25 February, 2011

နွေဦး


ဆောင်းကထွက်ခွာစ
နွေဦးရဲ့ ပန်းတွေ ဝေဖို့
ပုရစ်ဖူးတွေ အစီအရီ တောက်ပလို့။

ပြာလဲ့လဲ့ ကောင်းကင် အောက်
နွေနေရဲ့ အနမ်းသက်ရောက်မှုနဲ့
ကသစ်တွေ ဝေလို့ ကြွေလို့...
ပေါက်ပန်းတွေ ဝေလို့ ကြွေလို့...
လက်ပံတွေ ဝေလို့ ကြွေလို့...
မိုးမကြိုက်တဲ့ အနီရောင်ပန်းတွေ
ကြည်ကြည်သာသာ ဖူးပွင့်နေလေရဲ့။

မြူတွေကင်းသွားသလို
တို့ စိတ်တွေလည်း လင်းသွားစေချင်ရဲ့
နွေဦးပန်းတွေလို ရဲရဲရင့်ရင့်
ဘဝအပူတွေကို ရင်ဆိုင်လိုက်ဖို့ပဲ။

နှင်းစက်တွေ အဝေးသွားပြီးတဲ့နောက်
မိုးစက်တွေလည်း မလာနိုင်သေးချိန်
အေးစက်စက်ရာသီထဲ
ပျင်းရိနေတာတွေ ရပ်လိုက်ဖို့ သင့်ပြီပေါ့။
ညီအစ်မထက် ကောင်းတဲ့ သူငယ်ချင်းတွေနဲ့အတူ
နေရောင်နွေးနွေးအောက်မှာ လမ်းလျှောက်လို့
ကြယ်ရောင် ပြပြ အောက်မှာ အိပ်စက်လို့
ဘဝကို ဒီနေ့ကစပြီး ပျော်သလိုသာနေ...
ဒီလို နေ့ရက်တွေလည်း မဆုံးစေချင်။

သိင်္ဂါကျော်
 
(blog ကို ပစ်ထားတာ ကြာနေလို့  ... အိမ်ပြန်တုန်းက ကင်မရာလည်း မပါတာနဲ့   ဖုန်း နဲ့  ရိုက်ထားတဲ့ ပုံလေးတွေတင်ရင်း  ပုံနဲ့ လိုက်မယ့် ကဗျာလေး တစ်ပုဒ်လည်း တင်လိုက်ပါတယ်...။)

9 comments:

Cameron said...

မိုးမကြိုက်တဲ့ အနီရောင်ပန်းတဲ့ ကိုယ့်ကိုစောင်းပြောနေသလိုပဲ...:P


ခင်တဲ့
မိုးငွေ့

Anonymous said...

အနီရောင်ပန်းတွေ
ပေါက်ပန်းတွေ
သိပ်လှတယ်၊
ဒီမှာလည်း ပွင့်တာတွေ့တယ်
နွေဦးရာသီနဲ့ အင်မတန်လိုက်ဖက်တဲ့ ပန်းတွေပေါ့၊
ကဗျာလေးလည်း ချစ်စရာပါ၊

လှတယ်၊

အပြုံးပန်း

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုယ်လဲနေပြည်တော်သွားတော့ ရေဆင်းဘက်မှာ အဲဒီပေါက်ပန်းတွေတွေ့တာနဲ့ မနေနိုင်လွန်းလို့ ကားရပ်ခိုင်းပြီး ဓါတ်ပုံရိုက်ခဲ့သေးတယ်
လက်ပံပွင့်နဲ့ဆင်တယ်နော် ဒါပေမဲ့သူက အပွင့်သေးတယ် အရောင်တော့တူတယ်
သိပ်လှတာဘဲ

ဖိုးကြယ် said...

ကဗျာလှလှကလေးနဲ့အတူ ပေါက်ပန်းလေးတွေကို ခံစားသွားတယ်.... :)

ခင်တဲ့(ဖိုးကြယ်)

အင်ကြင်းသန့် said...

နွေဦးအတွက် သိပ်လှတဲ့ ကဗျာလေး....း))

အဖြူရောင်နတ်သမီး said...

နွေဦးကဗျာလေး ခံစားသွားတယ် မကြီးသိင်္ဂါရေ...

sosegado said...

ပထမပုံမှာ ထူးထူးခြားခြား အနီတွေထဲမှာ အဝါပန်းလားအရွက်လားမသိဘူး တွေ့ရတယ် ကဗျာလေးလဲခံစားသွားသွားပါသည်

ahphyulay said...

အင်း..
တစ်ခါရောက်ခဲ့ ပြန်ပေါ့ လေ..၊
ကဗျာလေးက လတ်ဆတ်ချင်ပေမယ့်  လွမ်း တဲ့ 
ဓါတ်ကလေး ပါချင်နေသလိုပဲနော်..။

Angelhlaing(May everybody be happy and healthy! said...

အရမ်းသဘောကျတယ်မမရဲ့
ကဗျာလေးရော အနီရောင် ပန်းတွေကိုပါ။
ကောင်းသောနေ့လေးဖြစ်ပါစေမမ။