ဒီတစ်ပတ်ပိတ်ရက်မှာ ခရီးသွားနေလို့ စာမရေးဖြစ်တာပါ။ ဘလော့နဲ့ အဆက်မပြတ်ချင်လို့ နည်းနည်း ကလေးဆန်ပေမယ့် အတွေးလေးကို သဘောကျမိတဲ့ ငယ်ငယ်က ကဗျာလေး တစ်ပုဒ်တင်လိုက်ပါဦးမယ်။
ပစ်သံခတ်သံကြားမှာ
ပြိုလဲသွားတဲ့
သက္ကရာဇ်တွေ
တအိအိ ပြိုကျနေကြ
မနက်နဲ့ညတွေ
တစ်နာရီ၊ တစ်နာရီမှာ
ပြောင်းပြောင်းသွားကြတဲ့ ဘဝတွေ…။
မနက်၊ ည …
နာရီ၊ မိနစ် …
သက္ကရာဇ် …
အားလုံးအိုသွား
သေဆုံးသွား
ပြီးတော့…
မွေးဖွား
လည်ပတ်
ရာစုတွေ ဆက်ခဲ့…။
ချိုးဖြူငှက်နဲ့
အနုမြူရဲ့ကြား
ဘဝခါးခါးတွေ
မစားချင်ပဲ စားနေရ
ဘဝများများဟာ
မပြောင်းချင်ပဲ ပြောင်းနေရ။
မတည်မငြိမ်တဲ့
ဒီလောကထဲ
အမြဲတမ်းမဟောင်း
ထာဝရရှင်သန်တာ …
မသေတဲ့ ကဗျာ။
(သိင်္ဂါကျော်)
ပုံကို http://farm3.static.flickr.com မှ ယူထားပါတယ်။