03 April, 2012

ရောက်ခဲ့သမျှ ရိုက်ခဲ့သမျှ ၂ (အမ်စတာဒမ်)

Erasmus Student Network (ESN) က စီစဉ်တဲ့ Excursion လက်မှတ် တစ်စောင် ဝယ်ပြီး မတ်လ ၂၄ ရက်၊ စနေနေ့က Amsterdam ကို သွားဖြစ်ခဲ့ပါတယ်။ Groningen ကနေ Amsterdam ကို ၂ နာရီလောက် သွားရပါတယ်။

သွားတဲ့လမ်းမှာ ဘတ်စ်ကားပေါ်က လမ်းရိုက်ထားတာပါ။


ရောက်သွားတော့ ထုံးစံအတိုင်း ဥရောပ ရှေးဟောင်း အဆောက်အအုံတွေကို တွေ့သမျှ စရိုက်ပါတော့တယ်။  ပြီးတော့ မြို့ကို ဖြတ်စီးနေတဲ့ တူးမြောင်းတွေနဲ့ ကမ်းဘေးက အဆောက်အအုံတွေ..။ ကိုယ်နေတဲ့ မြို့ကလေးနဲ့ မတူပဲ နယ်သာလန်ရဲ့ မြို့တော်ပီပီ စနေနေ့မှာ ကိုယ်တို့လိုပဲ တစ်မြို့လုံး လမ်းလျှောက် ပတ်နေတဲ့ Tourist တွေနဲ့ တစ်မြို့လုံး စည်ကားနေပါတယ်။


Dam Square








ဒတ်ခ်ျ ပန်းချီဆရာ Rembrandt ရဲ့ ရုပ်ထုပါ။

ရုပ်ရှင်ရုံပါ။



မနက် ၁၀ နာရီခွဲ စရောက်ကတည်းက မြို့ကို တစ်ပတ်ပတ်ကြည့်တာ စုံသလောက်ရှိတော့ ဗန်ဂိုးပြတိုက်ကို သွားကြပါတယ်။ လက်မှတ်ထဲမှာ ဗန်ဂိုး ပြတိုက် ဝင်ကြေးလည်း ပါပြီးသားပါ။ ပြတိုက်ထဲမှာတော့ ဓါတ်ပုံမရိုက်ရတော့ အပြင်မှာပဲ တစ်ပုံ နှစ်ပုံ ရိုက်ခဲ့ပါတယ်။

တကယ်တော့ အတွင်းမှာ တယ်လီဖုန်းနဲ့ ခိုးရိုက်ခဲ့ပါသေးတယ်။ ဒါပေမယ့် ကိုယ့်ဖုန်းက iphone လည်းမဟုတ် လက်ကလည်း မငြိမ်တော့ ဝါးတားတားတွေ များပြီး သိပ်ကောင်းကောင်း မရခဲ့ပါဘူး။ ဘာရယ်တော့ မဟုတ်ဘူး၊ အမှတ်တရ ရိုက်ချင်လို့ပါ။ နာမည်ကျော် အာလူးစားသူများ ပန်ချီကားကိုတော့ ရိုက်ခဲ့တာ ဝါးသွားလို့.. နောက်တစ်ခါ ထပ်ရိုက်ဖို့လည်း အဲဒီရှေ့မှာ ကြည့်တဲ့သူတွေ များနေတာနဲ့ ရိုက်ဖို့ မရဲတော့လို့ မရိုက်ခဲ့ရတော့ဘူး.. ဟီးး။







ဗန်ဂိုးပြတိုက်က ထွက်ပြီးတော့ အဖွဲ့နဲ့ မဟုတ်ပဲ ကိုယ်ပိုင် သွားချင်ရာ သွားဖို့ အချိန်ရပါတယ်။ ကိုယ်က ပန်းခြံ တစ်ခုနဲ့ အမ်စတာဒမ်က မဒမ်တူးဆော့ ပြတိုက်ထဲ ဝင်ကြည့်ခဲ့ပါတယ်။
ညနေ ၆ နာရီခွဲ Dam Square မှာ အဖွဲ့ ပြန်ဆုံပြီး Pizza & Pasta ဆိုင်တစ်ဆိုင်ကို သွားပြီး ညနေစာ စားကြပါတယ်။ ပြီးတော့ Groningen ကို ပြန်လာကြတာ ည ၁၀ နာရီခွဲလောက်မှာ ပြန်ရောက်ခဲ့ပါတယ်။


သိင်္ဂါကျော်

6 comments:

ရင်ဆူး said...

မရောက်ဖူးဘူး...သွားချင်လိုက်တာ....အခုလိုပုံတွေတင်ပေးလို့ ကျေးဇူးပါဗျာ......ကိုယ်တိုင်ရောက်သွားသလိုပါဘဲ...

Anonymous said...

နယ်သာလန် ဘောလုံးအသင်းက ဂျူကြိုက်တဲ့ နိုင်ငံတကာအသင်း တသင်းပေါ့။
မြို့လေးက ချစ်ဖွယ်။
ဟုတ်တယ် ရောက်ဖူးချင်တယ်။း))

ဂျူ

kokoseinygn said...

ပုံတွေကောင်းတယ်

စံပယ်ချို said...

VAN GOGH ပြတိုက်ကိုတော့ရောက်ဖူးချင်တယ်တစ်ကယ်ပါ
ခုမရောက်ပေမယ့်ပုံလေးတွေကြည့်ရတော့ပိုပြီးသွားချင်မိတယ်
ပုံတွေအားလုံးအရမ်းကောင်းတယ်
ပြတိုက်ထဲကပုံလေးတွေလဲ အဆင်ပြေပါတယ်

Anonymous said...

ကိုယ်တိုင်ရောက်ခဲ့ရသလိုပါပဲ

မောင်ဘကြိုင်

San San Htun said...

တော်တော်လှတယ်..ရောက်ဖူးချင်ပါရဲ့ 