24 July, 2009

မရှိတန်ဖိုး


လက်ဖြောင့်သလောက်
မြားတံကောက်က
ပစ်သမျှ
လုံးဝမအပ်စပ်
မသိတတ်။

လက်ရာကောင်းဦး
ဆောက်သွားတုံးက
ထုသမျှ
လုံးဝမလှ
ပုံမကြွ။

ဒီလိုပဲလေ
စာတွေဖတ်မှတ်
ဘယ်လောက်တတ်လည်း
စိတ်ဓာတ်တူးခြစ်
အတွေးညစ်က
ရေးသမျှစာ
လုပ်သမျှအလုပ်
ပြောသမျှစကား
အလကားချည်း
မရှိတန်ဖိုး
ကောင်းကျိုးမဖြစ်
လူမချစ်။

(မောင်မောင်ငြိမ်းအေး)

ကြိုက်လို့ ကူးထားတဲ့ ကဗျာလေးပါ။ ဘယ်မဂ္ဂဇင်းထဲက မှန်းတော့ မသိတော့ပါဘူး။

ပုံကို http://www.istockphoto.com မှယူထားပါတယ်။
...

1 comments:

ဝက်ဝံလေး said...

မမရေ ကဗျာလေးက ကောင်းလိုက်တာ မသိပါဘူး မမများ စပ်ထားတာလားလို့ အဟီးးး

နောက်ကျတဲ့ ညီမငေးကို ခွင့်လွှတ်နော်

ဘိုင်