01 December, 2009

ချိုသော မွေးနေ့ ဒီဇင်ဘာ



နှင်းမကျတဲ့ နေရာမှာ မွေးပေမယ့်
ဒီဇင်ဘာရဲ့ နှင်းတွေကို ငါချစ်တယ်
ခပ်ပြင်းပြင်း မတိုက်တဲ့ မြောက်လေထဲ
နှင်းရနံတွေ ဝေနေတာကို ကြိုက်တယ်။

တိတ်ဆိတ်တဲ့ တောအုပ်ထဲ
သစ်ပင်ထိပ်ဖျားမှာ အဖြူရောင်နှင်းတွေ
နေမပြင်းခင် ဝေနေတာကို သဘောကျတယ်၊
ခပ်ဖွဲဖွဲပဲပေါ့…
ဆောင်းဦးသစ်ရွက်တွေကိုတော့
မချွေစေချင်ပါဘူး။

လရောင်အောက်မှာ
ဦးထုပ်မဆောင်းပဲ လမ်းလျှောက်နေတုန်း
ပထမဆုံးနှင်းတွေ ကြွေတာမြင်လို့
ပျော်သလို အပျော်မျိုးက
ဒီဇင်ဘာရဲ့ အလှတရားပဲ။

တောင်ပေါ်သူ မဟုတ်ပေမယ့်
နှင်းမြူဆိုင်းတဲ့ တောင်တန်းတွေကိုလည်း
မက်မက်မောမော ကြည့်ချင်တယ်။
အဲဒီနှင်းစက်တွေကို တောင်းပန်ချင်တာ
မြက်ခင်းစိမ်းပေါ်ကိုတော့
ကြိုက်သလောက် ဖြန့်ကျဲလိုက်ပေါ့၊
ဆောင်းပန်းပွင့်တွေ အပေါ်တော့
ညင်ညင်သာသာလေးပဲ ကျပါနော..။

“ပြည်မှာဆောင်း” ဆိုတဲ့
ခင်ဝမ်း သီချင်းကို ကြားရင်
ဘယ်နေရာ ရောက်ရောက်
မွေးရပ်ကို လွမ်းတယ်။

1st December ရဲ့ နံနက်ခင်း မှာ
ဒီလောကထဲကို စရောက်ခဲ့တယ်
ချမ်းသာ ဆင်းရဲ ဘယ်လိုပဲ ဖြစ်ဖြစ်
ဘုရားအလို အတိုင်းပဲလို့
ပျော်ပျော်နေခဲ့ပါတယ်၊
သမီးကို ခေါ်ဆောင်ခဲ့လို့
ကျေးဇူးပါပဲ မေမေ…။

ချမ်းအေးတဲ့ ဟေမန်ဆောင်းကို ချစ်တယ်…
Sweet December ကို ချစ်တယ်…
ငါ့ကို ချစ်တဲ့
သူငယ်ချင်းတွေ အားလုံးကို ချစ်တယ်…
ခရစ်ယာန် မဟုတ်ပေမယ့်
ခရစ္စမတ်စ် ကိုလည်း ချစ်တယ်…
ဒီဇင်ဘာရေ…
ငါ့အိပ်မက်တွေ အကောင်အထည်ဖော်ဖို့
ခွန်အားပေးပါနော်…။

သိင်္ဂါကျော်
1.12.2009
2:11 PM

20 comments:

snow said...

ဒီတစ်ခါ ထမဆုံးနှင်းတွေ ကြွေတာမြင်ရင် ဓာတ်ပုံရိုက်ပြီး အမှတ်တရပို့လိုက်မယ်နော်..
ဦးထုပ်မဆောင်းပဲ လမ်းလျှောက်နေတုန်းတော့ ဖြစ်ချင်မှ ဖြစ်မှာပေါ့.. :D

May Thu San said...

Happy Birthday, friend. May you achieve whatever you dream for.

ဒဏ္ဍာရီ said...

