30 January, 2012

Groningen Museum (၂)

Groningen museum မှာ ပြထားတဲ့ တရုတ်ကြွေထည်တွေပါ။ Catalog စာအုပ်တွေ ထားပေးထားပေမယ့် dutch လိုရေးထားမို့ ဘယ်ဟာက ဘာရယ်လို့တော့ ရှင်းမပြနိုင်ပါဘူး။ တွေ့တာတွေကို ရိုက်လာခဲ့တာပါပဲ..။ တရုတ် ကြွေထည် လက်ရာတွေကတော့ တကယ် သဘောကျဖို့ ကောင်းပါတယ်။

































Groningen museum ကို အပြင်ဘက် ခပ်လှမ်းလှမ်းကနေ ရိုက်ထားတဲ့ ပုံပါ။


ဒါကတော့ မြို့လည်က ရှေးဟောင်း နာရီစင်ကြီးပါ။
 

သိင်္ဂါကျော်

13 comments:

ချစ်စံအိမ် said...

မေမေကိုတောင်သတိရသွားတယ်
မေမေအရမ်းဝါသနာပါတယ်အဲလိုပစ္စည်းဝယ်စုတာ
ကျေးကျေးပါ

blackroze said...

အမရေ
ပန်းအိုးတွေကတော့တော်တော်
လှတယ်နော်
တရုတ်က ကြွေထည်မှာတော့
တအားလှတယ်..

AH said...

တိုက်ပန်းကန်တွေရော၊ ပန်းအိုးတွေရော လှပ.... ပန်းကန်လေးတွေ ထောင်ထားတာကြည့်ပြီးတော့ ငလျှင်သာလှုပ်လိုက်လို့ကတော့ ဆိုပြီး တွေးမိသေးတယ်.. ကွဲကုန်မှာ စိုးလို့။

မအိမ်သူ said...

ကြွေထည်ပစ္စည်းတွေကတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် အရမ်းသဘောကျတယ်။ လက်ရာတွေက အရမ်းစွဲဆောင်မှုအားကောင်းတယ်။ ကြွေထည်နဲ့ ပန်းပုရုပ်လေးတွေကိုလဲ အရမ်းကြိုက်တယ်။ ဓါတ်ပုံတွေအကုန် စိတ်ဝင်စားစရာကောင်းတယ်မသိင်္ဂါရေ.. ကြည့်ခွင့်ရတာ ကျေးဇူး..

နေ၀သန် said...

Groningen ဆိုတာ ဘယ်မှာလဲမသိလို့ အခုပဲ ဂူဂဲလ်မှာရှာကြည့်တာ.. နယ်သာလန်ကကိုး... :D.. ဥရောပတိုင်းပြည်တွေကို စိတ်ဝင်စားလွန်းလို့ အမရဲ့ ပို့စ်က အိမ်ကနေ အလည်သွားနေရသလိုပဲ....း).. ကျေးဇူးတင်ပါတယ်ဗျာ..

ခင်မင်လျက်
နေ၀သန်

မဒမ်ကိုး said...

ကြွေထည်မှာ တရုတ်ကိုဘယ်သူမှမမှီသေးဘူးထင်တယ်နော် စိတ်ဝင်တစားကိုကြည့်သွားပါတယ် မကြီးရေ

ချစ်တဲ့

မဒိုးကန်

စံပယ်ချို said...

ဂျက်ကအဲလိုပစ္စည်းလေးတွေကိုကြိုက်တယ်
ဈေးပေါတာလေးတွေတွေ့ရင်တော့ဝယ်မိတယ် ဈေးကြီးတာတွေမ၀ယ်နိုင်လို့ပုံလေးတွေအတွက်ကျေးဇူးပါနော်
ချစ်တဲ့ ဂျက်

ဘိုဖြူ said...

ကြွေထည်တွေကိုစိတ်ဝင်တစားကြည့်ခဲ့ပါတယ်ဗျာ

Angelhlaing(May everybody be happy and healthy! said...

လှလိုက်တာ... အပြင်မှာသာဆို ငေးနေတာနဲ့ အချိန်ကုန်မှန်းမသိ ဖြစ်မယ် မမရေ..:):)

kokoseinygn said...

ဓါတ်ပုံတွေ လာကြည့်သွားပါတယ်။

လင်းဒီပ said...

ပြတိုက်ထဲကနေ့ ပြတိုက်ထဲကညပေါ့ :D

Anonymous said...

မသိင်္ဂါ သိပ်ကံကောင်းတာပဲ။
ဂျူလဲ ရောက်ဖူးချင်လိုက်တာ။

jr

ညီလင်းသစ် said...

ကြွေထည်တွေက လှလိုက်တာ၊ အရောင် ရောစပ်ပုံရော၊ အနုစိတ်တာရော အပြစ်ပြောစရာကို မရှိဘူး...။