ရွှေအဆင်းဝင်းလက်
သမိုင်းအဆက်ဆက်က စေတီတော်တွေ…
အုတ်ရိုးရောင်မပျက် ရှေးအဆက်ဆက်ရဲ့
ကောင်းမှု လက်ရာ စေတီတော်တွေ…
အရှေ့ဘက်က ရောင်နီအောက်မှာ
တင့်တယ်နေတဲ့မြို့ ။
ခပ်လှမ်းလှမ်း
အစိမ်းရောင် လယ်ကွင်းတွေဆီက
စပါးသင်းနံ ရလာမယ့် အချိန်ကို
မျှော်လင့်နေတတ်တဲ့မြို့
။
ညမွှေးပန်းရနံ့တွေ ဆောင်ယူလာတတ်တဲ့
ညလေ အေးအေးနဲ့ အတူ
လရောင်ဆမ်းတဲ့ သစ်ပင်တန်းတွေအောက်
ဂစ်တာသံတွေ လွင့်လာတာကို
သာယာတတ်တဲ့ မြို့ ။
ခေတ်အဆက်ဆက်မှာ
အနာတရတွေလည်း ရဖူးပါရဲ့ ၊
ခုတော့လည်း
လေးထောင့်စပ်စပ် မီးခံတိုက်တွေ
နေရာမှာ
အထပ်မြင့် အသစ်တွေ တိုးပွားလား
တိုးပွားရဲ့ ၊
အခြေအနေမဲ့တွေကတော့ အရင်လိုပါပဲ။
ရှေးတစ်ခေတ် ဘုရင်လို
တတိယမျက်လုံး မပိုင်ဆိုင်ပေမယ့်လည်း
ကိုယ်အားကိုယ်ကိုးတတ်ဖို့ ကြိုးစားနေတဲ့မြို့ ။
ဧရာဝတီရဲ့ ပွေ့ဖက်မှုထဲ
ဒဏ်ရာတွေကို ဖြေချတတ်ခဲ့တဲ့
မြေလတ်သူ မြေလတ်သားတွေရဲ့
ချစ်မြတ်နိုးခံ မြို့ ။
ဘယ်တော့မှ ကမ်းမကပ်တဲ့ သင်္ဘောတွေကို
လက်ပြနှုတ်ဆက်ရင်း
အနောက်ဘက်ကမ်း တောင်တန်းတွေဆီက
တေးသံကို နားစွင့်ရင်း
တံတားပေါ် ဖြန့်ခင်းထားတဲ့
လိမ္မော်ရောင် ဆည်းဆာကိုခံစားတတ်တဲ
့မြို့ ၊
စုန်ချီ ဆန်ချီ ဝင်ထွက်သွားလာသူတွေကို
ကြိုဆိုရင်း
ဘယ်တော့မှ အိုမင်းခြင်း
မရှိတဲ့မြို့ ။
အဲဒီမြို့ကို
ငါချစ်တယ်…။
သိင်္ဂါကျော်