ပျော်ရွှင်သော မွေးနေ့လေး ဖြစ်ပါစေ သူငယ်ချင်းရေ ... အမှတ်တရ ဒီဇင်ဘာ (၁) ရက်မှာ မွေးဖွားခဲလို့ ဖြူစင် ရှင်းသန့်ခြင်တွေနဲ့ ဖွေးဖွေးဖြူနေပြီး အေးမြတဲ့ နှင်းလေးတွေကို သူငယ်ချင်းရဲ့ ဘ၀လည်း ဖြူစင်အေးမြ ပါစေနော်။

ခင်မင်လေးစားလျှက်
သူငယ်ချင်း ဒဏ္ဍာရီ

လင်းဒီပ said...

ကျွန်တော်လည်း နှင်းရှိတဲ့ ဆောင်းရက်တွေ သဘောကျတယ်ဗျ..။

အဖြူရောင်နတ်သမီး said...

Sweet December....
Sweet Snow....
Sweet Kisses....
and...
Sweet Happy Birthday to you.....

သက်ဝေ said...

Sweet December...!!!
Sweet Birthday...!!!

မြစ်ကျိုးအင်း said...

အအေးဒဏ်ကို မခံနိင်ပေမယ့် ချမ်းအေးတဲ့ ဆောင်း ရာသီကို အကြိုက်ဆုံးပါပဲ။

ဒီဇင်ဘာ ၁ရက်နေ့မှာ မွေးတဲ့ မွေးနေ့ရှင်ကိုယ်တိုင်လည်း ဘ၀မှာ ထာဝရ အေးချမ်းပါစေဗျာ

....ခင်မင်သောအားဖြင့်...

ဇော် said...

ချိုမြိန်တဲ့ ဒီဇင်ဘာအစနဲ့ ပျော်ရွှင်တဲ့မွေးနေ့လေးတို့ ပေါင်းစုံနိုင်ပါစေ..
ကဗျာလေးတွေနဲ့ အိမ်လေးက သိပ်လှလို့ ကျနော် လင့်လိုက်တယ်နော်.. ရတယ်ဟုတ် .. =)

ကိုလူထွေး said...

happy birthday ပါဗျ...
အသိနောက်ကျလို့နောက်မှ ရောက်ခဲ့ရပေမယ့်...
ရှေ့လျှောက်ရမယ့် ဘဝခရီးမှာ ဆူးညှောင့်ခလုပ် ကင်းရှင်းပြီး သာယာဖြောင့်ဖြူးပါစေလို့ ဆုတောင်းလိုက်ပါတယ်...

းဝ)

ရွှေရတုမှတ်တမ်း said...

မွေးနေ့ကိုပြောပြောကတော့..မစောဘူး
snowတော့ မကြိုက်ဘူး၊ ကားမောင်းရတာ မကောင်းလို့

purplemay said...

oh sis , Happy Birthday .
ခရမ်းက ၂၇ ရက်နေ့တုန်းက မွေးနေ့..
Sagittarius ချင်းတူတူပဲနော်...။
ဒါကြောင့်စာရေးကောင်းကြတာ...ဟီး...

Anonymous said...

ပျော်ရွင်သော မွေးနေ့လေးဖြစ်ပါစေ မသိင်္ဂါရေ . . . မွေးလတူသော မသိင်္ဂါရေ ဒီဇင်ဘာဟာ ကျွန်တော်တို့ အတွက် ဘယ်လနဲ့မှ လဲမရတဲ့ အမြတ်နိးဆုံးလလေးပါပဲ
ကျွန်တော်နဲ့ မသိင်္ဂါက ဒီဇင်ဘာနဲ့ အဖွင့်အပိတ် မွေးနေ့ ရှင်တွေပဲ . . . . အမှတ်တရဖြစ်စေပါတယ်ဗျာ မှတ်ထားပါ့မယ် . . . . .

ဆောင်းကို ချစ်သလို
ဒီဇင်ဘာကိုလဲ ချစ်တယ်
ဒီဇင်ဘာကို ချစ်သလို
နှင်းတွေကိုလဲ ချစ်ခဲ့တယ်
ငါတို့ရဲ့ ရင်မှာ ဒီဇင်ဘာဟာ
နှင်းတွေသီတဲ့ ပန်းပန်ချီ . . . . . .

ခင်မင်စွာဖြင့်
ဗညားရှိန်

ညီညီ said...

