04 July, 2011

လ နှစ်ချောင်းငင် ထဲက ငါ


“သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ” ဆိုတာ
မဖြစ်သင့်ဘူး ဆိုလို့
သင် မကောင်းလည်း ကျွန်ုပ်ကောင်းဖို့
ကြိုးစား နေရင်းနဲ့ပဲ..
ခန္တီစ က နည်း နည်း နေတယ်။

အော်တို တွေ များတဲ့ ဒီခေတ်ထဲမှာ
ငါ့စိတ်ကလည်း
အော်တို မိုးခါးရေ မသောက်နိုင်လို့
ခက် ခက် နေပေါ့။

ပင်ပင်ပန်းပန်း ပြေးလို့မှ
လွတ် မလွတ် မသေချာရင်
ထိုင်ပြီး အသေခံလိုက်မယ် တဲ့
တစ်ယောက်ကလည်း ပြောဖူးတယ်။

ငါကတော့ ခုချိန်ထိ
ခေတ်လွန် မြို့ပျက်ထဲက သူရဲကောင်းလို
ဘာမသိ ညာမသိနဲ့
လာသမျှ ရန်သူတွေကို တိုက်တိုက် နေရတယ်။

သိင်္ဂါကျော်


12 comments:

ahphyulay said...

အင်း..
ဆုံးသွားတော့ မှ ...
လောကကြီးကို အလိုမကျနေမှန်း
သိတော့ တယ်လေ ..။
အလိုမကျရင်၊ နဂိုကမှ၊ ကိုယ်က
ဟိုတစ်စ၊ ဒီတစ်စ ထိမှန်လာတာတွေအား
လုံးကို သိမ်းကြုံး လက်ခံထားခဲ့ တာကိုးလို့ ။
ထင်တာလေး ပြောတာပါနော်....။

mstint said...

တူညီတဲ့ တန်ပြန်မှုပေါ့ကွယ်။ တကယ်တော့ သည်းခံမှုဆိုတာလည်း အတိုင်းအတာတစ်ခုအထိပဲ မဟုတ်လား။ စိတ်ဓာတ်အစဉ် ကြည်လင်အေးချမ်းပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

Angelhlaing(May everybody be happy and healthy! said...

တစ်ခါတစ်ခါ မမလိုပဲ..." သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ " ဆိုတာ မဖြစ်သင့်ဘူးဆိုလို့ သင်မကောင်းလည်း ကျွန်ုပ်ကောင်းဖို့ ကြိးစားနေရင်းနဲ့ပဲ..ခန္တီစ ကနည်းနည်း နေတယ်...:):)
ခံစားအားပေးလျှက်ပါမမ...

ချစ်ခြင်းအလင်္ကာ said...

ငါကတော့ခုချိန်ထိ
ခေတ်လွန်မြို့ပျက်ထဲ့ သူရဲကောင်းလို
ဘာမသိ ညာမသိနဲ့
လာသမျှ ရန်သူတွေကို..တိုက်တိုက်နေရတယ်
...............
ဟူးးးးး
ကောင်းလိုက်တဲ့.စာပိုဒ်

အားပေးသွားပါတယ်..
ခင်မင်လျှက်
ချစ်ခြင်းအလကာင်္

စံပယ်ချို said...

အစကနေ အဆုံးထိအားလုံး ကောင်းတယ်..
ချမ်းမြေ့ပါစေရှင်။

ပန်းချီ said...

ဟုတ်တယ်..လူဖြစ်ရတဲ့ ဒုက္ခကမသေးဘူးရယ်..။ ကဗျာလေးထဲမှာ ဘဝအမောတွေတွေ့လိုက်ရတယ် မသိင်္ဂါရေ..။ ချမ်းမြေ့ပါစေ..။

သူကြီးမင်း (တုံးဖလား) said...

အင်းးး
လောကမှာ အပင်ပန်းဆုံးအလုပ်က သည်းခံခြင်းအလုပ်ဘဲ။ သည်းမခံနိုင်ပေမဲ့ ကြိတ်မှိတ်ဟန်ဆောင်ပြီး သည်းခံနေရတာကလား။
သည်းခံတယ်ဆိုတဲ့ စကားကတောင် သည်းသည်းလှုပ်လှုပ် ခံစားနေရတာကို ပြောတာ ထင်ပါရဲ့။ ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ခင်မင်လျက်

မင်းဧရာ said...

ကဗျာ အစအဆုံးက ဘ၀ တစ်ခုလုံးကို
ခြုံသွားသလိုပဲ မျှဝေခံစားသွားပါတယ်။

ကိုအောင်(ပျူနိုင်ငံ) said...

ရန်သူတွေ လာရင် မတိုက်နဲ့ သရေကွင်းနဲ့ ပစ် ... :P

သံယောဇဉ် said...

ရင်တွင်းဖြစ်တွေကို
လာေ၇ာက်ဖတ်ရှုပြီး
အားပေးသွားပါတယ်။

dreamerlay said...

လာလည်ရင်းနဲ့ဒီကဗျာလေးဖတ်မိတော့ `လ နှစ်ချောင်းငင် ထဲက ငါ´တို့ဖြစ်ရတာ ပင်ပန်းလိုက်လေခြင်း လို့တွေးမိတယ်။ ခံစားအားပေးသွားပါတယ်။

လင်းဒီပ said...

ကမ္ဘာကြီး ပူနွေးလာလို့ ခန္တီစတွေ ခန်းလာတာ နေပါလိမ့်မယ် ။ :D