12 January, 2011

ဟိုလျှောက် ဒီလျှောက်.. ဟိုရိုက် ဒီရိုက်..

တနင်္ဂနွေနေ့က မြေနီလမ်းကို လျှောက်ဖြစ်တယ်..။ မြေနီလမ်း ဆိုတာ ကိုယ်တို့ အဆောင်ဘေးကနေ ပြင်ဇာ ရွာထိပ်ကို ထွက်တဲ့ လမ်းပေါ့။ ဈေးကားက တစ်ပတ်တစ်ခါကို မှန်မှန် မထွက်ဖြစ်ဘူး။ မောင်းမယ့်သူ မရှိတာနဲ့..။ ကားပျက်နေတာနဲ့...။ ထွက်ရင်လည်း လူနဲ့ မမျှတော့ အပတ်တိုင်း လိုက်ဖို့ မဖြစ်နိုင်ဘူး။ ခုတစ်ပတ်အတွက် အိမ်ကပါလာတဲ့ အခြောက်အခြမ်းလေးတော့ ရှိသေးပေမယ့် အသီးအရွက်က မရှိတော့ဘူး။ ဈေးဝယ်မှ ဖြစ်တော့မှာမို့ လမ်းထိပ်ကို ထွက်မှ ဖြစ်တော့မှာ...။ ပိတ်ရက် သွားထားတာက ပိုကောင်းမယ်လေ။ ဖွင့်ရက် ကျရင်လည်း ဖယ်ရီက အချိန်တိုင်း ရှိတာမဟုတ်ဘူး...။ ကိုယ့်ခြေထောက် ကိုယ်သုံးရတာက များတယ်။ အပြန် အဆင်းလမ်းလေးဆို ကိစ္စ မရှိဘူး။ ကုန်းတက်လမ်း သွားရရင်တော့ မစားသာဘူး...။ အသွားအပြန် လျှောက်ပြီးရင် ဘယ်မှ ထပ်မလျှောက်ချင်တော့ဘူးလေ..။

အဲဒီနေ့ကတော့ လျှောက်ဖြစ်တယ်။ လမ်းမှာ ရေတံခွန်လေး တစ်ခုလည်း ရှိတော့ ရိုက်ရအောင်ဆိုပြီး ကင်မရာလေး ယူလာတာနဲ့ ရေတံခွန်ကို တစ်ပုံလှမ်းရိုက်တယ်..၊ သိပ်ကောင်းကောင်း မမြင်ရဘူး။ ခုတလော Zoom အများကြီး ဆွဲရိုက်လို့ ရတဲ့ ကင်မရာ ကြီးကြီး ကောင်းကောင်း တစ်ခုလောက် လိုချင်နေတယ်။ အဲဒီ ရေတံခွန် အနီးအနား အထိရောက်အောင်တော့ ခုထိ မဆင်း ဘူး သေးဘူး...။ တစ်ရက်လောက်တော့ ဆင်းရဦးမယ်။

တောပန်းလေးတွေ တွေ့တော့ ရိုက်တယ်။ အနံလေးကလည်း မွှေးနေတာပဲ။


မြေနီလမ်းက လမ်းထိပ်ထွက်ဖို့ နီးတယ် ဆိုပေမယ့်လည်း ခပ်မြန်မြန်လျှောက်တောင် နာရီဝက်လောက်တော့ အနည်းဆုံး လျှောက်ရတယ်။ လမ်းကလည်း ပြေပြေပြစ်ပြစ်တော့ မဟုတ်ဘူး။ ကုန်းတက် ကုန်းဆင်းတွေက ပါသေးတယ်။ အပေါက်ဝ ရောက်တော့ မန္တလေး အဆင်းလမ်း ဘက်ကနေ ပြင်ဦးလွင် အဆင်းလမ်း ဘက်ရောက်အောင် ကျွန်းတောထဲက ဖြတ်သွားတဲ့ နွားလမ်းကြောင်းကနေ သွားရသေးတာ...။ ကိုယ်ကလည်း ပိန်ချင်တယ် သာ ပါးစပ်က အော်နေပေမယ့် ဒီမြေနီလမ်းကို နေ့တိုင်းလျှောက်ရအောင်ဆို လျှောက်ကို မလျှောက်ချင်ဘူး။

