10 January, 2011

9th Myanmar ICT Week မြင်ကွင်း


ခုတလော စာရေးဖို့လည်း စိတ်မပါ.. အလုပ်လည်း သိပ်မအားလို့ မရေးဖြစ်တာ ကြာပါပြီ။
စနေနေ့ကတော့ ICTပြပွဲကို ဖွင့်ပွဲအပြီး နေ့ခင်းဘက် တစ်ခေါက် သွားရင်း ရိုက်ဖြစ်ခဲ့တဲ့ ဓါတ်ပုံလေးတွေပါ။
မနက်ဘက်က ဝိုင်းစုခိုင်သိန်း သီချင်းဆိုတယ်လို့ သိရပေမယ့် ကိုယ်တို့ သွားတဲ့ အချိန်မှာတော့ ဇင်းဇင်း နဲ့ Tiger Girls အဖွဲ့ရဲ့ သီဆိုဖျော်ဖြေမှုကိုပဲ တွေ့ခဲ့ရပါတယ်။ အရမ်းကြီး မစည်ကားပေမယ့်လို့ မနှစ်ကထက် စာရင်တော့ လာရောက်ကြည့်ရှုသူတွေကို နည်းနည်း များလာတာ တွေ့ရပါတယ်။






















ဒီနှစ် လူတွေရဲ့ စိတ်ဝင်စားမှုက ကွန်ပျူတာနဲ့ အပိုပစ္စည်းတွေ မဟုတ်တော့ပဲ အင်တာနက် ရရှိနိုင်မှုကိုပဲ ပိုစိတ်ဝင်စား လာကြပါတယ်။ Alpha, MMG, Fortune နဲ့ Yatanarpon Teleport စတဲ့ ကုမ္ပဏီများက FFTx (Fiber To The Home) ကို Promotion လုပ်တဲ့ အပေါ်မှာ စိတ်ဝင်စားသူ များကြပါတယ်။ သို့ပေမယ့် ဒီစနစ်က ရန်ကုန်၊ မန္တလေးနဲ့ ပြင်ဦးလွင် မြို့နယ်များ မှာသာ ဖြစ်ပြီး တစ်နိုင်လုံး မရရှိနိုင်သေးပါဘူး။ 

CDMA 800 MHz ဖုန်းများမှာ ကျပ် သုံးသောင်း ကနဦး သွင်းပြီး ရရှိနိုင်ပြီ ဖြစ်တဲ့ Internet Access ကလည်း စိတ်ဝင်စားစရာပါ။ နယ်မြို့က Internet ဆိုင်များမှာ တောင်မှ များသောအားဖြင့် နှေးနေသေးတဲ့ internet ဟာ ဖုန်းပေါ်မှာ ဘယ်လို အခြေအနေ ရှိမယ် ဆိုတာတော့ မသိနိုင်ပါ။ Internet ရရှိနိုင်ပြီ လို့ ကြော်ငြာထားတဲ့ Mc Will ကျပ် ငါးသိန်းတန် ဖုန်းကိုလည်း စိတ်ဝင်စားသူ များပါတယ်။ သူကတော့ Internet သုံးနေတဲ့ အချိန်မှာ ဖုန်းပြောလို့ လုံးဝ မရဘူး လို့ သိရပါတယ်။ Internet သုံးဖို့ အတွက် modem တစ်ခုကိုလည်း အထိုင်အနေနဲ့ ထားဖို့ လိုအပ်ပါတယ်။

ကိုယ်ကတော့ FFTx ကို စိတ်ဝင်စားပေမယ့် ရန်ကုန်မှာလည်း အိမ်ပိုင်ယာပိုင် မရှိ၊ ကိုယ်တိုင်ကလည်း အိမ်မှာ မနေနိုင်သေးတဲ့ ဘဝမို့ ဝယ်ဖို့တော့ အဝေးကြီးပါ။ ကိုယ်ကိုင်တဲ့ GSM ဖုန်းကလည်း Internet ရတဲ့ အမျိုးအစားထဲမှာ မပါတော့ ပြပွဲကနေ ဝယ်စရာ ဘာမှ မရှိပါ။ ဒါ့အပြင် ဒီလို Product တွေ ကြော်ငြာနေတဲ့ ရတနာပုံမြို့သစ် ဝင်းကြီး ထဲမှာ နေပြီး နေတဲ့ အဆောင်မှာ FFTx ဝေးလို့ TV လိုင်းလေးမှ ကောင်းကောင်း ဖမ်းလို့ မမိ။ Internet ဆိုတာ ဝေလာဝေး ဖြစ်နေတာကတော့ တကယ့်ကို ရင်နာစရာပါ။

သိင်္ဂါကျော်

9 comments:

မေဓာဝီ said...

