24 February, 2010

အိပ်မက်မှာ


ငါ့ဆန္ဒတွေကို ဖြည့်ဆည်းပေးမယ့်
နတ်ဖုရားမလည်း တစ်ယောက်မှမရှိ။
ငါ့ကို မင်းဆီ ယူဆောင်ပေးမယ့်
ပုလင်းထဲက နတ်သမီးကလေး ဂျင်နီလည်း မရှိ။
ကြယ်ကြွေမှာ ဆုတောင်းသူလည်း မရှိ။
ပုလင်းထဲက မှော်အတတ်လည်း မရှိ။
ဒါပေမယ့်
ငါ အိပ်မက် မက်နိုင်ရဲ့
ဘယ်အချိန်မဆိုပေါ့။
ငါ့အိပ်မက်ထဲ မင်းနဲ့အတူလေ။

သိင်္ဂါကျော်
Ref: I Can Dream by Annabelle Aeng

16 comments:

အဖြူရောင်နတ်သမီး said...

ဟုတ်တယ်နော်...
ဘဝမှာ ဖြစ်ချင်တာတွေ ဖြစ်လို့မရပေမယ့်
အိပ်မက်တော့ မက်ခွင့်ရှိသေးတာပဲ...

----------------------------------------

ကဗျာလေး လာခံစားသွားတယ်..မကြီးရေ...

ဆောင်းနှင်းရွက် said...

ကဗျာ လေး ခံစားဖတ်သွားတယ် ..

မိုင်:ခိုဝ်: said...

ငါအိပ်မက်မက်နိုင်ရဲ့
ဘယ်အချိန်မဆိုပေါ့။
ငါ့အိပ်မက်ထဲ မင်းနဲ့အတူလေ။

အဟုတ်တကယ်လား? မရှိဘူးဆိုမှ ဘယ်လိုလုပ်ပြီး သူ့နဲ့အတူဖြစ်နိုင်မှာလဲ..။ :P

နောက်တာနော်..။ ကောင်းပါတယ်။ ခံစားသွားပါတယ်

Flower said...

ချစ်စရာကဗျာလေးနော်..
ကိုယ့်ဘလောဂ့်က ၀င်မရပေမဲ့
သူများတွေဆိလျှောက်လည်နေတယ်...

မျက်မှန်လေး said...

ကဗျာလေးဖတ်ပြီးခံစားသွားပါတယ်ရှင့်။

Anonymous said...

ဘာသာပြန်ကိုး။ ဒါ့ကြောင့် တစ်မျိုးလေးဖြစ်နေတာ။

ညလင်းအိမ် said...

ဟုတ်တယ်နော် အစ်မ...
အိပ်မက်မက်ခွင့်တော့ ရှိပါတယ်...

လသာည said...

ငါ့ဆန္ဒတွေကို ဖြည့်ဆည်းပေးမယ့်
နတ်ဖုရားမလည်း တစ်ယောက်မှမရှိ။..တဲ့
ဒါပေမဲ့ သူနဲ့ အတူ ရှိနေခွင့် အိပ်မက်တွေကို ဖန်ဆင်းနိုင်တာ ကိုယ့်ကိုယ်တိုင် နတ်ဖုရားမလေးပေါ့..ဟုတ် တယ် ဟုတ် :D

ကိုလူထွေး said...

အမျိုးသားတွေနေရာက ခံစားရေးဖွဲ့ပြန်ပါသည် ပေါ့လေ...

းဝ)

မောင်သီဟ said...

အိမ်မက် တွေမက်နေတာ ကျွန်တော်ပါး)

မြစ်ကျိုးအင်း said...

အိပ်နေချိန်မှာ အိပ်မက်ဆိုတာ အမှန်တရားပါပဲ
ရနေတဲ့ အမှန်တရားလေး ပျောက်သွားတာကို သာ စိတ်ဖြေနိင်ဖို့ ပိုအဓိကျတယ်ထင်မိပါတယ်။

Unknown said...

အိပ်မက်လေးလှတယ်

ရွှေပြည်သူ (ShwePyiThu) said...

“ဒါပေမယ့်
ငါ အိပ်မက် မက်နိုင်ရဲ့” ဆိုတဲ့နေရာလေးက ရင်ထဲကို ထိသွားတယ် အစ်မ သိင်္ဂါကျော်ရယ်...

ဟုတ်တယ်နော်... လူတိုင်းမှာ အိပ်မက်လေးတော့ မက်ခွင့်ရှိပါသေးတယ်...

ShwunMi- said...

အိပ်မက်မက်ခွင့်ကို သရုပ်ဖော်ထားပုံလေး လှတယ် မသိင်္ဂါကျော်

ကိုဇော် said...

ဖြစ်ချင်တာတွေ ဖြစ်ခွင့်ရပါစေ..

မအားလို့ အခုမှ ရောက်တယ်.။

ရေသန့်  said...

dreams come true