အခုမှလာဖတ်ဖြစ်တယ်။ ကဗျာလေးဆုံးတော့ ရင်ထဲမှာ ဆောင်းနှင်းစက်လေးတွေလို အေးမြမြလေးကျန်ခဲ့တယ်။
ဒီဇင်ဘာမှာ မွေးတဲ့ မသိင်္ဂါကျော်. ဒီဇင်ဘာကို ချစ်တဲ့ မသိင်္ဂါကျော် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာအထိ ဖြူစင်အေးမြ သော ဘ၀ကို ပိုင်ဆိုင် နိုင်ပါစေ။

ခင်မင်လျှက်

ညီညီ

ဆောင်းယွန်းလ said...

Sweet December မှာမွေးတဲ့ ညီမလေး မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာထိ ချိုမြိန်လှသော ဘဝကို ပိုင်ဆိုင်နိုင်ပါစေ ညီမလေးရေ

ညလင်းအိမ် said...

ကျွန်တော်လည်း ခုမှလာဖတ်ဖြစ်တယ်....
ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေဗျာ....
ယခုမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ချိုမြိန်သော ဒီဇင်ဘာမှာ ပျော်ရွှင်သောအပြုံးတွေနှင့် ကျန်းမာ ရွှင်လန်းပြီး လန်းဆန်းနေပါစေ...

အရင်က လင့်ယူပြီးထည့်ထားတယ်...
အသစ်မတင်ဘူးပဲ ထင်မိတာ...ခုမှပြန်ကြည့်တော့ လင့်မရောက်ပဲ ပျောက်နေတယ်ဗျ...အဲဒါကြောင့် အသစ်တင်တာကို မသိရတာ...ခုပြန်လင့်ထားလိုက်ပြီ...

လေးစားမှုဖြင့်
ညရဲ့ကောင်းကင်

linn said...

မွေးနေ့လေး နောက်ကျမှ ရောက်လာတယ် .. ဒီရက်ထဲ လင်းသူငယ်ချင်း တစ်ယောက်ရဲ့ မွေးနေ့က ရှိနေတော့ ပို့စ်တင်ဖို့လုံးပန်းရင်းနဲ့ မသိလိုက်ဘူး ... နောက်ကျပေမဲ့လဲ နောက်မကျနိုင်တဲ့ ဆုတွေ တောင်းပေးခဲ့မယ်နော် ..
မွေးနေ့မှသည် ဘ၀တစ်လျှောက် ပျော်ရွှင်ခြင်း များစွာဖြင့် လှပသော နေ့ရက်များ ပိုင်ဆိုင်နိုင်ပါစေလို့ ...
ခင်မင်စွာဖြင့်
လင်း

~ဏီလင်းညို~ said...

မသိင်္ဂါကျော်ရေ....
အခုမှပြေးလာပြီးပြောရတာ...။ ဟက်ပီးဘတ်ဒ်ဒေးပါခင်ဗျာ...။ ဒီဇင်ဘာလို အေးမြသာယာတဲ့ ဘ၀နေ့ရက်လေးတွေကို ရရှိနိုင်ပါစေလို့လည်း... ဆုတောင်းပေးပါတယ်နော်ဗျာ...။
(နောက်ကျမှရောက်လာတဲ့ ကျွန်တော့်ကို... ဒဏ်ပေးမယ်ဆိုလည်း.... ခံဖို့ အဆင်သင့်ပါပဲဗျာ...။ )

ခင်မင်လျှက်...
ဏီလင်းညို

လင်းကြယ်ဖြူ said...

ဟုတ်ပါတယ်...ဒီဇင်ဘာ ဆောင်းည အေးအေးလေးကို မီးလေးဖိုပြီးဟိုး ငယ်စဉ် ကဖြတ်သန်းခဲ့တဲ့ မွေးရပ်ဇာတိ
ပြည်မြို့ ကို အခုထက်ထိသတိရနေဆဲပါပဲ....

ပျော်ပါစေ

လင်းကြယ်ဖြူ said...

Wish you many happy return of the day!!
နောက်ကျပေမယ့် ဆုတောင်းပေးခဲ့ပါတယ်
ပျော်ပါစေ

Unknown said...

My Birth also in December. We are same. My lovest also in December. She is my wife. That why I love December. We will make friends together. Good Luck.