16 April, 2012

နွေဦးရဲ့ ပန်းများနဲ့ နှစ်သစ်ကို ကြို

ပိတောက်ပန်းတွေ မရိုက်နိုင်တဲ့ နေရာမှာ လောလောဆယ်ဆယ် ရောက်နေတဲ့ အတွက် ရောက်ရာ အရပ်က ပန်းတွေကိုပဲ အားရပါးရ ရိုက်ပြီး တင်လိုက်ပါတယ်။
မြန်မာ နှစ်သစ်ကူးကို လှသော မွှေးသော ပန်းများနဲ့ပဲ ကြိုဆိုလိုက်ပါတယ်...။
ဘလော့ဂါ သူငယ်ချင်း မိတ်ဆွေ အပေါင်း.. အလည်လာရောက်သူ အားလုံး နှစ်သစ်မှာ ကောင်းသော လိုအင်ဆန္ဒ အားလုံးနဲ့ ပြည့်စုံပြီး မင်္ဂလာအပေါင်းနှင့် ခညောင်းကြပါစေ...။ လာမယ့် တစ်နှစ်လုံးမှာလည်း အစစအရာရာ အဆင်ပြေ ချောမွေ့ သာယာသော ဘဝရဲ့ နှစ်တစ်နှစ် ဖြစ်ကြပါစေ..။


ဟော်လန်နိုင်ငံရဲ့ နာမည်ကျော် ဥယျာဉ်တစ်ခု ဖြစ်တဲ့ Keukenhof မှာ ရိုက်ခဲ့တဲ့ ပုံလေးတွေပါ။



 






အောက်ပုံက အဖြူရောင် ပန်းကလေးတွေက Hyacinthus ခေါ်တယ်တဲ့။ အရောင်စုံ ရှိတယ်။ အဲဒီပန်းလေးတွေရဲ့ အနံက အရမ်းမွှေးတယ်။ သင်းသင်းလေး..။
ပန်းခင်းတွေ ကြားထဲ လျှောက်သွားရင် မွှေးတဲ့ ရနံလေး ရနေတယ်။ အရမ်းကြိုက်လို့ အပင်လေးတွေတောင် ဝယ်စိုက်ထားသေးတယ်။







 အဝါရောင် daffodil တွေနဲ့ မွှေးတဲ့ ပန်းကလေးတွေ...။














 ဒီပန်းကလေးတွေကလည်း မွှေးတဲ့ ရနံ ရှိတယ်..။

သိင်္ဂါကျော်

10 comments:

စံပယ်ချို said...

ဝါး----လှလိုက်တာ
ယော်လန်နိုင်ငံက ပန်းလေးတွေကိုတစ်ဝကြီး
ကြည့်ခဲ့ပါပြီရှင်
မြန်မှာနှစ်သစ်မှာ ပျော်ရွှင်ပြီး ကျန်းမာပါစေ

စံပယ်ချို said...

တစ်ချို့ပုံလေးတွေကူးယူထားပါတယ်

မဒမ်ကိုး said...

မကြီးရယ် လှလိုက်တာ .အိမ်မက်ထဲကပန်းခင်းကြီးလိုဘဲ .
အရင်ကဒါတွေကိုဂူးဂဲမှာဘဲ ရှာလို့ရတာနော်
ခုတော့မကြီးကိုယ်တိုင်ကြည့်ခွင့်ရပြီပေါ့
လှလိုက်တာများ ကော်ပန်းတွေစီထားသလားတောင်မှတ်ရတယ်
တခါလောက်သာရောက်ဖူးရင်သေပျော်ပါပြီမကြီးရေ

ချစ်တဲ့

ဒိုးကန်

Cameron said...

ဘုရားရေ...လှလိုက်တဲ့ ပန်းတွေ...။ အကုန်ကြိုက်လို့ လိုတဲ့အချိန်လာယူမယ်နော်..။

ဟန်ကြည် said...

ပန်းလေးတွေကြည့်ရတာ ရင်ထဲကို အေးချမ်းသွားတာပါကလား...တစ်ပတ်တစ်ခါလောက်သာ ပန်းခင်းထဲမှာ သွားနေရရင် အသက်တော်တော်ရှည်လာမယ်ထင်ပါရဲ့..

phoe said...
This comment has been removed by the author.
Anonymous said...

မသိဂါင်္ .. ၀ယ်စိုက်ထားတဲ့ အပင်ပုံလေးလဲ ပြပါဦး ..
း)

ဂျူ

လင်းဒီပ said...

ပန်းတွေ ပန်းတွေ
နှစ်သစ်မှာ ငြိမ်းချမ်းကြည်ရွှင်ကြပါစေ...

ရင်ဆူး said...

ပန်းတွေက မိုက်လိုက်တာဗျာ.....နည်းတာမဟုတ်ဘူး.....တော်တော်လှတယ်......ဟော်လန်လည်း ပန်းမျိုးစုံတာဘဲနော်....

လွင်ပြင်လှိုင်းငယ် said...

ပန်းလေးတွေ အရမ်းလှတာပဲ...ရိုက်တဲ့သူရဲ့ ဓါတ်ပုံလက်ရာကလဲ ပညာရှင်တစ်ယောက်ပါပဲ