13 September, 2013

နောင်တနှင့်အတူ ဘဝကို ရှင်သန်ခြင်းသည် အရှုံးကို ရင်ဆိုင်ရသည်ထက် ဆိုးသည်


 ရို့စ်သည် မိသားစုနှင့်အတူဗီယက်နမ် ဒုက္ခသည်စခန်းမှ အမေရိကန်နိုင်ငံသို့ လာခဲ့စဉ်က သူ့အသက်မှာ ရှစ်နှစ်သာ ရှိသေးသည်။ သူက သူ့အဖေလိုဆရာဝန် တစ်ယောက်ဖြစ်လာမည် ဟုတွေးထားခဲ့သည်။ သူသည် ဆေးပညာဘွဲ့ ရရှိပြီးနောက် အရိုးအကြောဌာနတွင် နာရီပေါင်းများစွာ ကြာအောင် အလုပ်လုပ်ခဲ့ရသည်။

ဘွဲ့လွန်တက်ရန် အချိန်ကျရောက်လာသောအခါ ရို့စ်သည် သူ့အသည်းနှလုံးက ဤအလုပ်ထဲတွင် ရှိမနေသည်ကို တွေ့လာသည်။ သူသည် သူ့အိပ်မက်နောက်သို့ လိုက်ချင်လာခဲ့သည်။ သူက ရှုံးနိမ့်ရခြင်းသည် နောင်တရခြင်းလောက် မဆိုးဟု သဘောပေါက်ခဲ့သည်။ သူသာ သူ့အိပ်မက် နောက်သို့ မလိုက်ခဲ့လျှင် သူ့တစ်စိတ်တစ်ပိုင်းက သေနေသလိုမျိုး ခံစားခဲ့ရသည်။

သူက ဖိနပ်များကို ချစ်သည်။ သူ၏ သင်တန်းကာလတစ်လျှောက် ခြေထောက်ပေါ်တွင် ရပ်ခဲ့ရသော ကြမ်းတမ်းသောနာရီများစွာ..။ အဲဒီနောက် သူသည် ဖိနပ်များကို သွားကြည့်ခြင်းအားဖြင့် သူ့ကိုယ်သူဆုချခဲ့သည်။ သူသည် သူ၏ နာကျင်နေသော ခြေထောက်များအတွက် သက်သာမည့် ကုထုံးပေးမည့် ဆိုင်တစ်ဆိုင်သို့ သွားရလိမ့်မည်။ တစ်နေ့တာလုံး မတ်တပ်ရပ်ပြီး အလုပ်လုပ်နိုင်မည့် ဖိနပ်တစ်ရံကို ဒီဇိုင်းဆွဲဖို့ရာ သူတောင့်တမိသည်။ ရို့စ်သည် စတိုင်လ်ကျသော ဖိနပ်တစ်ရံ စီးလိုသည်။ အထူးသဖြင့် သူ့ခြေထောက်ကို မနာမကျင်စေမည့် ဖိနပ်အမြင့်တစ်ရန် ဖြစ်သည်။ သူမကို တားဆီးနိုင်မည့် တစ်ခုတည်းသောအရာသည် ရှုံးနိမ့်မှာကို ကြောက်ရွံ့မှုပင် ဖြစ်ခဲ့သည်။

သူသည် သူ၏ အရှုံးကိုကြောက်ရွံ့မှုကို ကျော်လွှားနိုင်ပြီးသောအခါ သူ့ကိုတားဆီးနိုင်သောအရာ ဘာမှ မရှိတော့ဟု စဉ်းစားမိခဲ့သည်။ သူ၏ ဆေးပညာသင်ကြားခဲ့မှုက လေ့လာရာတွင် လွယ်ကူစေရန် အထောက်အပံ ဖြစ်ခဲ့သည်ကို တွေ့ရသည်။ သူ့အိပ်မက်ကို သူရှုံးနိမ့်ပါက ဆေးပညာဘက်ကို ပြန်သွားနိုင်ကြောင်း သူသိနေသောကြောင့်ပင်။

ဖိနပ်လုပ်ငန်းလုပ်ကိုင်ကြသော အီတလီမှ လူတစ်ချို့နှင့် သိကျွမ်းသည့် အရောင်းစာရေးများထဲမှ တစ်ယောက်နှင့် သူငယ်ချင်း ဖြစ်ခဲ့သည်။ သူသည် ဖိနပ် ဘယ်လိုလုပ်သည်ကို လေ့လာရန် အတွက် မီလန်မြို့သို့ ဦးတည်ခဲ့သည်။ သူသည် ခြေထောက် ကုထုံးကုသသောဆိုင်မှ အမျိုးသမီးများကို ဘယ်လိုဖိနပ်မျိုးလိုချင်သည်ကို မေးကြည့်ခဲ့သည်။ သူသည် လူဦးရေထဲမှ အစိတ်အပိုင်းကြီးကြီး ဖြစ်သော သူတို့ ခြေထောက်များအတွက် ပိုက်ဆံများများ ကုန်ကျခံနိုင်မည့်သူများကို တွေးဆခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် သူသည် အသေးစား စီးပွားရေးလုပ်ငန်းကော်မတီ ထံမှ ချေးငွေ ဒေါ်လာ နှစ်သိန်း ရရှိခဲ့သည်။

တံဆိပ်အသစ် တစ်ခုကို စရန်အတွက် ဒေါ်လာ ၁၀ မီလီယံလောက် ကုန်ကျမည်ဟု သူ့ကိုပြောခဲ့သည်။ သူ့တွင် ထိုမျှလောက် ပိုက်ဆံမရှိခဲ့ပါ။ သို့သော် ဖိနပ်ဆိုင် အမြောက်အမြားသို့ သူ၏ နမူနာဖိနပ်များကို ပြသရန် စိတ်အားထက်သန် ခဲ့သည်။

