္ဂါ.....ဂျင်းလည်း ဒီကဗျာလေးကို ဖဘမှာရှယ်ချင်တယ်။ ခွင့်ပြုပါနော်။

သိ င်္ဂါ ရ said...

သူ့စိတ်က ကိုယ့်ဆီ မရှိတော့တာထက် ...


ကိုယ့်စိတ်က ကိုယ့်မှာ မရှိတော့တဲ့အခါ ...


ပို ကြေကွဲဖို့ ကောင်းတယ် ထင်ပါရဲ့ မသိင်္ဂါကျော်ရေ

Anonymous said...

သူ့စိတ်က
ကိုယ့်ဆီ မရှိတော့တဲ့ အခါ ..
ချစ်နေရတဲ့ သူအတွက်
အရမ်း ပင်ပန်းပါတယ် ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Anonymous said...

သူ့စိတ်က ကိုယ့်မှာ ရှိမနေတော့အခါ
ကိုယ့်စိတ်တွေ သူ့ဆီမှာ ကျန်မနေခဲ့ချင်ပါ။

ဂျူ

San San Htun said...

နောက်ဆုံးပိုဒ်လေး အရမ်းကြိုက်၏

Anonymous said...

လွမ်းကို မနေသင့်တော့ဘူး

အမ said...

အရမ်းကြိုက်တယ်။ညီမလေး