
မနေ့က မိုးတိမ် မဟုတ်နိုင်သလို၊
မနေ့က မြူနှင်းတွေလည်း
ဒီနေ့ လွင့်ပြယ်လို့။

ဒီနေ့ မတွေးတော့သလို၊
မနေ့က စိတ်ညစ်ခဲ့ရတာလည်း
ဒီနေ့ထိ မကျန်ပါဘူး။

ဒီနေ့ မရှိတော့တာ၊
မနေ့က မရှိတဲ့ စိမ်းနုရောင် သစ်ရွက်ကလေး
ဒီနေ့ ထွက်ပေါ်လာတာ၊
မနေ့က ပွင့်တဲ့ ပန်းတွေ ကြွေလို့...
ဒီနေ့ ပန်းအသစ်တွေ ဝေတာ၊
မင်း သတိမထားမိပေမယ့်
သဘာဝကြီးကတော့ လည်ပတ်နေဆဲပဲ။

မင်းရင်ထဲက အကြိတ်အခဲကို
ဒီနေ့ထိ ချန်မထားနဲ့
သူငယ်ချင်း...။
မနေ့က အမုန်းတွေကို
ဒီနေ့ မေ့ပစ်လိုက်ပါ။

မနေ့ကထက်
တစ်ရက်ပို အသက်ကြီးသွားတယ်၊
မနေ့ကထက်
ဘာတွေ ပိုပြည့်ဝလာသလဲဆိုတာ
မင်းကိုယ်တိုင်ပဲ စဉ်းစားကြည့်ပါ။