သူသည် အကြိမ်များစွာ စိတ်ပျက်အားလျှော့စရာများ ကြုံခဲ့ရသည်။ သို့သော် သူ့အိပ်မက်ကို် မစွန့်လွှတ်ခဲ့ပါ။ သူ၏ အိပ်မက်ကို အကောင်အထည်ဖော်ခြင်း၏ ရလာဒ်အနေဖြင့် သူ၏ ဖိနပ်စင်တန်းကို ကမ္ဘာတစ်ဝှန်းရှိ ဆိုင်ပေါင်း ၂၂၀ကျော်မှာ တွေ့မြင်နိုင်သည်။ အမေရိကန်နိုင်ငံတွင် ဆိုင်ပေါင်း ၄ဆိုင်၊ ပြင်သစ်တွင် တစ်ဆိုင် ရှိသည်။ ထိုဖိနပ်များသည် ဈေးမသက်သာလှပါ။ ဒေါ်လာ ၂၀၀ နှင့် ၄၀၀ ကြားတွင် ရှိသည်။ သို့သော် ကိတ်မုန့် ပူပူများ ရောင်းနေရသလိုပင် ရောင်းရသည်။ ထိုဖိနပ်များသည် စတိုင်ကျသည်၊ သက်တောင့်သက်သာရှိသည်၊ လှပသည်။

သူသည် ခွဲစိတ်ကုဆရာဝန် လုပ်နေသော (မတ်တပ်ရပ်ပြီး အလုပ်လုပ်နေရသော) ထောင်ပေါင်းများစွာသော အမျိုးသမီးများကို အကူအညီပေးသူ ဖြစ်ကြောင်း သူအရင် ဆုံခဲ့ဖူးသည့် ပါမောက္ခက ပြောသည်။ သူ့ အကူအညီသည် နည်းနည်းကလေး ဖြစ်သော်လည်း သူသည် နာကျင်မှုမှ သက်သာရာရနေဆဲ ဖြစ်သည်။ သူသည် ယခုအခါ ဖိနပ်အရန်ပေါင်း ၂၀၀ကျော် ပိုင်ဆိုင်နေပြီ ဖြစ်သည်။ နောင် အနာဂါတ်တွင် ဖိနပ်ဈေးနှုန်းများ ပိုမို သက်သာလာဖွယ်ရာ ရှိသည်။

ရို့စ်သည် ပထမဆုံးအနေနှင့် ထိုလုပ်ငန်းထဲသို့ ဝင်ရောက်ရန် ကံကောင်းသောရပ်နားချိန် အခိုက်အတန့်ကလေးရရှိခဲ့သည်။ သို့သော် ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ဖို့နှင့် အိပ်မက်နောက် ကောက်ကောက်ပါအောင် လိုက်ဖို့တော့ လိုသည်။ ကျွန်တော်တို့ အားလုံးကတော့ ရို့စ်လို ဖြစ်နိုင်ကြမည် မဟုတ်ပါ။ သို့သော် သူ့အကြောင်းသည် မျှော်လင့်ချက်နှင့် စိတ်ကူးဥာဏ် ကွန့်မြူးခြင်း၏ နမူနာပုံပြင်တစ်ပုဒ် ဖြစ်သည်။ သူနှင့် သူ့မိသားစုသည် ဘာမှ မရှိပဲနှင့် လာခဲ့ကြသည်။ ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားသည်၊ မျှော်လင့်ချက်ကိုမစွန့်လွှတ်၊ ကောင်းသောအလုပ်၊ ကောင်းသောကိုယ့်ကျင့်တရားနှင့် နေထိုင်သည်။ အဲဒီလိုနှင့် သူသည် အောင်မြင်သောပုံပြင်တစ်ပုဒ် ဖြစ်လာခဲ့သည်။

သိင်္ဂါကျော်

A True Success Story - Taryn Rose Started a Multi Million Dollar Business Making Shoes
Living a Life of Regret is Worse Than Failure by Shana Dines ကိုသင့်လျှော်သလို ပြန်ဆိုပါသည်။

4 comments:

သိ င်္ဂါ ရ said...

ဒီ ရက်ပိုင်း ... လုပ်နိုင်၏ ၊ မလုပ်နိုင်၏ တွေ နဲ့ တွေဝေနေရတဲ့ အတွေးတွေ အတွက် ... တစိုက်မတ်မတ် လုပ်သွားဖြစ်ဖို့ ... အားဆေးတစ်ခွက်ပါပဲ ... ကျေးဇူးတင်မိပါတယ် ... ခင်ဗျာ ....

ဟန်ကြည် said...

အင်း ချီးကျူးတယ် လေးစားတယ်...ကိုယ့် အိပ်မက်တွေနောက်ကို စိုက်လိုက်မတ်တပ် လိုက်ဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်တကယ်ခက်တဲ့ ကိစ္စ...

လသာည said...

မျှော်လငင့်ချက်ကို မစွန့်လွှတ်ပဲ ကိုယ့်အိပ်မက်တွေအတိုင်း ကြိုးစားခဲ့သူလေးအကြောင်း ဖတ်ရတာ အားရှိလိုက်တာ..။ ကျေးဇူးတင်ပါတယ်။

San Htun said...

သူဖြစ်ချင်တာ သူသိပြီး သူယုံကြည်တယ့် အိမ်မက်ကို အကောင်အထည် ဖော်သွားနိုင်တာ အားကျလိုက်တာ...