06 July, 2011

ကိုယ့်ဘဝရဲ့ ရာသီများ

 
နွေရာသီ အပူရှိန်က သဲပြင်ကို ဆူပွက်စေသလို
ဆောင်ဦးရဲ့ သစ်ရွက်တွေ မြေပြင်ပေါ် ကြွေကျသလို
ဆောင်းရာသီရဲ့ မိုးက သစ်စေ့တွေကို နိုးထစေသလို
နွေဦးရဲ့ ပန်း ရနံ့မွှေးတွေ ပျံနှံ့စေသလို
မင်းဟာ ငါ့ဘဝရဲ့ ရာသီတွေကို ပေါင်းစပ်ထားသူပါ။



သိင်္ဂါကျော်

Mustafa Tamboulat. ၏  My Life's Seasons ကို ပြန်ဆိုပါသည်။


13 comments:

sosegado said...

လေးရာသီဆိုတော့ ချစ်သူကမြန်မာပြည်က မဟုတ်ဘူးထင်တယ်

Anonymous said...

ရောက်လာတယ်အစ်မရေ
အခုမှကဗျာလေးတွေလာဖတ်ဖြစ်တယ်ဗျာ
နောက်ပိုင်း ကဗျာလေးတွေဝေစီနေတယ်နော်
း) ကျန်းမာပျော်ရွှင်ပါစေဗျာ

မောင်ဘကြိုင်
နေပြည်တော်မှလာသည်

စံပယ်ချို said...

ဆောင်းဦးကိုလဲချစ်တယ်.
ဆောင်းကိုလဲချစ်တယ်
ကဗျာလေးကိုလဲခံစားသွားတယ်...
ချမ်းမြေ့ပါစေရှင်။ ။

အဖြူရောင်နတ်သမီး said...

ရာသီပေါင်းလေး ခံစားသွားတယ်မကြီးရေ...

အဖြူရောင်နတ်သမီး said...

ရာသီပေါင်းလေး ခံစားသွားတယ်မကြီးရေ...

မေသိမ့်သိမ့်ကျော် said...

ကဗျာလေးက တိုတိုလေး နဲ့ ထိထိမိမိလေး။ ကြိုက်နှစ်သက်တယ်။ ခံစားမိတယ်ရှင်။

ခင်မင်လေးစားလျက်

Angelhlaing(May everybody be happy and healthy! said...

မမရေ ကဗျာလေး ခံစားအားပေး သွားတယ်လို့..
ကောင်းသောနေ့လေး ဖြစ်ပါစေမမ..

ပန်းချီ said...

ကဗျာလေးကတိုသလောက် ချစ်စရာကောင်းလိုက်ပါဘိတော့း)

mstint said...

ကဗျာလေးနဲ့ ပုံလေးလိုက်ဖက်တယ်။
ပျော်ရွှင်ပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးယံ said...

ဒီကဗျာလေး မိုက်တယ်.. ငယ်ငယ်ကတည်းက သုံးရာသီ ကဗျာတွေထဲပဲ ကျင်လည်ခဲ့တော့ အခုကျ အသစ်တွေ့ရတာပေါ့။

may16 said...

ကဗျာလေးက တိုတိုလေးနဲ့ ထိမိတယ် မသိင်္ဂါ.

ngenge said...

Teacher, I am looking forward to reading stories more..

kokoseinygn said...

ခံစားချက်နဲ့ပြန်ဆိုလိုက်တော့
ရင်းတွင်းဖြစ်ကိုဖတ်လိုက်ရသလိုဘဲ....