ဘ၀ဆိုတာ ဘာလဲ
သောကတွေနဲ့ ပြည့်နှက်နေတဲ့ ဘ၀ဟာ
ဘာပြုလို့ရပ်ပြီး ငေးမောကြည့်ဖို့
အချိန်မရတာလဲ။
ဘာပြုလို့ သိုးတွေ နွားတွေလို
သစ်ကိုင်းကြီးတွေအောက်ကနေ
အတော်ကြာကြာကြီးရပ်ပြီး
ငေးမောကြည့်ဖို့ အချိန်မရတာလဲ။
ဘာပြုလို့ ငါတို့ သစ်တောတွေကို
ဖြတ်တဲ့အခါ ရှဥ့်ကလေးတွေ
မြက်ခင်းထဲမှာ သစ်သီးဖွက်နေတာကို
ငေးမောကြည့်ဖို့ အချိန်မရတာလဲ။
ဘာပြုလို့နေ့ခင်းကြောင်တောင်မှာ
ညရဲ့ မိုးကောင်းကင်ထက်က
ကြယ်ကလေးတွေ လက်နေသလို
နေရောင်နဲ့ တစ်ဖျတ်ဖျတ်လက်နေတဲ့
စမ်းချောင်းလေးတွေကို ငေးမောကြည့်ဖို့
အချိန်မရတာလဲ။
ဘာပြုလို့ သူမရဲ့ ခြေထောက်ကလေးတွေ
ဘယ်လိုသွက်သွက်လက်လက်
က နိုင်တယ်ဆိုတာနဲ့
သူမရဲ့ စွဲမက်ဖွယ်အပြုံးကလေးကို
စောင်းငဲ့ကြည့်ဖို့ အချိန်မရတာလဲ။
ဘာပြုလို့ သူ့မျက်ဝန်းတွေမှာ
ပေါ်ထွန်းလာတဲ့ အပြုံးလဲ့လဲ့လေးနဲ့
ချိုနွဲ့နွဲ့စကားတွေကို နှုတ်ဖျားကနေ
ပွင့်အန်ကျလာတဲ့ တိုင်အောင်
စောင့်ဆိုင်းနားထောင်ဖို့
အချိန်မရတာလဲ။
အဲသလို သနားစရာကောင်းတဲ့ဘဝ
သောကတွေနဲ့ ပြည့်နေတဲ့ဘ၀မှာ
ဘာပြုလို့ ငါတို့ဟာ ခဏကလေး
ရပ်တန့်ပြီး ငေးမောကြည့်ဖို့
အချိန်မရတာလဲ။
ဆယ်တန်းတုန်းက ဖတ်ခဲ့ဖူးတဲ့ ၀ီလျံဟင်နရီဒေဗီ ရဲ့ ကဗျာလေးကို Beauty မဂ္ဂဇင်း ထဲက ဖြိုးထိန် ရဲ့ ဆောင်းပါး ထဲမှာ ဘာသာပြန်ထားတာ ပြန်တွေ့လို့ သဘောကျတာနဲ့ တင်လိုက်ပါတယ်။
11 August, 2008
အားချိန်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment