11 May, 2016

မျှော်လင့်ခြင်းမဲ့ ချစ်ခြင်းသက်သက်



ပန်းကလေးတွေတောင် ခူးသူကို မျှော်လင့်ပြီး ပွင့်ကြတာမှ မဟုတ်ပဲလေ
ခူးယူပြီး နင်းချေခံရတာထက် စာရင်
မြတ်နိုးလို့ မခူးရက်ခြင်းက အပင်မှာ တင့်စေနိုင်သေးရဲ့။

Anniversary လည်း တိတိကျကျ မရှိ
ဘယ်အခါက စတင်ခဲ့ပြီး
ဘယ်အခါက သေချာသွားတယ် မသိသော
ချစ်ခြင်း တစ်ခုကို
ယုံယုံကြည်ကြည်လည်း ရှိဖူးပါရဲ့
မယုံမကြည်လည်း ရှိဖူးပါရဲ့
ပြတ်ပြတ်စဲစဲ ရှိကြဖို့လည်း မနေနိုင်တဲ့အခါ
ဒီတိုင်းလေးပဲ တဲ့
သူငယ်ချင်း မဟုတ် ချစ်သူ မဟုတ်
တစ်နေ့တစ်ခါ သတိရရုံလောက်နဲ့
ကျေနပ် နေတတ်ရင်း
ဒီလိုနဲ့ပဲ
ခန့်မှန်းခြေ Anniversary က
နှစ်ခါ မြောက် တော့မယ် ပေါ့။

နတ်ကောင်း ဆောင်မမှုမှ မရှိရင်
တစ်သက်စာအတွက် တွဲလက်တစ်စုံ ဆိုတာ
စိတ်ကူးယဉ်ခွင့် သက်သက်သာ။

ကမ်းမယ့်လက်က ဝံ့ဝံ့ရဲရဲ မရှိတဲ့အခါ
ရှေ့တိုးဖမ်းဆုပ်ရမယ့်သူက ပေါ်မလာနိုင်တာ
အပြစ်တင်ချင်စိတ်လည်း မရှိတော့ပါ။
ဝေးဝေးက လွမ်းစိတ်တစ်ခုနဲ့သာ နှစ်သိမ့်တတ်ခဲ့ ပေါ့။

ဘာကိုမျှ မမျှော်လင့်တတ်တဲ့သူက
နာကျင်ရတာ နည်းလိမ့်မယ် တဲ့။
မမျှော်လင့်ချင်တာတော့ မဟုတ်ရပါ။
မျှော်လင့်ချင်သောအရာက လာမယ် မသေချာသော အရာ။
မျှော်လင့်ချင်သောအရာက တစ်ရာခိုင်နှုန်းလောက်တောင် ဖြစ်နိုင်ချေ မရှိတဲ့အခါ
မျှော်လင့်ခြင်းကိုသာ ချောင်တစ်ချောင်မှာ ပစ်ထားရတော့တယ်။

သိင်္ဂါကျော်

4 comments:

Aunty Tint said...

ခံစားချက်နဲ့အတူ အားပေးသွားတယ်ကျော်ရေ။

T T ^_^

မောင်သီဟ said...

အချစ်ဆိုတာကလည်း ဆန်ြး့ည်သားနော်


မောင်ဘကြိုင်

စံပယ်ချို said...

ဟုတ်တယ်နော် အရမ်းမျော်လင့်ခဲ့ရင်အရမ်းနာကျင်ရတယ်

Unknown said...

ဘာကိုမှ မမျှော်လင့်ပဲ မြတ်နိုးတွယ်တာခဲ့ပေမယ့် တူညီတဲ့တုန့်ပြန်မှုလေးတော့ တမ်းတနေမိ. ☺️