ကျွန်းတောထဲက အဖြတ်မှာ နောက်က သုံးယောက်က ဓါတ်ပုံရိုက်ပြီး နောက်ကျနေရစ်တာ... ရှေ့က နှစ်ယောက်ကတော့ ကော့ကော့ ကော့ကော့နဲ့ မသိဘူး ရှေ့ဆက်လျှောက်သွားကြတယ်။ ကျွန်းတောကိုပဲ ဖြတ်တင်လိုက်တယ်။ လူပုံပါပါရင် ကိုယ့်ကို သတ်ကြမှာ...။


ကိုယ့်တို့က အဖွဲ့လိုက် စုချက်စားတာဆိုတော့ သူများတွေ ဘာအရွက် ဝယ်ရမလဲ ကြည့်နေကြတုန်း ကိုယ်က ဟိုရိုက် ဒီရိုက်၊ ရိုက်စရာ မရှိ စက္ကူပန်းပင်ကိုရိုက်၊ ကောင်းကင်ကို ရိုက် လုပ်နေလိုက်တယ်။


အဲဒီနေ့က တိမ်တွေကလည်း အရမ်းလှတယ်။

( အမှန်တော့ စာမရေးဖြစ်လို့ ဟိုရောက် သည်ရောက် လျှောက်ရေးတာ.. )

သိင်္ဂါကျော်

15 comments:

မေဓာဝီ said...

လှလိုက်တဲ့ ကောင်းကင်ကြီး ...
လှလိုက်တဲ့ တိမ်တွေ ...
တောတောင် သစ်ပင်တွေ ရှုခင်းတွေကြည့်ရင်း ငြိမ်းကျော်ဝတ္ထုခေါင်းစဉ်လေး အမှတ်ရမိတယ်
တောနဲ့တောင်ခွင် လွမ်းဖွယ်မြင်သည် ... တဲ့။
လွမ်းတတ်ရင် လွမ်းချင်စရာ နော် ... ။

သိင်္ဂါကျော် said...

ခက်တာက ဘယ်သူ့ကို လွမ်းရမှန်း မသိတာပဲ... ဟီးးး

Nge Naing said...

သိင်္ဂါရေ ဓါတ်ပုံတွေ လာကြည့်သွားတယ်။ အစ်မ အွန်လိုင်းပေါ် သိပ်အချိန်မပေးနိုင်လို့ ဘလော့ဂ်တွေကို မရောက်ဖြစ်တာ ကြာပြီ။ နှစ်သစ်မှာ မင်္ဂလာအအပေါင်းနဲ့ ပြည့်စုံပါစေ။

rose said...

သြော်... မြန်မာပြည် ဓာတ်ပုံလေးတွေပါလား။ လွမ်းနေတာနဲ့ တ၀ကြီး ကြည့်သွားတယ် အစ်မရေ။ ကျွန်းတောက လှလိုက်တာ။ ပန်းပင်လေးရော၊ ပန်းပွင့်က တော်တော် မွှေးမယ်နော်၊ ခရေပန်းနဲ့ ခပ်ဆင်ဆင်ရယ်။ ကောင်းကင်ပြင်ကြီး လှ။ အို... အကုန်လှနေတာပါပဲ။

ကိုဇော် said...

ကျွန်းတောပုံ နဲ့ ကောင်းကင်ပုံကို သဘောကျတယ်။
ကောင်းကင်ပုံကတော့ ဘယ်သူ ရိုက်ရိုက် သဘောကျတာပဲ။ ကိုယ်က ကောင်းကင်ကြီးကို ချစ်တာကိုး။
လူပုံတွေ မပါတာ တော်ပါသေးတယ်။ အဲ . .သိင်္ဂါ အသတ်မခံရတော့ဘူးလို့ ပြောချင်တာပါ :P

ဆောင်း said...