ကမ္ဘာကြီးကတော့ ပိုပိုပြီး ပျက်စီးလာတယ်...
မင်းကော ဘယ်လိုလဲ
သူငယ်ချင်း။
မနေ့က အိပ်မက်တွေကို
ဒီနေ့ အကောင်အထည်ဖော်နိုင်ပြီလား။
မနေ့က အမှားတွေကို
ဒီနေ့ ပြင်နိုင်ပြီလား။
မနေ့က မှန်နေတာတွေကို
ဒီနေ့ မှားအောင် လုပ်လိုက်ပြီလား။
ဒါမှမဟုတ်
မနေ့က နေရာမှာပဲ
ဒီနေ့လည်း
ခြေစုံရပ်နေဆဲပဲလား။
သိင်္ဂါကျော်
13.1.2011
9:35 AM
15 comments:
Really like this poem.
ဟုတ်တယ်
ကိုယ့်ကိုယ်ကို ပူလောင်စေတဲ့ မနေ့က အမုန်းတွေလဲ ကိုယ်တော့ မေ့လိုက်ပြီ။
ဥပက္ခာတရားကို လက်ကိုင်ထားလိုက်တယ်..
အမုန်းဆိုတာ ရင်ထဲမှာ သိမ်းဆည်းထားတာထက် ဥပက္ခာပြုလိုက်တာ ပိုအေးချမ်းတယ်
နောက်ပြီးတော့ ကိုယ့်ကို စိတ်ဒုက္ခပေးစေတဲ့နေရာတွေကို လုံးလုံးကို.. ခြေဦးတောင် မလှည့်ဖြစ်တော့ဘူး
ဒီတော့ အရာရာ အေးချမ်းနေရော။ ဘာကိုမှ မမြင်မတွေ့ရတဲ့အတွက် ၂၀၁၁မှာ စိတ်သစ်လူသစ်နဲ့ အဆင်ပြေနေပါတယ်..း)
(ခြေဦးမလှည့်ဘူးဆိုတာက အပူအစပ်သိပ်များတဲ့ မာလာဟင်းဆိုင်တွေနဲ့ ကင်ဆာဖြစ်စေနိုင်တယ်ဆိုတဲ့ အကင်ဆိုင်တွေပေါ့ ) :) :)
ကဗျာလေး လာဖတ်တယ်။ ကြိုက်၏။ ဒီစာသားလေ အထူးသဖြင့် "မနေ့က အမှားတွေကို
ဒီနေ့ ပြင်နိုင်ပြီလား" ပာင့်အင်း... အခုထိ မပြင်ဖြစ်သေးဘူးး)
ကြုက် မိုက်တယ်ဗျ.......
ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ
ကဗျာကလေးကတရားတွေပေးနေတယ်။
ကျေးဇူးပါဗျာ-မနေ့ ကအမှားတွေကိုဒီကနေ့ ဆက်မမှား
အောင်တော့လေ့ကျင့်နေဆဲပါဘဲဗျာ-အိမ်မက်ကလေးတွေ
ကိုအကောင်အထည်ဖေါ်ဖို့ကတော့လောလောဆယ်ဆယ်
မဖြစ်နိုင်သေးတော့ဒီအတိုင်းဘဲထားထားတယ်။
ကောင်းလိုက်တဲ့ ကဗျာလေး
တန်ဖိုးရှိလိုက်တာ..။
မနေ့ကနေရာကနေ
ရပ်မနေဖို့လိုအပ်တယ်။
ကောင်းလိုက်တဲ့ ကဗျာလေး ...
ကြိုက်တယ် ..း)
မနေ့ကထက် ပိုပြီး
ဒီနေ့
ကြိုးစားရမယ် ..
ရင့်ကျက်အောင် နေရမယ် ..
အမှားတွေထဲက အမှန်ရအောင် ပြင်ရမယ် ..
မနေ့က အမှားတွေကို
ဒီနေ့ ပြင်နိုင်ပြီလား။
မနေ့က မှန်နေတာတွေကို
ဒီနေ့ မှားအောင် လုပ်လိုက်ပြီလား။
ဒါမှမဟုတ်
မနေ့က နေရာမှာပဲ
ဒီနေ့လည်း
ခြေစုံရပ်နေဆဲပဲလား။
မနေ့က အမှားတွေလည်း ပြင်ဖို့ ခက်တုန်း
မနေ့က အမှန်တရားတွေ လည်း ဒီနေ့ ကျတော့ ဖရိုဖရဲနဲ့
သေချာတာတစ်ခုကတော့ ကိုယ်ဘယ်နေရာမှာ ရပ်နေတာလဲတောင် ခုထိမသေးတာပါပဲ
ကဗျာလေးက အသိတစ်ခုဆီ ဆွဲယူသွားတယ် ပီးတော့ မီးမောင်းထိုးပြထားတယ် ကဲ မြင်ကြပြီလားလို့ ပြောနေသလိုလို မိုက်တယ်ဗျာ
မနေ့က အမုန်းတွေကို မေ့ပစ်လိုက်ချင်တယ်.. မေ့ပစ်တော့မယ်လို့ ကြိုးစားခဲ့ပြီးကာမှ ဒီနေ့ အသစ်ပြန်ဖြစ်နေတယ်.. မနက်ဖြန်ကျရင်တော့ မေ့တန်ကောင်းပါရဲ့ ..
မနေ့က ဖြစ်ခဲ့တဲ့
မင်းရင်ထဲက အကြိတ်အခဲကို
ဒီနေ့ထိ ချန်မထားနဲ့
သူငယ်ချင်း...။
မနေ့က အမုန်းတွေကို
ဒီနေ့ မေ့ပစ်လိုက်ပါ .....
ကဗျာလေးကို ရွတ်ဆိုရင်း ကိုယ့်ကိုယ်ကိုယ်ပြန်စဉ်းစာမိနေခဲ့တယ်
ကဗျာလေး အရမ်းကောင်းတယ် အစ်မရေ ...
ကဗျာလေး ဖတ်သွားတယ်ဗျာ ကောင်းတယ် မင်္ဂလာနှစ်သစ်ဖြစ်ပါစေ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ကောင်းလိုက်တဲ့ “ အရွေ့ ”...
မနေ့ကရလာဒ်ကောင်းကြောင့် ဒီနေ့ပျော်ရွှင်ချမ်းမြေ့ရတယ်...။
ခင်တဲ့
မိုးငွေ့
ကဗျာလေး ကောင်းတယ်ဗျာ... ဟုတ်ပါတယ်လေ မနေ့ ကနဲ့ ဒီနေ့ ကတော့ မတူနိုင်ပါဘူး။
ရွေ့နိင်အောင်တော့ ရုန်းနေရတာပါပဲ။
Post a Comment