မသိင်္ဂါနဲ့ အတူ ပြခန်းတွေ လိုက်ကြည့်သွားတယ်။
သူများနိုင်ငံတွေမှာတော့ တနိုင်ငံလုံး အခမဲ့ အင်တာနက် သုံးနိုင်အောင် ကြိုးစားနေကြချိန်မှာ မြန်မာပြည်ကတော့ မြို့ကြိးပြကြီးမှာတောင် အင်တာနက်က ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေတာ ဆိုးတယ် နော်။

ရွှေရတုမှတ်တမ်း said...

ခေတ်မီဖွံ့ဖြိုးတိုးတက်နေသော....အံ့မခန်းနိုင်ငံတော်ကြီးပါပေတကား....

pandora said...

ICT ကို မရောက်ဖူးသေးဘူး
မကြာမီတော့ အားလုံး တိုးတက်လာစေဖို့ ဆုတောင်းပါတယ်

ကိုဇော် said...

အရင်ကထက်တော့ ရွေ့တယ် ဆိုယုံလေး တိုးတတ်လာတော့ တော်ပါသေးရဲ့။
ဒါပေမဲ့ အဲဒီ တိုးတတ်တာက ပြည်သူတွေ အတွက် ဖြစ်ပါစေ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဓာတ်ပုံတွေကြည့်ရတာတော့ တိုးတက်နေတယ်လို့ ထင်ရတယ်.. အင်တာနက်ကို မစားရ ၀ခမန်း ကြော်ငြာတာလည်းစိတ်ဝင်စားစရာဘဲ.
လက်တွေ့ဖြစ်လာဖို့တော့ လိုသေးတယ်ထင်တာဘဲ
ိလိုင်းဖုန်းနဲ့တောင် သုံးဖို့ မလွယ်လှတာ
ဟန်းဖုန်းနဲ့ဆိုရင်တော့ ရွာပတ်နေပြီထင်တယ်..
သိင်္ဂါကျေးဇူးနဲ့တော့ ရောက်သွားပြီ ကျေးဇူး

Rita said...

ဟမ်းဖုန်းနဲ့လည်း အင်တာနက်က လိုင်းကောင်းတယ် မြန်တယ်ပြောတယ် (လွန်းထားထား ဝတ္ထုထဲမှာ) =D

မသိင်္ဂါကျော်ကို အပြင်ကလို့ ထင်နေမိတာ။

ICT ပွဲတွေမှာ Jan 2003 လောက်မှာ လုပ်တဲ့ပွဲတုန်းကတော့ ကြည့်ရတာ အဆင်ပြေဆုံးပဲ။ ကုမ္ပဏီတွေ အပြည့်မရောက်သေးတော့ အဆောင်တွေထဲမှာပဲ ပွဲလုပ်တယ်။ air con ခန်းမထဲဆိုတော့ ကြည့်ရတာ သက်တောင့်သက်သာရှိတယ်။ နောက်နှစ်တွေ အပြင်မှာလုပ်တော့ ကြည့်ရတာ ပူခေါင်ပြီး ပင်ပန်းလွန်းလို့ မသွားဖြစ်တော့ဘူး။

အဲဒီဝန်းထဲရောက်တိုင်း သစ်ပင်တွေ တောထအောင် စိုက်ဖို့ကောင်းတယ်လို့ချည်း တွေးမိတယ်။

flowerpoem said...

မသိင်္ဂါရဲ့ကျေးဇူးကြောင့် ICI ပြပွဲကို ရောက်သွားပြီ . .

sosegado said...

ရှိလာတာ ဖြစ်လာတာကို လက်ခံရမှာပါ၊
နောက်နှစ်ဒီထက်စီမှာပါ၊ ဝင်ချင်လို့စောင့်နေတဲ့သူတွေအများကြီး၊

အိမ့်ချမ်းမြေ့ said...

မလေးလာဖတ်သွားပါတယ်..
ဝေမျှပေးတာ ကျေးဇူးပါ..
ဟိုတုန်းကနဲ့စာရင် အများကြီး ဖြစ်လာတာပါပဲ။