07 June, 2009

ပုသိမ်မိုး

မိုး မိုး
မျှော်တုန်းကတော့ မလာ မလာ နဲ့
လာပြန်တော့လည်း
သည်းသည်းမည်းမည်း
မိုးဖြူမစဲ မိုးမည်းစွေရွာလို့။

အသည်းခွဲတတ်တဲ့
မိုးနာမည်နဲ့ ချစ်သူမျိုးလည်း
မရှိခဲ့ဖူးပါပဲ
မိုးကို
ငါမုန်းတယ်။

ဇွန် ဇူလိုင်
မိုးနဲ့အမြဲမိတ်ဖွဲ့နေတတ်တဲ့ လမျိုး
အဲဒီလိုလမျိုးမှာ
အားလုံးနဲ့အဝေး
တစ်စိမ်းတို့ အရပ်မှာ
မိုးကလည်း သည်းသည်းရွာလို့ကောင်းတဲ့
Weekend days တွေမှာ
ငါလည်း
တစ်နေကုန် အိမ်တွင်းအောင်းပြီး
မိုးကြောက်တဲ့ သတ္တဝါလို
အထီးကျန် တွေးရင်းငေးရင်း
လွမ်းစရာ မရှိပါပဲ
လွမ်းချင်သလိုလိုတောင်
ဖြစ်လာပါရော...။

(သိင်္ဂါကျော်)
၇.၆.၂၀၀၉

2 comments:

Unknown said...

ဟိတ်ကောင်...မိုက်တယ်ကွာ..
ဒီကဗျာလေးကို ဖတ်ရတာ...
ဘာရယ်တော့ မသိဘူး..
တမျိုးပဲ ခံစားရတယ်..
ထပ်ရေးဦး
အားပေးတယ်...
နင့်ကို မြင်ယောင်ပြီး လွမ်းမိတာတော့..
အမှန်ပဲဟ..

Unknown said...

လွမ်းလွမ်းလွမ်း......နေတယ်
နင့်ကိုရော .......ကိုရော အဟိ