03 December, 2009

အယ်လိဇဘက် ဘုရင်မကြီး (II)


ဗြိတိန် ဘုရင်မကြီး နဲ့ အစဉ်အဆက် အမေရိကန် သမ္မတများ တွေ့ဆုံခဲ့တဲ့ သမိုင်းဝင် ပုံလေးတွေကို mail ထဲမှာ တွေ့မိတာနဲ့ ဒီပိုစ့်ကို တင်လိုက်ပါတယ်။

အယ်လိဇဘက် ဘုရင်မကြီး ကို နောက်ပိုင်းမှာ ဂျော့ရှ် ဘုရင် (VI) ဖြစ်လာမယ့် ယော့ခ် မြို့စား မင်းသား အဲလ်ဘတ် နဲ့ ကြင်ယာတော် အယ်လိဇဘက် တို့က ဧပြီလ ၂၁ ရက် ၁၉၂၆ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။

၁၉၄၇ နိုဝင်ဘာ ၂၀ မှာ လက်ဖတင်န်နင် ဖိလစ် မောင့်ဘက်တန် နဲ့ လက်ထပ်ခဲ့ပါတယ်။ လက်ထပ်ပွဲ မတိုင်မီမှာပဲ သူ့ကို အီဒင်ဘတ် မြို့စား အဖြစ် တင်မြှောက် ခံရပါတယ်။ ဘုရင်မကြီး နဲ့ မင်းသား တို့ဟာ ထီးနန်း မဆက်ခံခင်မှာ မင်းသား ချားလ်စ် နဲ့ မင်းသမီး အဲန်း တို့ ကို မွေးဖွားခဲ့ပြီး  ထီးနန်းဆက်ခံ အပြီးမှာ မင်းသား အဲန်ဒရူး နဲ့ အက်ဒ်ဝဒ် တို့ကို မွေးဖွားခဲ့ပါတယ်။

အယ်လိဇဘက်ဟာ ၁၉၅၁ နောက်ပိုင်းမှာ သူမရဲ့ ဖခင် ဂျော့ရှ်ဘုရင်ကြီး ကျန်းမာရေး မကောင်းတဲ့ အတွက် ပြည်သူလူထု နဲ့ ဆက်ဆံရတဲ့ ကိစ္စရပ်များကို စတင် တာဝန်ယူခဲ့ပါတယ်။ သူမရဲ့ ဖခင် နတ်ရွာစံ ပြီးတဲ့နောက် ဗြိတိန် ထီးနန်းကို ဆက်ခံခဲ့ပါတယ်။

ငယ်ရွယ်စဉ်က အယ်လိဇဘက် ဘုရင်မ ရဲ့ ပုံပါ။


ယနေ့အချိန် ဘုရင်မကြီး ရဲ့ ပုံပါ။


အမေရိကန် သမ္မတ ၁၁ ဆက် ပြောင်းသွားပေမယ့် အယ်လိဇဘက် ဘုရင်မကြီးကတော့ Queen နေရာမှာ ရှိနေတုန်းပါပဲ...။ ဒီနေရာ မှာလည်း ပုံလေးတွေ ရှိပါတယ်။

Elizabeth ဘုရင်မကြီး နဲ့ အမေရိကန်သမ္မတ Barack Obama

 
Elizabeth ဘုရင်မကြီး နဲ့ အမေရိကန်သမ္မတ George W. Bush

 
Elizabeth ဘုရင်မကြီး နဲ့ အမေရိကန်သမ္မတ Bill Clinton


Elizabeth ဘုရင်မကြီး နဲ့ အမေရိကန်သမ္မတ George H. W. Bush


Elizabeth ဘုရင်မကြီး နဲ့ အမေရိကန်သမ္မတ Ronald Reagan


Elizabeth ဘုရင်မကြီး နဲ့ အမေရိကန်သမ္မတ Jimmy Carter


Elizabeth ဘုရင်မကြီး နဲ့ အမေရိကန်သမ္မတ Gerald Ford


Elizabeth ဘုရင်မကြီး နဲ့ အမေရိကန်သမ္မတ Richard Nixon


Elizabeth ဘုရင်မကြီး နဲ့ အမေရိကန်သမ္မတ John F. Kennedy


 Elizabeth ဘုရင်မကြီး နဲ့ အမေရိကန်သမ္မတ Dwight D. Eisenhower


Elizabeth ဘုရင်မကြီး နဲ့ အမေရိကန်သမ္မတ Harry S. Truman


Ref: http://en.wikipedia.org/wiki/Elizabeth_II_of_the_United_Kingdom
       http://www.royal.gov.uk/ThecurrentRoyalFamily/TheDukeofEdinburgh/Marriageandfamily.aspx 

သိင်္ဂါကျော်

6 comments:

ဒဏ္ဍာရီ said...

သူငယ်ချင်းကတော့ အကြံကောင်းတယ်။ ဘုရင်မကြီးက အခုချိန်ထိ ချောပြီး ကြက်သရေရှိတယ်နော်။း)

ခင်မင်လေးစားလျှက်

မြစ်ကျိုးအင်း said...

မမြင်ဖူးတဲ့ သမိုင်းတခုကို မြင်လိုက်ရသလိုပါပဲ

သူ့နိင်ငံသားတွေအတွက်တော့ သမိုင်းဝင် ပုံ တွေ ဖြစ်မယ်ထင်တယ်။

ဧပရယ်လ်ပူး@ပူးတေ said...

သိနေပေမယ့် သတိမထားမိတဲ့အရာလေး။ အားကျဖို့ကောင်းလိုက်တာ။ အားကျမိပါတယ်။ ပူးတေ ငယ်ငယ်ထဲက အခုထိ ခံယူချက်ရ ဘယ်နေရာပဲဖြစ်ဖြစ် ဘုရင်မ ပဲဖြစ်ချင်တယ်။ မိဖုရား မဖြစ်ချင်ခဲ့တဲ့လူလေ။ :) အားကျပါတယ် ဘုရင်မကြီးရယ်။ ပူးတေတို့တောင် အဲဒီ့ အရွယ်လောက်ကျရင် ဘာတွေ ဖြစ်နေမလဲမသိဘူးနော်။

~ဏီလင်းညို~ said...

သူလည်း..ငယ်ငယ်တုန်းက..ချောခဲ့ဒါဘဲနော်....

ခင်မင်လျှက်...
ဏီလင်းညို

Khyl said...

ချောတယ်နော်...... သူ့အပြုံးက အားရှိတယ်...

လသာည said...

အားကျစရာအမျိုးသမီးကြီးပဲ။ အဲဒီနေရာမှာ အခုလို ရပ်တည်နေနိုင်တာ နည်းတဲ့ပါရမီမဟုတ်ဘူးနော်..