သဘာဝရှု့ ခင်းတွေ လွမ်းသွားပြီ

ဝက်ဝံလေး said...

ဟိုလျှောက် ဒီလျှောက် ကြည့်သွားပါတယ် ရှင့်

Sunny said...

လာလည်ရင်း ရှုခင်းလေးတွေ ငေးသွားပါတယ်.. :)

ကိုအောင် said...

ဓါတ်ပုံတွေက အရမ်းကောင်းတယ်ဗျာ၊ ကျနော့်
ဇာတ်လမ်းတွေအတွက် ယူသုံးလို့ ရမလားဗျ ...

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟိုရိုက်ဒီရိုက်တော့လည်း ဟိုဖတ်ဒီဖတ်ပေါ့း)
တောပန်းလေးကို ကိုယ်က ခွာညိုတွေမှတ်နေတာ
တော်တော်လှတယ်နော်
ဒါနဲ့ရေတံခွန်ဆိုလို့ ရေလိုက်ရှာတာ ရေမတွေ့ဘူး ခမ်းနေတာလား..
ပုံထဲမှာ မမြင်ရတာလား..
သိင်္ဂါ နေ့တိုင်းဒီမြေနီလမ်းကလေးကိုလျှောက်ပါလား
စိတ်ကြည်နူးစရာကောင်းသလို ၀ိတ်လဲကျမှာ သေချာတယ်..
ပိုပိုလှလာမှာနော် စိတ်ကူးမလွဲနဲ့

နှင်းဟေမာ said...

လွမ်းစရာကောင်းလိုက်တဲ့ တောင်ပေါ်ဒေသလေး
ကြည်နူးစရာကောင်းတဲ့ တောတောင်သဘာဝရှုခင်းတွေ
သဘာကျကျ ရိုက်ထားတဲ့ကင်မရာမန်းရဲ့ အစွမ်းကြောင့်
လွမ်းစရာကောင်းသထက် ကောင်းနေခဲ့တယ်

zue said...

အရမ်းကြည့်ကောင်းတဲ့ ပုံလေးတွေပဲနော်..
ရောက်ဖူးချင်တယ်... အဲဒီကို.

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ-
တောပန်းကလေးတွေဆိုတာခွါညိုမျိုးနွယ်တွေပါဘဲ။
ခွါဖြူလို့ မေမြို့ သူငယ်ချင်းတစ်ယောက်ပြောဘူးတယ်။
မွေးတာခြင်းတော့အတူတူပါဘဲဗျ-ဒါပေမဲ့ခွါညိုကနွယ်ပင်
မျိုးထင်တာဘဲ။သူငယ်ချင်းပြောတာမှတ်မိသလောက်ရေး
ပြတာနော်။သေခြာတော့ကျနော်မသိဘူး။ဘာဘဲဖြစ်ဖြစ်
ဓါတ်ပုံကိုရင်နဲ့ မမျှခံစားသွားပါတယ်ခင်ဗျာ-

Anonymous said...

ဟုတ်တယ်၊ ပန်းပွင့်က ခွာညိုပွင့်နဲ့တူတယ်၊

ဟိုအကြောင်း သည်အကြောင်းတွေကလည်း ကောင်းပါတယ်၊

ကြည့်ရတယ်၊ ဖတ်ရတယ်ပေါ့၊

ပြင်စာဆိုတာ ပြည်မှာလည်း ရှိသလိုပဲ၊ ပြည်မှာ ခဏတော့ နေဖူးတယ်၊

ngenge said...

teacher,,,
shake..shake!! i love the pretty blue sky and lovely white clouds so much too!!
whenever i go out on a sunny day, if i am not in a hurry, i always try to take beautiful clouds+sky pictures too!

wms (gcc tgu..)